မြန်မာက အိန္ဒိယနိုင်ငံဖြင့် မဟာဓာတ်အားလိုင်းချိတ်ဆက်ပြီး လျှပ်စစ်မဂ္ဂါဝပ် ၁၆၀၀ ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
6215 Views

မြန်မာက အိန္ဒိယနိုင်ငံဖြင့် မဟာဓာတ်အားလိုင်းချိတ်ဆက်ပြီး လျှပ်စစ်မဂ္ဂါဝပ် ၁၆၀၀ ဝယ်ယူမည်

[Unicode]

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ပြီး လျှပ်စစ် မဟာဓာတ်အားလိုင်းသွယ်တန်းပြီး အိန္ဒိယနိုင်ငံက လျှပ်စစ်မဂ္ဂါဝပ် ၁၆၀၀ ဝယ်ယူရန်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

ထို့အတွက် တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

‘‘မူအားဖြင့်သဘောတူထားတာပါ။ အသေးစိတ်ထပ်ဆွေးနွေးရပါဦးမယ်။ မြန်မာဘက်က လျှပ်စစ်ဓာတ်အားပိုရင် အိန္ဒိယကို ရောင်းမယ်။ ဟိုဘက်ပိုရင်လည်း ဒီဘက်ရောင်းမယ်’’ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့များ လျှပ်စစ်မီးအပြန်အလှန်ဖြန့် ဖြူးရေးနှင့်မဟာဓာတ်အားလိုင်းချိတ်ဆက်ရေးတို့ဖြစ်သည်ဟု ၎င်း က ဆိုသည်။

ဝယ်ယူရာတွင် အဆင့်သုံးဆင့်ရှိပြီး ပထမအဆင့်တွင် ၁၀၀ မဂ္ဂါဝပ်၊ ဒုတိယအဆင့်တွင် ၅၀၀ မဂ္ဂါဝပ် နှင့်တတိယအဆင့်တွင် ၁၀၀၀ မဂ္ဂါဝပ်တို့ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် နှစ်နိုင်ငံကြား လျှပ်စစ်ဓာတ်အား အပြန်အလှန်ရောင်းချရန် ဓာတ်အားကုန်သွယ်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးတို့ ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် အခြားစွမ်းအင်အရင်းအမြစ်များ ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားထုတ် ရေး၊ စွမ်းအင်ကို အကျိုးရှိစွာအသုံးချရေးနှင့် ထိုကိစ္စရပ်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဟု ဝန်ကြီး ဌာနက ဆိုသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံသည် လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု နားလည်မှုစာချွန်လွှာကို ၂၀၁၆ အောက်တိုဘာတွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုပြင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မဟာဓာတ်အားလိုင်း ချင်းချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား အပြန်အလှန်ကူးသန်း ရောင်းဝယ်ရန် သဘောတူထားသည်။ မြန်မာ-တရုတ်-ဘင်္ဂလား ဒေ့ရှ်သုံးနိုင်ငံကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်နေပြည်တော်တွင် ဝန်ကြီးအဆင့်ဆွေးနွေးပြီး သဘောတူညီမှုကိုမတ်လက ရေးထိုးခဲ့သည်။ ထိုမဟာဓာတ်အားလိုင်းမှတစ်ဆင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်ဓာတ်အားရောင်းချရန်စီစဉ်ထားသည်။

မြန်မာ-လာအိုလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ၂၀၁၈ ဇန်နဝါရီက ရေးထိုးထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာက အိႏၵိယႏိုင္ငံျဖင့္ မဟာဓာတ္အားလိုင္းခ်ိတ္ဆက္ၿပီး လွ်ပ္စစ္မဂၢါဝပ္ ၁၆၀၀ ဝယ္ယူမည္

ျမန္မာႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား နယ္စပ္ျဖတ္ေက်ာ္ၿပီး လွ်ပ္စစ္ မဟာဓာတ္အားလိုင္းသြယ္တန္းၿပီး အိႏၵိယႏိုင္ငံက လွ်ပ္စစ္မဂၢါဝပ္ ၁၆၀၀ ဝယ္ယူရန္႐ွိသည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက သိရသည္။

ထို႔အတြက္ တတိယအႀကိမ္ေျမာက္ ျမန္မာ-အိႏၵိယ လွ်ပ္စစ္ႏွင့္ စြမ္းအင္က႑ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ဦးေဆာင္ေကာ္မတီအစည္းအေဝးကို စက္တင္ဘာ ၃ ရက္တြင္ က်င္းပခဲ့သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

‘‘မူအားျဖင့္သေဘာတူထားတာပါ။ အေသးစိတ္ထပ္ေဆြးေႏြးရပါဦးမယ္။ ျမန္မာဘက္က လွ်ပ္စစ္ဓာတ္အားပိုရင္ အိႏၵိယကို ေရာင္းမယ္။ ဟိုဘက္ပိုရင္လည္း ဒီဘက္ေရာင္းမယ္’’ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ေျပာသည္။

အိႏၵိယႏိုင္ငံႏွင့္ နယ္စပ္ၿမိဳ႕မ်ား လွ်ပ္စစ္မီးအျပန္အလွန္ျဖန္႔ ျဖဴးေရးႏွင့္မဟာဓာတ္အားလိုင္းခ်ိတ္ဆက္ေရးတို႔ျဖစ္သည္ဟု ၎ က ဆိုသည္။

ဝယ္ယူရာတြင္ အဆင့္သုံးဆင့္႐ွိၿပီး ပထမအဆင့္တြင္ ၁၀၀ မဂၢါဝပ္၊ ဒုတိယအဆင့္တြင္ ၅၀၀ မဂၢါဝပ္ ႏွင့္တတိယအဆင့္တြင္ ၁၀၀၀ မဂၢါဝပ္တို႔ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ဝန္ႀကီးဌာနက ထုတ္ျပန္ရာတြင္ ႏွစ္ႏိုင္ငံၾကား လွ်ပ္စစ္ဓာတ္အား အျပန္အလွန္ေရာင္းခ်ရန္ ဓာတ္အားကုန္သြယ္ေရးႏွင့္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားကို လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးႏိုင္ေရးတို႔ ပါဝင္သည္ဟု ဆိုသည္။

ထို႔အျပင္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္အပါအဝင္ အျခားစြမ္းအင္အရင္းအျမစ္မ်ား ထုတ္လုပ္၍ လွ်ပ္စစ္ဓာတ္အားထုတ္ ေရး၊ စြမ္းအင္ကို အက်ိဳး႐ွိစြာအသုံးခ်ေရးႏွင့္ ထိုကိစၥရပ္မ်ားတြင္ လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ ၿဖိဳးေရးတိုးတက္ေရးတို႔ကို ပူးေပါင္းေဆာင္႐ြက္မည္ဟု ဝန္ႀကီး ဌာနက ဆိုသည္။

ျမန္မာႏွင့္ အိႏၵိယႏိုင္ငံသည္ လွ်ပ္စစ္ဓာတ္အား ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူညီမႈ နားလည္မႈစာခြၽန္လႊာကို ၂၀၁၆ ေအာက္တိုဘာတြင္ လက္မွတ္ေရးထိုးခဲ့သည္။

ထိုျပင္ ျမန္မာႏွင့္ဘဂၤလားေဒ့႐ွ္ႏိုင္ငံသည္ မဟာဓာတ္အားလိုင္း ခ်င္းခ်ိတ္ဆက္၍ လွ်ပ္စစ္ဓာတ္အား အျပန္အလွန္ကူးသန္း ေရာင္းဝယ္ရန္ သေဘာတူထားသည္။ ျမန္မာ-တ႐ုတ္-ဘဂၤလား ေဒ့႐ွ္သုံးႏိုင္ငံၾကား လွ်ပ္စစ္က႑ ပူးေပါင္းေဆာင္႐ြက္ရန္ေနျပည္ေတာ္တြင္ ဝန္ႀကီးအဆင့္ေဆြးေႏြးၿပီး သေဘာတူညီမႈကိုမတ္လက ေရးထိုးခဲ့သည္။ ထိုမဟာဓာတ္အားလိုင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ဘဂၤလားေဒ့႐ွ္သို႔ လွ်ပ္စစ္ဓာတ္အားေရာင္းခ်ရန္စီစဥ္ထားသည္။

ျမန္မာ-လာအိုလွ်ပ္စစ္က႑ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာကို ၂၀၁၈ ဇန္နဝါရီက ေရးထိုးထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service