ရန်ကုန်မြို့တွင် အိမ်ယာဆောက်လုပ်ရေးအတွက် အွန်လိုင်းစနစ်ဖြင့်လျှောက်ထားသူ တစ်ထောင်ကျော်ရှိဟု IFC ဆို - Property News in Myanmar from iMyanmarHouse.com
686 Views

ရန်ကုန်မြို့တွင် အိမ်ယာဆောက်လုပ်ရေးအတွက် အွန်လိုင်းစနစ်ဖြင့်လျှောက်ထားသူ တစ်ထောင်ကျော်ရှိဟု IFC ဆို

[Unicode]

ရန်ကုန်မြို့တွင် အိမ်ယာဆောက်လုပ်ရေးအတွက် အွန်လိုင်းမှ အဆောက်အဦးဆောက်လုပ်ခွင့် လျှောက်ထားသူ ၁၀၀၀ကျော်ရှိပြီဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပရေးရှင်း (IFC) က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တော်အဆောက်အဦးဆောက်လုပ်ခွင့်ပြုအမိန့် စနစ်(YBPS) ကို ရန်ကုန်မြို့တော်အတွင်း အဆောက်အဦးဆောက်လုပ်ခွင့်ပါမစ်အလုံးစုံနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များကို အွန်လိုင်းမှ လျှောက်ထားရသည့် စနစ်ဖြစ်သည်။

ထိုစနစ်သည် အဆောက်အဦးဆောက်လုပ်လိုသူများအတွက် ဆောက်လုပ်ရေးပါမစ်ကို တနေရာတည်းတွင် အပြီးဆောင်ရွက်ပေးမည်ဖြစ်သည်။ထိုစနစ်ကို ဗြိတိန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID)နှင့် ဩစတြေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန(DFAT)တို့ကို ပူးပေါင်းကူညီခြင်းဖြစ်သည်။ ထိုဌာနနှစ်ခုက နည်းပညာနှင့် ဝန်ထမ်းလေ့ကျင့်ရေးအကူအညီများ ပေးခဲ့ခြင်းဖြစ်သည်။

YBPS သည် ဆောက်ရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမူတိုးလာစေရန်အတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရန် IFC က ဦးဆောင်၍ ဆောက်လုပ်ရေးပါမစ်ဆောက်ထားရာတွင်လုပ်ငန်းစဉ်များလျော့ခြင်း၊ လုပ်ငန်းစဉ်များ၊လျှောက်လွှာလိုအပ်များလျော့ခြင်းနှင့် ဝန်ထမ်းနှင့် လျှောက်ထားသူကြား အကြိမ်ကြိမ် တွေ့ဆုံမှုကို လျော့ချရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

“ YBPS ဟာ ထိရောက်ကောင်းမွန်တဲ့ အွန်လိုင်းစနစ်ဖြစ်ကြောင်းကို ပြသနိုင်ခဲ့ပါတယ်။ မှတ်ပုံတင်ထားတဲ့ ဆောက်လုပ်ရေးပညာရှင်များ၊မြေရှင်များသာ အချိန်မရွေး၊နေရာမရွေး လျှောက်လွှာများကို အွန်လိုင်းက လျှောက်ထားနိုင်ပါတယ်၊ ဒီပြောင်းလဲမူဟာ COVID -19 အကျပ်အတည်းကာလမှ သိသာထင်းတဲ့ အပြုသဘော ဆောင်တဲ့ သက်ရောက်မှုတွေရှိခဲ့ပါတယ် ”ဟု ရန်ကုန်မြို့တောင်စည်ပင်သာယာရေးကော်မတီ၊အတွင်းရေး ဒေါ်လှိုင်မော်ဦး ကပြောသည်။

ထိုပြင် ထိုစနစ်သည် နည်းပညာအသုံးပြုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပိုမိုသဘောသိရှိ စေပါသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်သား တစ်သန်းခန့်ရှိပြီး ထိုကဏ္ဍတွင် အမြင့်ဆုံးဝင်ငွေရရှိရန် အလားအလာများရှိနေသည်ဟုဆိုသည်။ ဆောက်လုပ်ရေးခွင့်ပြုမိန့်ပေးသည့်လုပ်ငန်းစဉ်ကို လွယ်ကူချောမွတ်စေရန်၊ ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပေးလျှင် ဆောက်လုပ်ရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးလာမည်ဟု IFC ကဆိုသည်။

IFC သည် ကမ္ဘာ့ဘဏ်လက်အောက်ခံ ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး ဖွံ့ဖြိုးစဈေးကွက်များတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕တြင္ အိမ္ယာေဆာက္လုပ္ေရးအတြက္ အြန္လိုင္းစနစ္ျဖင့္ေလွ်ာက္ထားသူ တစ္ေထာင္ေက်ာ္႐ွိဟု IFCဆို

ရန္ကုန္ၿမိဳ႕တြင္ အိမ္ယာေဆာက္လုပ္ေရးအတြက္ အြန္လိုင္းမွ အေဆာက္အဦးေဆာက္လုပ္ခြင့္ ေလွ်ာက္ထားသူ ၁၀၀၀ေက်ာ္႐ွိၿပီဟု အျပည္ျပည္ဆိုင္ရာဘ႑ာေရးေကာ္ပေရး႐ွင္း (IFC) က သတင္းထုတ္ျပန္သည္။

ရန္ကုန္ၿမိဳ႕ေတာ္အေဆာက္အဦးေဆာက္လုပ္ခြင့္ျပဳအမိန္႔ စနစ္(YBPS) ကို ရန္ကုန္ၿမိဳ႕ေတာ္အတြင္း အေဆာက္အဦးေဆာက္လုပ္ခြင့္ပါမစ္အလုံးစုံႏွင့္ သက္ဆိုင္ရာလုပ္ငန္းစဥ္မ်ားကို အြန္လိုင္းမွ ေလွ်ာက္ထားရသည့္ စနစ္ျဖစ္သည္။

ထိုစနစ္သည္ အေဆာက္အဦးေဆာက္လုပ္လိုသူမ်ားအတြက္ ေဆာက္လုပ္ေရးပါမစ္ကို တေနရာတည္းတြင္ အၿပီးေဆာင္႐ြက္ေပးမည္ျဖစ္သည္။ထိုစနစ္ကို ၿဗိတိန္အျပည္ျပည္ဆိုင္ရာဖြံ႕ျဖိဳးတိုးတက္ေရးဌာန(DFID)ႏွင့္ ဩစေၾတးလ် ႏိုင္ငံျခားေရးႏွင့္ကုန္သြယ္ေရးဌာန(DFAT)တို႔ကို ပူးေပါင္းကူညီျခင္းျဖစ္သည္။ ထိုဌာနႏွစ္ခုက နည္းပညာႏွင့္ ဝန္ထမ္းေလ့က်င့္ေရးအကူအညီမ်ား ေပးခဲ့ျခင္းျဖစ္သည္။

YBPS သည္ ေဆာက္ေရးက႑တြင္ ပုဂၢလိကရင္းႏွီးျမႇပ္ႏွံမူတိုးလာေစရန္အတြက္ ဒီဇိုင္းေရးဆြဲထားျခင္းျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ရန္ IFC က ဦးေဆာင္၍ ေဆာက္လုပ္ေရးပါမစ္ေဆာက္ထားရာတြင္လုပ္ငန္းစဥ္မ်ားေလ်ာ့ျခင္း၊ လုပ္ငန္းစဥ္မ်ား၊ေလွ်ာက္လႊာလိုအပ္မ်ားေလ်ာ့ျခင္းႏွင့္ ဝန္ထမ္းႏွင့္ ေလွ်ာက္ထားသူၾကား အႀကိမ္ႀကိမ္ ေတြ႕ဆုံမႈကို ေလ်ာ့ခ်ရန္ ရည္႐ြယ္ထားသည္ဟုဆိုသည္။

“ YBPS ဟာ ထိေရာက္ေကာင္းမြန္တဲ့ အြန္လိုင္းစနစ္ျဖစ္ေၾကာင္းကို ျပသႏိုင္ခဲ့ပါတယ္။ မွတ္ပုံတင္ထားတဲ့ ေဆာက္လုပ္ေရးပညာ႐ွင္မ်ား၊ေျမ႐ွင္မ်ားသာ အခ်ိန္မေ႐ြး၊ေနရာမေ႐ြး ေလွ်ာက္လႊာမ်ားကို အြန္လိုင္းက ေလွ်ာက္ထားႏိုင္ပါတယ္၊ ဒီေျပာင္းလဲမူဟာ COVID -19 အက်ပ္အတည္းကာလမွ သိသာထင္းတဲ့ အျပဳသေဘာ ေဆာင္တဲ့ သက္ေရာက္မႈေတြ႐ွိခဲ့ပါတယ္ ”ဟု ရန္ကုန္ၿမိဳ႕ေတာင္စည္ပင္သာယာေရးေကာ္မတီ၊အတြင္းေရး ေဒၚလိႈင္ေမာ္ဦး ကေျပာသည္။

ထိုျပင္ ထိုစနစ္သည္ နည္းပညာအသုံးျပဳႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးတို႔ကို ပိုမိုသေဘာသိ႐ွိ ေစပါသည္ဟု ၎ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္သား တစ္သန္းခန္႔႐ွိၿပီး ထိုက႑တြင္ အျမင့္ဆုံးဝင္ေငြရ႐ွိရန္ အလားအလာမ်ား႐ွိေနသည္ဟုဆိုသည္။ ေဆာက္လုပ္ေရးခြင့္ျပဳမိန္႔ေပးသည့္လုပ္ငန္းစဥ္ကို လြယ္ကူေခ်ာမြတ္ေစရန္၊ ပြင့္လင္းျမင္သာေအာင္ေဆာင္႐ြက္ေပးလွ်င္ ေဆာက္လုပ္ေရးက႑တြင္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးလာမည္ဟု IFC ကဆိုသည္။

IFC သည္ ကမ႓ာ႕ဘဏ္လက္ေအာက္ခံ ေငြေၾကးအဖြဲ႕အစည္းျဖစ္ၿပီး ဖြံ႕ၿဖိဳးစေဈးကြက္မ်ားတြင္ ပုဂၢလိကက႑ဖြံ႕ျဖိဳးေရး လုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ အဖြဲ႕အစည္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service