ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းပါဝင်မည် - Property News in Myanmar from iMyanmarHouse.com
1145 Views

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းပါဝင်မည်

[Unicode]

ရန်ကုန်မြို့သစ်ပထမအဆင့် စီမံကိန်းတွင် စက်မှုဇုန်အပြင် တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ များပါဝင်မည် ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မကြာခင် ဆွစ်ယှဉ်ပြိုင်တင်ဒါခေါ်ယူတော့မည့် ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း ၁ မှာ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် ထည့်သွင်းမည်သွားမည်ဟု ဝန်ကြီးဌာနက တင်ဒါကြီးကြပ်အကြံပေး ကုမ္ပဏီ ဖြစ်သည့် ဂျာမဏီ Roland Berger Pte. Ltd.ကို ငှားရမ်းသည့် စာချုပ်ချုပ်ဆိုပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် မြို့တော်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် ထိုလုပ်ငန်းများသည် စီးပွားရေးအဖြစ် ရပ်တည်နိုင်စွမ်းသည့်အတွက်ဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ထိုစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

ရန်ကုန်တိုင်း အစိုးရပိုင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) သည် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ဘေဂျင်းအခြေစိုက် China Communications Construction Company, Ltd. (CCCC) နှင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ (ကျပ် ၂.၀၃ ထရီလျံ) တန် မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ဧက ၂ သောင်း (၈၁၀၀ ဟက်တာ) ကျယ်သော ရန်ကုန်မြို့သစ် စီမံကိန်းတွင် ဒေသခံများအတွက်လူနေ ဧရိယာ ၅ ခု၊ တံတား နှစ်စင်း၊ စက်မှုဇုန်တခုနှင့် စီးပွားရေးနှင့် တခြား လူနေဧရိယာများနှင့် ဆက်စပ် အခြေခံအဆောက်အအုံများ ပါဝင်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း (အပိုင်း ၁) ၏ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံရှိမည်ဟု ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၉ ခုနှစ် စီမံကိန်း လမ်းညွှန်ဖြစ်သည့် Yangon Project Bank က ခန့်မှန်းထားသည်။

စီမံကိန်းသစ်တွင် ၃ စတုရန်းကီလိုမီတာကျယ်သည့် စက်မှုဇုန်တခု၊ ရန်ကုန်ဖက်ကမ်း ကြည့်မြင်တိုင်နှင့် ရန်ကုန်မြို့သစ်ကို ဆက်သွယ်မည့် တံတားတခုနှင့် ဒေသခံများအတွက် လူနေဧရိယာ ၅ ခု၊ ၉ စတုရန်း ကီလိုမီတာကျယ်သော လူနေနှင့် စီးပွားရေး ဧရိယာများ ပါဝင်မည်ဖြစ်သည်။ ထိုစက်မှုဇုန်သည် မူလက ရည်ရွယ်ထားသည့် ၁၃ စတုရန်းကီလိုမီတာအကျယ် ရှိသည့် စက်မှုဇုန်၏ အစိတ်အပိုင်းဖြစ်သည်။

ယခု ၃ စတုရန်းကီလိုမီတာကျယ်သော စက်မှုဇုန်သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အစိုးရ၏ အရေးပေါ် စီမံကိန်းဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အောက်တွင် အကျုံးဝင်သည်။ CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှ တောင်ဖက် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်တို့ကို ဆက်သွယ်မည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ပထမအဆင့္တြင္ တန္ဖိုးနည္းအိမ္ရာစီမံကိန္းပါဝင္မည္

ရန္ကုန္ၿမိဳ႕သစ္ပထမအဆင့္ စီမံကိန္းတြင္ စက္မႈဇုန္အျပင္ တန္ဖိုးနည္းအိမ္ရာမ်ားႏွင့္ အေထာက္အကူျပဳ အေျခခံအေဆာက္အအုံ မ်ားပါဝင္မည္ ျဖစ္သည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

မၾကာခင္ ဆြစ္ယွဥ္ၿပိဳင္တင္ဒါေခၚယူေတာ့မည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အပိုင္း ၁ မွာ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ရန္ ထည့္သြင္းမည္သြားမည္ဟု ဝန္ႀကီးဌာနက တင္ဒါႀကီးၾကပ္အၾကံေပး ကုမၸဏီ ျဖစ္သည့္ ဂ်ာမဏီ Roland Berger Pte. Ltd.ကို ငွားရမ္းသည့္ စာခ်ဳပ္ခ်ဳပ္ဆိုပြဲတြင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္ ၿမိဳ႕ေတာ္ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းသစ္တြင္ပါဝင္သည့္ လုပ္ငန္းစီမံကိန္းမ်ားအနက္ ထိုလုပ္ငန္းမ်ားသည္ စီးပြားေရးအျဖစ္ ရပ္တည္ႏိုင္စြမ္းသည့္အတြက္ျဖစ္သည္ဟု အဆိုပါဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ထိုစီမံကိန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ ပြင့္လင္းျမင္သာမႈ၊ တရားမွ်တမႈႏွင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္း႐ွိမႈတို႔ကို အေလးထား ေဆာင္႐ြက္သြားမည္ ျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

ရန္ကုန္တိုင္း အစိုးရပိုင္ ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီ (NYDC) သည္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ရန္ ေဘဂ်င္းအေျခစိုက္ China Communications Construction Company, Ltd. (CCCC) ႏွင့္ အေမရိကန္ေဒၚလာ ၁.၅ ဘီလ်ံ (က်ပ္ ၂.၀၃ ထရီလ်ံ) တန္ မူေဘာင္သေဘာတူညီခ်က္ကို ၂၀၁၈ ခုႏွစ္က လက္မွတ္ေရးထိုးခဲ့သည္။ ဧက ၂ ေသာင္း (၈၁၀၀ ဟက္တာ) က်ယ္ေသာ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းတြင္ ေဒသခံမ်ားအတြက္လူေန ဧရိယာ ၅ ခု၊ တံတား ႏွစ္စင္း၊ စက္မႈဇုန္တခုႏွင့္ စီးပြားေရးႏွင့္ တျခား လူေနဧရိယာမ်ားႏွင့္ ဆက္စပ္ အေျခခံအေဆာက္အအုံမ်ား ပါဝင္သည္။

ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္း (အပိုင္း ၁) ၏ စုစုေပါင္း ကုန္က်စရိတ္မွာ အေမရိကန္ ေဒၚလာ ၈ ဘီလီယံ႐ွိမည္ဟု ရန္ကုန္တိုင္းအစိုးရ၏ ၂၀၁၉ ခုႏွစ္ စီမံကိန္း လမ္းၫႊန္ျဖစ္သည့္ Yangon Project Bank က ခန္႔မွန္းထားသည္။

စီမံကိန္းသစ္တြင္ ၃ စတုရန္းကီလိုမီတာက်ယ္သည့္ စက္မႈဇုန္တခု၊ ရန္ကုန္ဖက္ကမ္း ၾကည့္ျမင္တိုင္ႏွင့္ ရန္ကုန္ၿမိဳ႕သစ္ကို ဆက္သြယ္မည့္ တံတားတခုႏွင့္ ေဒသခံမ်ားအတြက္ လူေနဧရိယာ ၅ ခု၊ ၉ စတုရန္း ကီလိုမီတာက်ယ္ေသာ လူေနႏွင့္ စီးပြားေရး ဧရိယာမ်ား ပါဝင္မည္ျဖစ္သည္။ ထိုစက္မႈဇုန္သည္ မူလက ရည္႐ြယ္ထားသည့္ ၁၃ စတုရန္းကီလိုမီတာအက်ယ္ ႐ွိသည့္ စက္မႈဇုန္၏ အစိတ္အပိုင္းျဖစ္သည္။

ယခု ၃ စတုရန္းကီလိုမီတာက်ယ္ေသာ စက္မႈဇုန္သည္ ကိုဗစ္-၁၉ ျဖစ္ပြားမႈေၾကာင့္ ျပည္ပမွ ျပန္လည္ေရာက္႐ွိလာေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးရန္ အစိုးရ၏ အေရးေပၚ စီမံကိန္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းသည္ တ႐ုတ္-ျမန္မာ စီးပြားေရး စႀကၤန္ (CMEC) ၏ အစိတ္အပိုင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ၏ ရပ္ဝန္းႏွင့္ လမ္းအစီအစဥ္ (BRI) ေအာက္တြင္ အက်ံဳးဝင္သည္။ CMEC သည္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံအလယ္ပိုင္း မႏၲေလးမွ ေတာင္ဖက္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႏွင့္ အေနာက္ဖက္တြင္ ေက်ာက္ျဖဴအထူး စီးပြားေရးဇုန္တို႔ကို ဆက္သြယ္မည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service