လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးမှု မြန်မာ-အိန္ဒိယ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
2366 Views

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးမှု မြန်မာ-အိန္ဒိယ ပြုလုပ်

[Unicode]

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးမှု မြန်မာနှင့် အိန္ဒိယ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စက်တင်ဘာလ(၃)ရက်က သိရသည်။

အဆိုပါဆွေးနွေးပွဲမှာ တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မ တီ အစည်းအဝေး (3rd Myanmar-India Joint Steering Committee on Electricity and Energy Cooperation) ဖြစ်ပြီး Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ Ministry of Power ၊ အတွင်းဝန် Shri Sanjiv Nandan Sahai နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် တို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အိန္ဒိယ နိုင်ငံမှ လျှပ်စစ် စွမ်းအားကဏ္ဍဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်စပ် ဖြတ်ကျော် လျှပ်စစ် ဓာတ်အားကုန်သွယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ရှိဒေသများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးကိစ္စရပ်များ၊ ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် အခြားစွမ်းအင် အရင်းအမြစ်များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်အကျိုးရှိ ထိရောက် စွာ အသုံးချရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာေဆြးေႏြးမႈ ျမန္မာ-အိႏၵိယ ျပဳလုပ္

လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာေဆြးေႏြးမႈ ျမန္မာႏွင့္ အိႏၵိယ ျပဳလုပ္ခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ စက္တင္ဘာလ(၃)ရက္က သိရသည္။

အဆိုပါေဆြးေႏြးပြဲမွာ တတိယအႀကိမ္ေျမာက္ ျမန္မာ-အိႏၵိယ လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ဦးေဆာင္ေကာ္မ တီ အစည္းအေဝး (3rd Myanmar-India Joint Steering Committee on Electricity and Energy Cooperation) ျဖစ္ၿပီး Video Conferencing စနစ္ျဖင့္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲတြင္ အိႏၵိယႏိုင္ငံ Ministry of Power ၊ အတြင္းဝန္ Shri Sanjiv Nandan Sahai ႏွင့္ ျမန္မာႏိုင္ငံ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးသန္းေဇာ္ တို႔မွ ပူးတြဲဥကၠ႒မ်ားအျဖစ္ ေဆာင္႐ြက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီးႏွင့္အိႏၵိယ ႏိုင္ငံမွ လွ်ပ္စစ္ စြမ္းအားက႑ဆိုင္ရာ ဌာနအဖြဲ႕အစည္းမ်ားမွ တာဝန္ရွိ ပုဂၢိဳလ္မ်ားႏွင့္ ျမန္မာႏိုင္ငံမွ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန တို႔မွ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္က႑တို႔အတြက္ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ နယ္စပ္ ျဖတ္ေက်ာ္ လွ်ပ္စစ္ ဓာတ္အားကုန္သြယ္ေရးကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ရွိေဒသမ်ားအား လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးႏိုင္ေရးကိစၥရပ္မ်ား၊ ျပန္ျပည့္ၿမဲစြမ္းအင္ အပါအဝင္ အျခားစြမ္းအင္ အရင္းအျမစ္မ်ားအသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ စြမ္းအင္အက်ိဳးရွိ ထိေရာက္ စြာ အသုံးခ်ေရးနယ္ပယ္တြင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ကိစၥရပ္မ်ားႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service