ဘိလပ်မြေကုန်ကြမ်းကန့်သတ်မှုကြောင့် ထိုင်း SCG ကုမ္ပဏီက မြန်မာ PLCI ကုမ္ပဏီကို စင်ကာပူခုံသမာဓိရုံးတိုင် - Property News in Myanmar from iMyanmarHouse.com
6901 Views

ဘိလပ်မြေကုန်ကြမ်းကန့်သတ်မှုကြောင့် ထိုင်း SCG ကုမ္ပဏီက မြန်မာ PLCI ကုမ္ပဏီကို စင်ကာပူခုံသမာဓိရုံးတိုင်

[Unicode]

ဘိလပ်မြေကုန်ကြမ်းထုတ်လုပ်ခွင့်အငြင်းပွားမှုအတွက် ပြည်တွင်းကုမ္ပဏီကို စင်ကာပူနိုင်ငံ၏ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန် တင်သွင်းထားကြောင်း ထိုင်းဘိလပ်မြေကုမ္ပဏီ SCG မှ တာဝန်ရှိသူများကပြောသည်။

ထိုင်းဘိလပ်မြေစက်ရုံ (SCG) ပိုင်ဆိုင်သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ပြည်တွင်းကုမ္ပဏီ Pacific Links Cement Indu-strial - PLCI နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော်လည်း ပြည်တွင်းကုမ္ပဏီက ထုံးကျောက်ထုတ်လုပ်ခွင့် ရပ်ဆိုင်းလိုက်သဖြင့် ထိုင်းဘိလပ်မြေစက်ရုံသည် ကုန်ကြမ်းပြတ်လပ်၍ ရပ်ဆိုင်းခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ရက်စွဲပါ ဖက်စပ်လုပ်ငန်းသဘောတူညီမှုစာချုပ်အရ ရှယ်ယာရှင် PLCI အနေဖြင့် ၎င်းတို့ ရှယ်ယာပါဝင်ထားသော MCL ကုမ္ပဏီကို ထုံးကျောက်ထုတ်ယူခွင့် နှင့်ပတ်သက်သည့်လုပ်ပိုင်ခွင့်အား ပေးအပ်ရန် တာဝန်ရှိသည်ဟု MCL က ဆိုသည်။

သို့ရာတွင် PLCI အနေဖြင့် ထုံးကျောက်ကုန်ကြမ်းထုတ်လုပ်မှုနှင့်သက်ဆိုင်သည့်လုပ်ပိုင်ခွင့်အား ယခုအချိန်အထိ မပေးသည့်အပြင် ထုံးကျောက်ထုတ်လုပ်သည့် မိုင်းခွဲလုပ်ငန်းခွင်သို့ MCL ကုမ္ပဏီအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်တွင်းကုမ္ပဏီ (PLCI) ၏ ရှယ်ယာပိုင်ရှင်များကို ထိုင်းကုမ္ပဏီက စင်ကာပူခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန် လွန်ခဲ့သည့်တစ်လခန့်က စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းကုမ္ပဏီ၏ မီဒီယာဆက်ဆံ ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်ရုံရပ်ဆိုင်းခဲ့သည့်ကာလကစတင်၍ ထိုင်းကုမ္ပဏီက အလုပ်သမားများကို လုပ်ခလစာ အပြည့်ပေးထားပြီး ဆက်လက်ရပ်ဆိုင်းထားပါက အလုပ်သမား ၁,၀၀၀ ကျော်အတွက် သက်ရောက်မှုရှိမည်ဟု ဆိုသည်။

‘‘MCL မှာ ဖြစ်ပေါ်တဲ့ ထိခိုက်နစ်နာမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သတိပေးနှိုးဆော်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေနိုင်တယ်ဆိုတာပါ’’ ဟု MCL၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ဟာစချိုင်ကပြောကြားသည်။

ထိုင်းကုမ္ပဏီ SCG က Mawlamyine Cement Limited ( MCL ) ကို ထူထောင်ခဲ့ပြီး ကျိုက်မရောဘိလပ်မြေစက်ရုံကို လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့်ရှိကာ ၂၀၁၄ ခုနှစ်ကစ၍ ဘိလပ်မြေထုတ်လုပ်မှုများ စတင်ခဲ့သည်။

SCG အမှတ်တံဆိပ် ဘိလပ်မြေထုတ်လုပ်နေသည့် ထိုင်းဘိလပ်မြေစက်ရုံ MCL သည် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ဇူလိုင် ၁၅ ရက်ကစ၍ စက်ရုံလည်ပတ်မှုရပ်ဆိုင်းကြောင်း ပြည်နယ် အစိုးရထံ အသိပေးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြော သည်။

‘‘ကျောက်ထုတ်ခွင့်ရတာက အခြားလုပ်ငန်းတစ်ခု၊ သူတို့က ဘိလပ်မြေထုတ်တဲ့ စက်ရုံလုပ်ငန်း၊ MCL က ကျောက်ထုတ်လို့ ရတာမဟုတ်ဘူး၊ ကျောက်ထုတ်တဲ့ကုမ္ပဏီက သူတို့ကို မပို့တော့တာ၊ သူတို့ကြားက ပုဂ္ဂိုလ်ရေး ပြဿနာပါ’’ ဟု ဒေါက်တာမင်း ကြည်ဝင်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဘိလပ္ေျမကုန္ၾကမ္းကန္႔သတ္မႈေၾကာင့္ ထိုင္း SCG ကုမၸဏီက ျမန္မာ PLCI ကုမၸဏီကို စင္ကာပူခုံသမာဓိ႐ုံးတိုင္

ဘိလပ္ေျမကုန္ၾကမ္းထုတ္လုပ္ခြင့္အျငင္းပြားမႈအတြက္ ျပည္တြင္းကုမၸဏီကို စင္ကာပူႏိုင္ငံ၏ ခုံသမာဓိျဖင့္ စီရင္ဆုံးျဖတ္ရန္ တင္သြင္းထားေၾကာင္း ထိုင္းဘိလပ္ေျမကုမၸဏီ SCG မွ တာဝန္႐ွိသူမ်ားကေျပာသည္။

ထိုင္းဘိလပ္ေျမစက္႐ုံ (SCG) ပိုင္ဆိုင္သည့္ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္႐ွိ ေမာ္လၿမိဳင္ဘိလပ္ေျမစက္႐ုံ (MCL) သည္ ျပည္တြင္းကုမၸဏီ Pacific Links Cement Indu-strial - PLCI ႏွင့္ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ေနေသာ္လည္း ျပည္တြင္းကုမၸဏီက ထုံးေက်ာက္ထုတ္လုပ္ခြင့္ ရပ္ဆိုင္းလိုက္သျဖင့္ ထိုင္းဘိလပ္ေျမစက္႐ုံသည္ ကုန္ၾကမ္းျပတ္လပ္၍ ရပ္ဆိုင္းခဲ့ရသည္။

၂၀၁၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၄ ရက္ ရက္စြဲပါ ဖက္စပ္လုပ္ငန္းသေဘာတူညီမႈစာခ်ဳပ္အရ ႐ွယ္ယာ႐ွင္ PLCI အေနျဖင့္ ၎တို႔ ႐ွယ္ယာပါဝင္ထားေသာ MCL ကုမၸဏီကို ထုံးေက်ာက္ထုတ္ယူခြင့္ ႏွင့္ပတ္သက္သည့္လုပ္ပိုင္ခြင့္အား ေပးအပ္ရန္ တာဝန္႐ွိသည္ဟု MCL က ဆိုသည္။

သို႔ရာတြင္ PLCI အေနျဖင့္ ထုံးေက်ာက္ကုန္ၾကမ္းထုတ္လုပ္မႈႏွင့္သက္ဆိုင္သည့္လုပ္ပိုင္ခြင့္အား ယခုအခ်ိန္အထိ မေပးသည့္အျပင္ ထုံးေက်ာက္ထုတ္လုပ္သည့္ မိုင္းခြဲလုပ္ငန္းခြင္သို႔ MCL ကုမၸဏီအား ဝင္ေရာက္ခြင့္ ပိတ္ပင္ထားသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ ျပည္တြင္းကုမၸဏီ (PLCI) ၏ ႐ွယ္ယာပိုင္႐ွင္မ်ားကို ထိုင္းကုမၸဏီက စင္ကာပူခုံသမာဓိျဖင့္ စီရင္ဆုံးျဖတ္ရန္ လြန္ခဲ့သည့္တစ္လခန္႔က စတင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟု ထိုင္းကုမၸဏီ၏ မီဒီယာဆက္ဆံ ေရးတာဝန္႐ွိသူတစ္ဦးက ေျပာၾကားသည္။

စက္႐ုံရပ္ဆိုင္းခဲ့သည့္ကာလကစတင္၍ ထိုင္းကုမၸဏီက အလုပ္သမားမ်ားကို လုပ္ခလစာ အျပည့္ေပးထားၿပီး ဆက္လက္ရပ္ဆိုင္းထားပါက အလုပ္သမား ၁,၀၀၀ ေက်ာ္အတြက္ သက္ေရာက္မႈ႐ွိမည္ဟု ဆိုသည္။

‘‘MCL မွာ ျဖစ္ေပၚတဲ့ ထိခိုက္နစ္နာမႈက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို သတိေပးႏိႈးေဆာ္ျခင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ထိခိုက္ေစႏိုင္တယ္ဆိုတာပါ’’ ဟု MCL၏ မန္ေနဂ်င္းဒါ႐ိုက္တာ မစၥတာ ဟာစခ်ိဳင္ကေျပာၾကားသည္။

ထိုင္းကုမၸဏီ SCG က Mawlamyine Cement Limited ( MCL ) ကို ထူေထာင္ခဲ့ၿပီး က်ိဳက္မေရာဘိလပ္ေျမစက္႐ုံကို လည္ပတ္ခဲ့ျခင္းျဖစ္သည္။ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုး အေမရိကန္ေဒၚလာသန္း ၄၀၀ ခန္႔႐ွိကာ ၂၀၁၄ ခုႏွစ္ကစ၍ ဘိလပ္ေျမထုတ္လုပ္မႈမ်ား စတင္ခဲ့သည္။

SCG အမွတ္တံဆိပ္ ဘိလပ္ေျမထုတ္လုပ္ေနသည့္ ထိုင္းဘိလပ္ေျမစက္႐ုံ MCL သည္ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ ဇူလိုင္ ၁၅ ရက္ကစ၍ စက္႐ုံလည္ပတ္မႈရပ္ဆိုင္းေၾကာင္း ျပည္နယ္ အစိုးရထံ အသိေပးခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရ၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္းက ေျပာ သည္။

‘‘ေက်ာက္ထုတ္ခြင့္ရတာက အျခားလုပ္ငန္းတစ္ခု၊ သူတို႔က ဘိလပ္ေျမထုတ္တဲ့ စက္႐ုံလုပ္ငန္း၊ MCL က ေက်ာက္ထုတ္လို႔ ရတာမဟုတ္ဘူး၊ ေက်ာက္ထုတ္တဲ့ကုမၸဏီက သူတို႔ကို မပို႔ေတာ့တာ၊ သူတို႔ၾကားက ပုဂၢိဳလ္ေရး ျပႆနာပါ’’ ဟု ေဒါက္တာမင္း ၾကည္ဝင္းက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service