ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅)ခု - Property Knowledge in Myanmar from iMyanmarHouse.com
1182 Views

ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅)ခု

Knowledge | Posted by Hnin Ei Khin

[Unicode]

မျက်နှာကြက်ကိုကြည့်၊ ငေးမော တွေးတောတတ်သူတွေအနေနဲ့ မျက်နှာကြက်လေးကို အလှဆင်ထားဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်အိမ်လောက် နွေးထွေးတဲ့နေရာ ဘာများရှိဦးမှာလဲ? အိမ်ဟာ ကိုယ့်အတွက် နားခိုမှေးစက်ရာသာမက လုံခြုံနွေးထွေးမှုကိုလည်း ပေးနိုင်ပါတယ်။ ကိုယ့်အိမ်လေးကို လှပနေအောင် ဖန်တီးထားရင် ကိုယ့်စိတ်ကလည်း ခွန်အားတွေရှိနေမှာပါ။ အိမ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကိုကြည့်၊ ငေးမော တွေးတောတတ်သူတွေအနေနဲ့ မျက်နှာကြက်လေးကို အလှဆင်ထားဖို့ အကြံပေးချင်ပါတယ်။

၁။ အလှအပလက်ရာ

မျက်နှာကြက်မှာ ပန်းချီလေးတွေ ဆွဲထားတာမျိုး လုပ်ကြည့်လို့ရပါတယ်။ အကြိုက်က ပြောင်းလဲတတ်တယ်ဆိုရင်တော့ vinyl ကပ်ထားပေါ့။ ဘယ်လိုဒီဇိုင်းမျိုးမဆို ကိုယ့်စိတ်ကြိုက်သာ ကပ်ထားလိုက်ပါ။

၂။ အလင်းရောင်

မျက်နှာကြက်မှာ အလင်းဖောက်နိုင်တဲ့ သွပ်တွေကို တပ်ကြပါတယ်။ ဒါပေမဲ့ အလင်းရောင်လေးတွေနဲ့ အလှဆင်ဖို့ကိုတော့ မေ့နေကြတယ်လေ။ ဖွင့်လို့ ပိတ်လို့ရတဲ့ မီးသီးလေးတွေ တပ်ထားပေါ့။ ညဘက်ဆို မျက်နှာကြက်က မီးရောင်စုံလေးတွေက စိတ်ကိုအေးစေပါတယ်။

၃။ နံရံကပ်စက္ကူ

နံရံတွေကိုသာ အလှစက္ကူတွေ ကပ်လို့ရတယ်လို့ ထင်နေမိတယ်မဟုတ်လား။ မျက်နှာကြက်မှာလည်း ကပ်လို့ရပါသေးတယ်။ နံရံတွေနဲ့ မျက်နှာကြက်တွေဟာ ကိုယ့်ရဲ့စိတ်အာရုံအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။

၄။ ဆေးသုတ်ပါ

မျက်နှာကြက်ဆို အဖြူရောင်ပဲ တွဲမြင်ကြတယ်။ မျက်နှာကြက်ဖြူဖြူတွေကိုချည်း မြင်နေရတာ ပျင်းစရာတော့ကောင်းသား။ ဒီလိုဆိုရင် တခြားအရောင်တွေကို သုတ်ထားကြည့်မလား? တစ်ရောင်မကလို့ ရောင်စုံဖြစ်ဖြစ် ဒါမှမဟုတ် ဒီဇိုင်းစုံအောင် သုတ်ထားလို့ရပါသေးတယ်။

၅။ ဖန်နဲ့မှန်တွေ

ဖန်ထည်တွေ မှန်လေးတွေက ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်စေပါတယ်။ အထူးသဖြင့် ကိုယ့်ခေါင်းပေါ်မှာ ရှိနေမယ်ဆို ဘေးကအရာတွေကို ပိုမြင်ရတာပေါ့။ အလင်းရောင်လည်း ပိုထွက်စေလို့ အခန်းကို ပိုကျယ်သယောင် ဖြစ်စေပါတယ်။ ဖန်ချောင်းလေးတွေ၊ မှန်ချပ်လေးတွေနဲ့ မျက်နှာကြက်ကို အလှဆင်မယ်ဆို အရင်ဆုံးစမ်းသပ်ပြီးမှ တပ်ထားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Duwun

 

[Zawgyi]




၁။ အလှအပလက်ရာ


၂။ အလင်းရောင်


၃။ နံရံကပ်စက္ကူ


၎။ ဆေးသုတ်ပါ


၅။ ဖန်နဲ့မှန်တွေ





Credit: Duwun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service