ယခုဘဏ္ဍာနှစ် ၁၁ လကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဘီလီယံ ဝင်ရောက်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
690 Views

ယခုဘဏ္ဍာနှစ် ၁၁ လကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဘီလီယံ ဝင်ရောက်ထားဟုဆို

[Unicode]

ယခုဘဏ္ဍာနှစ် ၁၁ ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင်ရောက်ထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြသည်။

ယခုဘဏ္ဍာနှစ်သည် ယခုစက်တင်ဘာတွင်ကုန်ဆုံးတော့မည်ဖြစ်ပြီး လက်ရှိ စက်တင်ဘာ ၄ ရက်အထိ အထက်ပါပမာဏဝင်ရောက်ထားခြင်းဖြစ်သည်။

စက်တင်ဘာ ၄ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကုန်ထုတ်လုပ်မူနှင့် ဝန်ဆောင်မူလုပ်ငန်း အသစ် ၈ ခုကို ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်း ၁၃၀ခန့်နှင့် ကျပ် ဘီလီယံ ၁၃၉ ကျော်တန်ဖိုးရှိသည်။ထိုထဲတွင်လက်ရှိလုပ်ကိုင်သည့် လုပ်ငန်း ၁၀ ခုကလည်း ရင်းနှီးမြှုပ်နှံမှု ပမာဏထည့်တိုးခြင်းလည်းပါဝင်သည်ဟု ကော်မရှင်ကဆိုသည်။

လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၃၀ကျော်ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

“မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းအသစ် ၈ ခုနဲ့ လက်ရှိလုပ်ကိုင်ဆဲလုပ်ငန်း ၁၀ တို့က ရင်းနှီးမြှုပ်နှံမှု ထက်တိုးခဲ့ပါတယ်။ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းတို့က ရင်းနှီးမြှုပ်နှံသူများစာရင်းမှာ ထိပ်ဆုံးကပါ”ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။

ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဝင်ရောက်မည်ဟု ကော်မရှင်က ခန့်မှန်းထားသည်။ ယခုဘဏ္ဍာနှစ်အတွက် လုပ်ငန်းအသစ်ထပ်မံခွင့်ပြုရန်အစည်းအဝေး တကြိမ်သာကျန်ရှိတော့သည်။

အစိုးရ၏ ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံချက်အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ တစ်နှစ်လျှင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၈ ဒသမ ၅ ဘီလီယံ ခန့်မှန်းထားသည်။

လက်ရှိအချိန်ထိ အများဆုံးဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမူလုပ်ငန်းများမှာ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုတို့ဖြစ်သည်။ အစိုးရက ယခုဘဏ္ဍာနှစ်အတွင်း စင်ကာပူ၊ ထိုင်းနှင့် ကိုရီးယားစက်မှုဇုန်များကို အများအပြားခွင့်ပြုလာသည်။ အထူးသဖြင့် စင်ကာပူရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်း အများအပြားဝင်ရောက်လာသည်။ ဒေါ်လာသန်း ၂၃၀ တန်သည့် မြန်မာ-စင်ကာပူ ရင်း နှီးမြှုပ်နှံမှုဖြစ်သည့် Sembcorp လှည်းကူးစက်မှုဇုန်၊ ဒေါ်လာသန်း ၁၀၀ ကျော်တန်သည့် ကျွန်းစုမြို့ နယ်က ပုစွန်မွေးမြူရေးစီမံကိန်း တို့သည် ယခုနှစ်အတွင်းခွင့်ပြု ပေးသည့် နာမည်ကျော် စင်ကာပူစီမံကိန်းများဖြစ်သည်။

စင်ကာပူသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ဆောင်ရွက်ထားသည့် နိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိ ဒေါ်လာ ၂၃ ဘီလီယံ ကျော်ဖိုး၊ လုပ်ငန်း ၃၃၀ ခန့်ရင်းနှီးမြှုပ်နှံထားသည်။ ထိုပမာဏသည် မြန်မာနိုင်ငံအတွင်းရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအားလုံး၏ ၂ ရာ ခိုင်နှုန်းနီးပါးရှိသည်။နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် လုပ် ငန်းပေါင်း ၂,၀၀၀ ကျော်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၆ ဘီလီယံဖိုးရှိသည်။ ဒုတိယအများဆုံးမှာတရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ ဟောင်ကောင် နှင့် ဗြိတိန်နိုင်ငံတို့က အစဉ်လိုက်ရှိနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ယခုဘ႑ာႏွစ္ ၁၁ လေက်ာ္အတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေဒၚလာ ၅ ဘီလီယံ ဝင္ေရာက္ထားဟုဆို

ယခုဘ႑ာႏွစ္ ၁၁ ေက်ာ္အတြင္း ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈ ေဒၚလာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီး ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က ထုတ္ျပန္ေသာစာရင္းမ်ားတြင္ေဖာ္ျပသည္။

ယခုဘ႑ာႏွစ္သည္ ယခုစက္တင္ဘာတြင္ကုန္ဆုံးေတာ့မည္ျဖစ္ၿပီး လက္႐ွိ စက္တင္ဘာ ၄ ရက္အထိ အထက္ပါပမာဏဝင္ေရာက္ထားျခင္းျဖစ္သည္။

စက္တင္ဘာ ၄ ရက္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က ကုန္ထုတ္လုပ္မူႏွင့္ ဝန္ေဆာင္မူလုပ္ငန္း အသစ္ ၈ ခုကို ထပ္မံခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ေဒၚလာသန္း ၁၃၀ခန္႔ႏွင့္ က်ပ္ ဘီလီယံ ၁၃၉ ေက်ာ္တန္ဖိုး႐ွိသည္။ထိုထဲတြင္လက္႐ွိလုပ္ကိုင္သည့္ လုပ္ငန္း ၁၀ ခုကလည္း ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏထည့္တိုးျခင္းလည္းပါဝင္သည္ဟု ေကာ္မ႐ွင္ကဆိုသည္။

လက္႐ွိအခ်ိန္ထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၃၃၀ေက်ာ္ခြင့္ျပဳေပးခဲ့သည္ဟု ေကာ္မ႐ွင္က ထုတ္ျပန္သည္။

“ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က လုပ္ငန္းအသစ္ ၈ ခုနဲ႔ လက္႐ွိလုပ္ကိုင္ဆဲလုပ္ငန္း ၁၀ တို႔က ရင္းႏွီးျမႇဳပ္ႏွံမႈ ထက္တိုးခဲ့ပါတယ္။ စင္ကာပူ၊ တ႐ုတ္နဲ႔ ထိုင္းတို႔က ရင္းႏွီးျမႇဳပ္ႏွံသူမ်ားစာရင္းမွာ ထိပ္ဆုံးကပါ”ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ ဥကၠဌ ဦးေသာင္းထြန္းက ၎၏ လူမႈကြန္ယက္တြင္ေရးသားထားသည္။

ယခုဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏကို ေဒၚလာ ၅ ဒသမ ၈ ဘီလီယံဝင္ေရာက္မည္ဟု ေကာ္မ႐ွင္က ခန္႔မွန္းထားသည္။ ယခုဘ႑ာႏွစ္အတြက္ လုပ္ငန္းအသစ္ထပ္မံခြင့္ျပဳရန္အစည္းအေဝး တႀကိမ္သာက်န္႐ွိေတာ့သည္။

အစိုးရ၏ ရင္ႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးစီမံခ်က္အရ ၂၀၂၀-၂၁ ဘ႑ာႏွစ္အထိ တစ္ႏွစ္လွ်င္ ႏိုင္ ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ဝင္ေရာက္ရန္ ေမွ်ာ္မွန္းထားျခင္းျဖစ္သည္။ ၂၀၂၁-၂၂ ဘ႑ာႏွစ္မွ ၂၀၂၅-၂၆ ဘ႑ာႏွစ္အထိ ၈ ဒသမ ၅ ဘီလီယံ ခန္႔မွန္းထားသည္။

လက္႐ွိအခ်ိန္ထိ အမ်ားဆုံးဝင္ေရာက္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမူလုပ္ငန္းမ်ားမွာ လွ်ပ္စစ္က႑၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑ႏွင့္ ကုန္ထုတ္လုပ္မႈတို႔ျဖစ္သည္။ အစိုးရက ယခုဘ႑ာႏွစ္အတြင္း စင္ကာပူ၊ ထိုင္းႏွင့္ ကိုရီးယားစက္မႈဇုန္မ်ားကို အမ်ားအျပားခြင့္ျပဳလာသည္။ အထူးသျဖင့္ စင္ကာပူရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ႏိုင္ငံအတြင္း အမ်ားအျပားဝင္ေရာက္လာသည္။ ေဒၚလာသန္း ၂၃၀ တန္သည့္ ျမန္မာ-စင္ကာပူ ရင္း ႏွီးျမႇဳပ္ႏွံမႈျဖစ္သည့္ Sembcorp လွည္းကူးစက္မႈဇုန္၊ ေဒၚလာသန္း ၁၀၀ ေက်ာ္တန္သည့္ ကြၽန္းစုၿမိဳ႕ နယ္က ပုစြန္ေမြးျမဴေရးစီမံကိန္း တို႔သည္ ယခုႏွစ္အတြင္းခြင့္ျပဳ ေပးသည့္ နာမည္ေက်ာ္ စင္ကာပူစီမံကိန္းမ်ားျဖစ္သည္။

စင္ကာပူသည္ ျမန္မာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ေဆာင္႐ြက္ထားသည့္ ႏိုင္ငံျဖစ္ၿပီး လက္႐ွိအခ်ိန္ထိ ေဒၚလာ ၂၃ ဘီလီယံ ေက်ာ္ဖိုး၊ လုပ္ငန္း ၃၃၀ ခန္႔ရင္းႏွီးျမႇဳပ္ႏွံထားသည္။ ထိုပမာဏသည္ ျမန္မာႏိုင္ငံအတြင္း႐ွိသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအားလုံး၏ ၂ ရာ ခိုင္ႏႈန္းနီးပါး႐ွိသည္။ႏိုင္ငံအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ လုပ္ ငန္းေပါင္း ၂,၀၀၀ ေက်ာ္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၈၆ ဘီလီယံဖိုး႐ွိသည္။ ဒုတိယအမ်ားဆုံးမွာတ႐ုတ္ႏိုင္ငံျဖစ္ၿပီး ထိုင္း၊ ေဟာင္ေကာင္ ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔က အစဥ္လိုက္႐ွိေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service