ထားဝယ်တွင် တရုတ်ကုမ္ပဏီက တစ်နှစ်လျှင် တန်ချိန် ၈ သန်းထုတ်လုပ်မည့် အကြီးစားရေနံချက်စက်ရုံ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1019 Views

ထားဝယ်တွင် တရုတ်ကုမ္ပဏီက တစ်နှစ်လျှင် တန်ချိန် ၈ သန်းထုတ်လုပ်မည့် အကြီးစားရေနံချက်စက်ရုံ ဆောက်လုပ်မည်

[Unicode]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တရုတ်ကုမ္ပဏီများက ရေနံချက်စက်ရုံတည်ထောင်ရန်ကမ်းလှမ်းခဲ့ပြီး စီမံကိန်းဖြစ်နိုင်ချေလေ့လာမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုစီမံကိန်းသည် အကြီးစားရေနံချက်စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ရေနံ မက်ထရစ်တန်ချိန် ၈ သန်း ချက်လုပ်နိုင်မည်ဖြစ်သည်။

ထိုစက်ရုံများကို တရုတ်ကုမ္ပဏီများဖြစ်သည့် Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI)တို့က ပြည်တွင်းမှ Myanmar Chemical & Machinery ကုမ္ပဏီတို့က ဆောင်ရွက်မည်ဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့လုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီများက ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမူကော်မတီဥက္ကဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ထံ တင်ပြခဲ့ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် MCM ကုမ္ပဏီက ရေနံချက်စက်ရုံတည်ဆောက်ရန် စီမံကိန်းအကြို ဆောင်ရွက်လိုကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဩဂုတ်လလယ်က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည် ဟု ထုတ်ပြန်ထားသည်။

8 MMTA Refinery စီမံကိန်းဟု အမည်ပေးထားသော ရေနံချက်စက်ရုံလုပ်ငန်းအတွက် မြေနှင့်ရေရရှိရန် လာရောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ Myanmar Chemical & Machinery (MCM) ကုမ္ပဏီလီမိတက်သည် ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် LNG Terminal ကို လုပ်ကိုင်ခွင့်ရထားသည်။

ထို့ပြင် ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁,၃၂၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံးဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန်လည်းစီစဉ်ခဲ့ဖူးသည်။ ထိုကုမ္ပဏီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးပစ္စည်းများ ရောင်းချ နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

MCM ကုမ္ပဏီကို ပြည်တွင်းဒါရိုက်တာနှစ်ဦးဖြင့် ဖွဲ့စည်းထား ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဖော်ပြထားသည်။

CNPC East China Design Institute (CEI) သည် တရုတ် Global engineering ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစက်ရုံများကို ဒီဇိုင်းရေးဆွဲနေသည် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီကလည်း စွမ်းအင်လုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားနေသည်ဟုဆိုသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ထားဝယ္တြင္ တ႐ုတ္ကုမၸဏီက တစ္ႏွစ္လွ်င္ တန္ခ်ိန္ ၈ သန္းထုတ္လုပ္မည့္ အႀကီးစားေရနံခ်က္စက္႐ုံ ေဆာက္လုပ္မည္

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ တ႐ုတ္ကုမၸဏီမ်ားက ေရနံခ်က္စက္႐ုံတည္ေထာင္ရန္ကမ္းလွမ္းခဲ့ၿပီး စီမံကိန္းျဖစ္ႏိုင္ေခ်ေလ့လာမည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ထိုစီမံကိန္းသည္ အႀကီးစားေရနံခ်က္စက္႐ုံျဖစ္ၿပီး တစ္ႏွစ္လွ်င္ ေရနံ မက္ထရစ္တန္ခ်ိန္ ၈ သန္း ခ်က္လုပ္ႏိုင္မည္ျဖစ္သည္။

ထိုစက္႐ုံမ်ားကို တ႐ုတ္ကုမၸဏီမ်ားျဖစ္သည့္ Yunnan Indo-Pacific Group (Indo-Pacific) ႏွင့္ Zhong'an and CNPC East China Design Institute (CEI)တို႔က ျပည္တြင္းမွ Myanmar Chemical & Machinery ကုမၸဏီတို႔က ေဆာင္႐ြက္မည္ျဖစ္သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုသို႔လုပ္ကိုင္ခြင့္အတြက္ ကုမၸဏီမ်ားက ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမူေကာ္မတီဥကၠဌ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဒါက္တာထြန္းႏိုင္ထံ တင္ျပခဲ့ျခင္းျဖစ္သည္။

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ MCM ကုမၸဏီက ေရနံခ်က္စက္႐ုံတည္ေဆာက္ရန္ စီမံကိန္းအႀကိဳ ေဆာင္႐ြက္လိုေၾကာင္း ထားဝယ္အထူးစီးပြား ေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီ ဩဂုတ္လလယ္က တင္ျပေတာင္းဆိုခဲ့ျခင္းျဖစ္သည္။ ေကာ္မတီဥကၠ႒လည္းျဖစ္သူ လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေပါင္းစပ္ေဆာင္႐ြက္ေပးခဲ့သည္ ဟု ထုတ္ျပန္ထားသည္။

8 MMTA Refinery စီမံကိန္းဟု အမည္ေပးထားေသာ ေရနံခ်က္စက္႐ုံလုပ္ငန္းအတြက္ ေျမႏွင့္ေရရ႐ွိရန္ လာေရာက္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။ Myanmar Chemical & Machinery (MCM) ကုမၸဏီလီမိတက္သည္ ေက်ာက္ျဖဴတြင္ လွ်ပ္စစ္ဓာတ္အား ၁၀၀ မဂၢါဝပ္ ထုတ္လုပ္မည့္ LNG Terminal ကို လုပ္ကိုင္ခြင့္ရထားသည္။

ထို႔ျပင္ ေက်ာက္ျဖဴတြင္ မဂၢါဝပ္ ၁,၃၂၀ ထုတ္လုပ္မည့္ ေက်ာက္မီးေသြးသုံးဓာတ္အား ေပးစက္႐ုံ တည္ေဆာက္ရန္လည္းစီစဥ္ခဲ့ဖူးသည္။ ထိုကုမၸဏီသည္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကို ေရနံႏွင့္သဘာဝဓာတ္ေငြ႕ တူးေဖာ္ေရးပစၥည္းမ်ား ေရာင္းခ် ေနသည့္ ကုမၸဏီလည္းျဖစ္သည္။

MCM ကုမၸဏီကို ျပည္တြင္းဒါ႐ိုက္တာႏွစ္ဦးျဖင့္ ဖြဲ႕စည္းထား ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနတြင္ ေဖာ္ျပထားသည္။

CNPC East China Design Institute (CEI) သည္ တ႐ုတ္ Global engineering ကုမၸဏီ၏ လက္ေအာက္ခံကုမၸဏီတစ္ခုျဖစ္ၿပီး ေရနံႏွင့္သဘာဝဓာတ္ေငြ႕၊ ေက်ာက္မီးေသြးစက္႐ုံမ်ားကို ဒီဇိုင္းေရးဆြဲေနသည္ ကုမၸဏီတစ္ခုျဖစ္သည္။

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ေဟာင္ေကာင္အေျခစိုက္ V-power ကုမၸဏီကလည္း စြမ္းအင္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စိတ္ဝင္စားေနသည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service