အစိုးရ၏ အိမ်ယာတည်ဆောက်ရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ရာခိုင်နှုန်းပြည့်တင်ဒါပေးမည်ဖြစ်၍ အိမ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးလာတော့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1636 Views

အစိုးရ၏ အိမ်ယာတည်ဆောက်ရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ရာခိုင်နှုန်းပြည့်တင်ဒါပေးမည်ဖြစ်၍ အိမ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးလာတော့မည်ဟုဆို

[Unicode]

အစိုးရ၏ အိမ်ယာတည်ဆောက်ရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ရာခိုင်နှုန်းပြည့်တင်ဒါပေးတော့မည်ဖြစ်၍ အိမ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးလာတော့မည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆိုသည်။

လာမည့် အောက်တိုဘာ ၁ ရက်က စတင်ပြီး ဆောက်လုပ်ရေးဝန်ကြီး၏ ဌာနငါးခုလုံးကို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနများအစား ကြီးကြပ်သူအဖြစ်ပြောင်းလဲတော့မည်ဟု ဝန်ကြီးဌာနက ကြေငြာထားသည်။

ထိုဌာန ငါးခုထဲတွင် အဆောက်အဦး ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ထိုဌာန ငါးခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုထဲတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ယာစီမံကိန်းများကိုလည်း ပုဂ္ဂလိကသို့လွှဲ ပြောင်းပေးတော့မည်ဖြစ်သည်။

ထိုထဲတွင် အစိုးရဝန်ကြီးဌာနများ၏ နိုင်ငံပိုင်အဆောက်အဦးများကို တည်ဆောက်ပြုပြင်မွမ်းမံထိမ်းသိမ်းခြင်း၊ မြို့ပြနှင့်ဒေသစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း ၊ မြို့သစ်များတိုးချဲ့တည်ဆောက်ခြင်း၊ရပ်ကွက်သစ်များ တည်ဆောက်ခြင်း၊ ပြည်သူများနှင့် ဝန်ထမ်းများ နေထိုင်ရေးအတွက် အိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပါဝင်မည်ဖြစ်သည်။

ထို့သို့ ပြောင်းလဲခြင်းကြောင့် အစိုးရ၏ တည်ဆောက်ရေးဘတ် ဂျက်များသည် ပုဂ္ဂလိကသို့ ရောက်ရှိလာမည်ဟု လုပ်ငန်းရှင်များကဆို သည်။

ဆောက်လုပ်ရေးဝန်ကြီးသည် ပြည်သူဆောက်လုပ်ရေးလုပ်ငန်းများကို နှစ်ရှည်လများဆောင်ရွက်ခဲ့သည်ဖြစ်၍ ပုဂ္ဂလိက ကုမ္ပဏီများထက် စွမ်းဆောင်ရည်ပိုကောင်းနေသည်ဟုလုပ်ငန်းရှင်များက ဆိုသည်။ ထိုကြောင့် တင်ဒါလုပ်ငန်းများတွင် နည်းပညာပါသည့်လုပ်ငန်းများကို ကုမ္ပဏီကြီးများကိုပေးပြီး နည်းပညာမလိုသည့်လုပ်ငန်းများကို ကုမ္ပဏီငယ်များကိုပေးရမည်ဟု မှတ်ချက်ပေးသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရ ဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဟူ၍ နှစ်မျိုးရှိသည်။ နိုင်ငံတော်အစိုးရဘတ်ဂျက် ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အစိုးရ၏ ပြည်တွင်းသုံးငွေဖြင့် ဆောက်ရွက်သည့်လုပ်ငန်းနှင့် နိုင်ငံတကာချေးငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းဟူ၍ ရှိသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]










 



 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service