ကမ္ဘာလုံးဆိုင်ရာ Covid-19 ညွှန်းကိန်းတွင် မြန်မာအဆင့် ၁၀၀ အောက်ထိကျဆင်း - Property News in Myanmar from iMyanmarHouse.com
1274 Views

ကမ္ဘာလုံးဆိုင်ရာ Covid-19 ညွှန်းကိန်းတွင် မြန်မာအဆင့် ၁၀၀ အောက်ထိကျဆင်း

[Unicode] ကမ္ဘာလုံးဆိုင်ရာ Covid-19 ညွှန်းကိန်း Global Covid-19 Index (GCI) ကို နိုင်ငံတကာအစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် ကပ်ဘေးကာလတွင် မှန်ကန်သည့် အချက်အလက်များအပေါ် အခြေခံကာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချနိုင်ရန် ရည်ရွယ်ကာ လေ့လာထုတ်ပြန်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

မလေးရှားအခြေစိုက် PEMANDU Associates က မလေးရှား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးဌာန (MOSTI) ၊ မလေးရှားကုမ္ပဏီကြီးတစ်ခုဖြစ်သော Sunway Group တို့နှင့် ပူးပေါင်းကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံရှိ ယုံကြည်စိတ်ချရသော အတည်ပြုနိုင်သည့် သတင်းရင်းမြစ်များမှ အချက်အလက်များအပေါ် အခြေခံကာ ကမ္ဘာလုံးဆိုင်ရာ Covid-19 ညွှန်းကိန်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂ လခန့်က အဆိုပါ ညွှန်းကိန်းတွင် ပါဝင်သည့်ကဏ္ဍတစ်ခုဖြစ်သော ရောဂါပျောက်ကင်းသူပမာဏညွှန်းကိန်းတွင် အဆင့် ၂၀ နေရာတွင် ရပ်တည်ခဲ့ပြီး စင်္ကာပူကို ဖြတ်ကျော်ကာ များစွာ အခြေအနေကောင်းခဲ့သည်။

သို့သော် စက်တင်ဘာလအတွင်းတွင်ကား လူပေါင်း ၂၄၀၀၀၀ ကျော် ကူးစက်ခံရကာ ၄၀၀၀ နီးပါး သေဆုံးမှုဖြစ်နေသည့် ဖိလစ်ပိုင်နိုင်ငံအောက်သို့ပင် အဆင့်ကျဆင်းသွားကာ စက်တင်ဘာ ၁၀ ရက်နေ့ အချက်အလက်များအရ အဆင့် ၁၁၆ နေရာအထိ ထိုးကျသွားသည်။ ဖိလစ်ပိုင်မှာ စက်တင်ဘာ ၁၀ ရက်တွင် အဆင့် ၇၉ နေရာ၌ ရပ်တည်နေသည်။

GCI ညွှန်းကိန်းမှ ရောဂါပျောက်ကင်းသူပမာဏ ညွှန်းကိန်းတွင် သြစတေးလျနိုင်ငံသည် ညွှန်းကိန်းမှတ် ၈၅ ဒသမ ၉၀ ဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်။ ရောဂါပျောက်ကင်းသူပမာဏ ညွှန်းကိန်းတွင် ထိပ်ဆုံး ၅ နိုင်ငံမှာ.....

(၁) သြစတေးလျ - ရမှတ် ၈၅ ဒသမ ၉၀

(၂) ထိုင်း- ၈၂ ဒသမ ၅၅

(၃) ဒိန်းမတ် ၈၂ ဒသမ ၄၄

(၄) မလေးရှား ၇၉ ဒသမ ၈၃

(၅) ထိုင်ဝမ် ၇၈ ဒသမ ၇၃ တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ ရောဂါပျောက်ကင်းမှု ညွှန်းကိန်းမှတ်မှာ ၄၆ ဒသမ ၂၃ ရရှိထားသည်။ (မှတ်ချက်။ အမှတ် ၁၀၀ သည် အကောင်းဆုံး အခြေအနေဖြစ်ပြီး ၀ မှတ်မှာ အဆိုးဆုံး အခြေအနေကို ရည်ညွှန်းသည်။ အမှတ်များလေ အခြေအနေကောင်းလေ)

Covid-19 ကူးစက်ခြင်း ပြင်းထန်မှု အခြေအနေညွှန်းကိန်းမှတ်အဖြစ် မြန်မာသည် ၂၁ ဒသမ ၀၇ မှတ် ရရှိထားသည်။(မှတ်ချက်။ ၀ မှတ်သည် အကောင်းဆုံး အခြေအနေဖြစ်ပြီး ၁၀၀ မှတ်သည် အဆိုးရွားဆုံး အခြေအနေဖြစ်သည်။ အမှတ်များလေ အခြေအနေဆိုးလေ)

မြန်မာနိုင်ငံ၏ Covid-19 ကိုင်တွယ်မှု စည်းမျဉ်းတင်းကြပ်ခြင်းညွှန်းကိန်းမှာ ၇၈ ဒသမ ၂၆ ရရှိထားသည်။ (မှတ်ချက်။ အမှတ် ၁၀၀ သည် စည်းမျဉ်းအတင်းကြပ်ဆုံးနိုင်ငံဖြစ်ပြီး ၀ မှတ်မှာ စည်းမျဉ်းအလျော့ရဲဆုံးနိုင်ငံ ဖြစ်သည်)

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီတွင်ကား အဆင့် ၁ ဆင့် ဆက်လက်ကျဆင်းသွားခဲ့ပြန်ရာ အဆင့် ၁၁၇ သို့ ရောက်ရှိသွားသည်။

(စက်တင်ဘာ ၁၀ ရက်၊ ည ၈ နာရီအချိန် မြန်မာနိုင်ငံ၏ ရပ်တည်မှု)

ပြန်လည်ကျန်းမာသွားသူညွန်းကိန်း ၄၅ ဒသမ ၉၂

ရောဂါဖြစ်ပွားခြင်း ပြင်းထန်မှု ညွန်းကိန်း ၂၁ ဒသမ ၀၈ (၀ မှာ အကောင်းဆုံးဖြစ်ပြီး ၁၀၀ မှာ အဆိုးဆုံး)

Covid-19 စည်းမျဉ်းတင်းကြပ်မှုညွှန်းကိန်း ၇၈ ဒသမ ၂၆ (၁၀၀ မှာ အတင်းကြပ်ဆုံး၊ ၀ မှာ လျော့ရဲမှုအရှိဆုံး) ပြန်လည်ကျန်းမာသွားသူညွှန်းကိန်းတွင် မြန်မာနှင့် အခြေအနေနီးစပ်သည့် နိုင်ငံများမှာ ကင်ညာနှင့် အီဂျစ်တို့ဖြစ်ပြီး ညွှန်းကိန်းမှတ် ၄၉ ဒသမ ၃၆ နှင့် ၅၁ ဒသမ ၈၀ အသီးသီးရှိကြသည်။

စက်တင်ဘာ ၁၁ ရက်နေ့ အချက်အလက်များအရ မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ ၂၁၅၀ ဦး၊ သေဆုံးသူ ၁၄ ဦးရှိပြီး ပြန်လည်ကျန်းမာသွားသူမှာ ၆၂၅ ဦး ရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: covid19.pemandu.org.....

 

[Zawgyi]

ကမ႓ာလုံးဆိုင္ရာ Covid-19 ၫႊန္းကိန္းတြင္ ျမန္မာအဆင့္ ၁၀၀ ေအာက္ထိက်ဆင္း

ကမ႓ာလုံးဆိုင္ရာ Covid-19 ၫႊန္းကိန္း Global Covid-19 Index (GCI) ကို ႏိုင္ငံတကာအစိုးရမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ျပည္သူမ်ားအေနျဖင့္ ကပ္ေဘးကာလတြင္ မွန္ကန္သည့္ အခ်က္အလက္မ်ားအေပၚ အေျခခံကာ အေရးပါသည့္ ဆုံးျဖတ္ခ်က္မ်ား ခ်ႏိုင္ရန္ ရည္႐ြယ္ကာ ေလ့လာထုတ္ျပန္မႈမ်ား ျပဳလုပ္ျခင္းျဖစ္သည္။

မေလး႐ွားအေျခစိုက္ PEMANDU Associates က မေလး႐ွား သိပၸံ၊ နည္းပညာႏွင့္ တီထြင္ဆန္းသစ္မႈဆိုင္ရာ ဝန္ႀကီးဌာန (MOSTI) ၊ မေလး႐ွားကုမၸဏီႀကီးတစ္ခုျဖစ္ေသာ Sunway Group တို႔ႏွင့္ ပူးေပါင္းကာ ကမ႓ာ့ႏိုင္ငံေပါင္း ၁၈၄ ႏိုင္ငံ႐ွိ ယုံၾကည္စိတ္ခ်ရေသာ အတည္ျပဳႏိုင္သည့္ သတင္းရင္းျမစ္မ်ားမွ အခ်က္အလက္မ်ားအေပၚ အေျခခံကာ ကမ႓ာလုံးဆိုင္ရာ Covid-19 ၫႊန္းကိန္းကို ထုတ္ျပန္ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ၿပီးခဲ့ေသာ ၂ လခန္႔က အဆိုပါ ၫႊန္းကိန္းတြင္ ပါဝင္သည့္က႑တစ္ခုျဖစ္ေသာ ေရာဂါေပ်ာက္ကင္းသူပမာဏၫႊန္းကိန္းတြင္ အဆင့္ ၂၀ ေနရာတြင္ ရပ္တည္ခဲ့ၿပီး စကၤာပူကို ျဖတ္ေက်ာ္ကာ မ်ားစြာ အေျခအေနေကာင္းခဲ့သည္။

သို႔ေသာ္ စက္တင္ဘာလအတြင္းတြင္ကား လူေပါင္း ၂၄၀၀၀၀ ေက်ာ္ ကူးစက္ခံရကာ ၄၀၀၀ နီးပါး ေသဆုံးမႈျဖစ္ေနသည့္ ဖိလစ္ပိုင္ႏိုင္ငံေအာက္သို႔ပင္ အဆင့္က်ဆင္းသြားကာ စက္တင္ဘာ ၁၀ ရက္ေန႔ အခ်က္အလက္မ်ားအရ အဆင့္ ၁၁၆ ေနရာအထိ ထိုးက်သြားသည္။ ဖိလစ္ပိုင္မွာ စက္တင္ဘာ ၁၀ ရက္တြင္ အဆင့္ ၇၉ ေနရာ၌ ရပ္တည္ေနသည္။

GCI ၫႊန္းကိန္းမွ ေရာဂါေပ်ာက္ကင္းသူပမာဏ ၫႊန္းကိန္းတြင္ ၾသစေတးလ်ႏိုင္ငံသည္ ၫႊန္းကိန္းမွတ္ ၈၅ ဒသမ ၉၀ ျဖင့္ ထိပ္ဆုံးေနရာတြင္ ရပ္တည္ေနသည္။ ေရာဂါေပ်ာက္ကင္းသူပမာဏ ၫႊန္းကိန္းတြင္ ထိပ္ဆုံး ၅ ႏိုင္ငံမွာ.....

(၁) ၾသစေတးလ် - ရမွတ္ ၈၅ ဒသမ ၉၀

(၂) ထိုင္း- ၈၂ ဒသမ ၅၅

(၃) ဒိန္းမတ္ ၈၂ ဒသမ ၄၄

(၄) မေလး႐ွား ၇၉ ဒသမ ၈၃

(၅) ထိုင္ဝမ္ ၇၈ ဒသမ ၇၃ တို႔ ျဖစ္ၾကသည္။

ျမန္မာႏိုင္ငံ၏ ေရာဂါေပ်ာက္ကင္းမႈ ၫႊန္းကိန္းမွတ္မွာ ၄၆ ဒသမ ၂၃ ရ႐ွိထားသည္။ (မွတ္ခ်က္။ အမွတ္ ၁၀၀ သည္ အေကာင္းဆုံး အေျခအေနျဖစ္ၿပီး ၀ မွတ္မွာ အဆိုးဆုံး အေျခအေနကို ရည္ၫႊန္းသည္။ အမွတ္မ်ားေလ အေျခအေနေကာင္းေလ)

Covid-19 ကူးစက္ျခင္း ျပင္းထန္မႈ အေျခအေနၫႊန္းကိန္းမွတ္အျဖစ္ ျမန္မာသည္ ၂၁ ဒသမ ၀၇ မွတ္ ရ႐ွိထားသည္။(မွတ္ခ်က္။ ၀ မွတ္သည္ အေကာင္းဆုံး အေျခအေနျဖစ္ၿပီး ၁၀၀ မွတ္သည္ အဆိုး႐ြားဆုံး အေျခအေနျဖစ္သည္။ အမွတ္မ်ားေလ အေျခအေနဆိုးေလ)

ျမန္မာႏိုင္ငံ၏ Covid-19 ကိုင္တြယ္မႈ စည္းမ်ဥ္းတင္းၾကပ္ျခင္းၫႊန္းကိန္းမွာ ၇၈ ဒသမ ၂၆ ရ႐ွိထားသည္။ (မွတ္ခ်က္။ အမွတ္ ၁၀၀ သည္ စည္းမ်ဥ္းအတင္းၾကပ္ဆုံးႏိုင္ငံျဖစ္ၿပီး ၀ မွတ္မွာ စည္းမ်ဥ္းအေလ်ာ့ရဲဆုံးႏိုင္ငံ ျဖစ္သည္)

စက္တင္ဘာ ၁၀ ရက္ ည ၈ နာရီတြင္ကား အဆင့္ ၁ ဆင့္ ဆက္လက္က်ဆင္းသြားခဲ့ျပန္ရာ အဆင့္ ၁၁၇ သို႔ ေရာက္႐ွိသြားသည္။

(စက္တင္ဘာ ၁၀ ရက္၊ ည ၈ နာရီအခ်ိန္ ျမန္မာႏိုင္ငံ၏ ရပ္တည္မႈ)

ျပန္လည္က်န္းမာသြားသူၫြန္းကိန္း ၄၅ ဒသမ ၉၂ ေရာဂါျဖစ္ပြားျခင္း ျပင္းထန္မႈ ၫြန္းကိန္း ၂၁ ဒသမ ၀၈ (၀ မွာ အေကာင္းဆုံးျဖစ္ၿပီး ၁၀၀ မွာ အဆိုးဆုံး)

Covid-19 စည္းမ်ဥ္းတင္းၾကပ္မႈၫႊန္းကိန္း ၇၈ ဒသမ ၂၆ (၁၀၀ မွာ အတင္းၾကပ္ဆုံး၊ ၀ မွာ ေလ်ာ့ရဲမႈအ႐ွိဆုံး) ျပန္လည္က်န္းမာသြားသူၫႊန္းကိန္းတြင္ ျမန္မာႏွင့္ အေျခအေနနီးစပ္သည့္ ႏိုင္ငံမ်ားမွာ ကင္ညာႏွင့္ အီဂ်စ္တို႔ျဖစ္ၿပီး ၫႊန္းကိန္းမွတ္ ၄၉ ဒသမ ၃၆ ႏွင့္ ၅၁ ဒသမ ၈၀ အသီးသီး႐ွိၾကသည္။

စက္တင္ဘာ ၁၁ ရက္ေန႔ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ Covid-19 ကူးစက္ခံရသူ ၂၁၅၀ ဦး၊ ေသဆုံးသူ ၁၄ ဦး႐ွိၿပီး ျပန္လည္က်န္းမာသြားသူမွာ ၆၂၅ ဦး ႐ွိၿပီ ျဖစ္သည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: covid19.pemandu.org.....

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service