​ဗဟိုဘဏ်က ​ဩဂုတ်လအတွင်း ပြင်ပ​ဈေးကွက်က ​ဒေါ်လာ ၃၆ သန်း ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
1212 Views

​ဗဟိုဘဏ်က ​ဩဂုတ်လအတွင်း ပြင်ပ​ဈေးကွက်က ​ဒေါ်လာ ၃၆ သန်း ဝယ်ယူခဲ့

[Unicode]

ဗဟိုဘဏ်က ဩဂုတ်လအတွင်း ဒေါ်လာ ၃၆ သန်းကျော်ကို ဝယ်ယူခဲ့သော်လည်း ပြည်တွင်းငွေ ဈေးကွက်တွင် ဒေါ်လာဈေးဆက်လက်ကျဆင်းနေဆဲဖြစ်သည်။

ထိုသို့ဝယ်ယူရာတွင် အနိမ့်ဆုံးဈေး တစ်ဒေါ်လာ ကျပ် ၁၃၃၃ကျပ်မှ အမြင့်ဆုံး ၁၃၆၁ ကျပ်ဖြင့်ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သောအချက်အလက်စာရင်းများတွင် ဖော်ပြထားသည်။

ဗဟိုဘဏ်ပေါက်ဈေးသည် စက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၃၁ ရှိသည်။ ပြင်ပေါက်ဈေးသည် ငွေလဲကောင်တာအရောင်းသည်တစ်ဒေါ်လာ ၁၃၄၅ ကျပ်နှင့် ငွေလဲကောင်တာက အရောင်းသည် ၁၃၁၅ ကျပ်ဖြစ်သည်။

ဒေါ်လာဈေး တစ်ရှိန်ထိုးကျဆင်းမှုကို ကုစားရန် ဗဟိုဘဏ်က ၂၀၂၀ခုနှစ် ပထမ ခြောက်လကျော်အတွင်း ပြင်ပဈေးကွက်မှ ဒေါ်လာသန်း ၁၆၀ ကျော်ဝယ်ယူခဲ့သည်။

“ဗဟိုဘဏ်က ဈေးကွက်မှ အတက်အကျမများစေဖို့ ဝင်ထိန်းတဲ့သဘောနဲ့တနေ့ကို ဒေါ်လာ ၃သိန်းကျော်လောက်ဝယ်နေတာတွေ့ရတယ်။ ဒါကြောင့်လည်း ဈေးကွက်မှာ ဒေါ်လာဈေးကအတက်အကျမကြမ်းတဲ့ သဘောပေါ့”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသည့် ကိုဇော်လင်းထက်ကပြောသည်။

ဗဟိုဘဏ်ကလေလံ စနစ်ဖြင့် ဒေါ်လာများ ဝယ်ယူ၊ ရောင်းချနေခြင်းသည် အချိန်တိုတွင်းဒေါ်လာ အတက်အကျမများ စေရန်နှင့် နိုင်ငံခြားသုံး၊ရန်ပုံငွေကို ဖြည့်တင်းရန် အတွက်သာဖြစ်သည်ဟု ဗဟိုဘဏ်က ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဆောင်ရွက်ခြင်းသည် ငွေလဲနှုန်းတစ်ရပ်အတွက် ဈေးနှုန်းရှိစေရန်သာ ဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက် စေရန် (သို့မဟုတ်) ကျဆင်းစေရန်မဟုတ်ကြောင်း ထုတ်ပြန်ချက်ပါသည်။

ဗဟိုဘဏ်သည် မြန်မာကျပ် ငွေတန်ဖိုး သတ်မှတ်နှုန်းထက်ကျ ဆင်းပါက ဒေါ်လာကိုဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အခါ ဒေါ်လာကိုဈေး ပြိုင်စနစ်ဖြင့် ဝယ်ယူသည်။

နိုင်ငံခြားသုံးရန်ပုံငွေကို ဖြည့်တင်းရာတွင် ကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အခါ လေလံစနစ်ဖြင့် ဈေးကွက်အတွင်းမှဖြည့် တင်းသည်ဟု ဗဟိုဘဏ်ကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေလဲလှယ်သည့် နှုန်းထားကလည်း ယခုနှစ် ခြောက်လအတွင်း သိသာစွာကျဆင်းနေသည်ဟု ပြည်တွင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောသည်။ ဒေါ်လာငွေကြေးသာမက အခြားနိုင်ငံတကာငွေကြေးများလည်း တန်ဖိုးကျဆင်းပြီး မြန်မာ ကျပ်တန်ဖိုး ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ နှစ်စဉ် မိုးရာသီတွင် ပို့ကုန်ပိတ်၍ သွင်းကုန်များသောကြောင့် ဒေါ်လာဈေးမြင့်တက်လေ့ရှိသော်လည်း လက်ရှိ ၂၀၂၀ သည် ကိုဗစ်ကပ်ရောဂါကြောင့် ဒေါ်လာဈေးများ ကျဆင်းနေခြင်းဖြစ်သည်။

လက်ရှိ အစိုးရသက်တမ်းတွင် ၂၀၁၆ စက်တင်ဘာကစတင်ပြီး တစ်ဒေါ်လာ ကျပ် ၁,၂၀၀ မှ ကျပ် ၁,၆၀၀ ထိ မြင့်တက်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကိုဗစ်ကာလမတိုင်ခင်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင်တွင် တည်ငြိမ်နေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

​ဗဟိုဘဏ္က ​ဩဂုတ္လအတြင္း ျပင္ပ​ေဈးကြက္က ​ေဒၚလာ ၃၆ သန္း ၀ယ္ယူခဲ့

ဗဟိုဘဏ္က ဩဂုတ္လအတြင္း ေဒၚလာ ၃၆ သန္းေက်ာ္ကို ဝယ္ယူခဲ့ေသာ္လည္း ျပည္တြင္းေငြ ေဈးကြက္တြင္ ေဒၚလာေဈးဆက္လက္က်ဆင္းေနဆဲျဖစ္သည္။

ထိုသို႔ဝယ္ယူရာတြင္ အနိမ့္ဆုံးေဈး တစ္ေဒၚလာ က်ပ္ ၁၃၃၃က်ပ္မွ အျမင့္ဆုံး ၁၃၆၁ က်ပ္ျဖင့္ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဗဟိုဘဏ္က ထုတ္ျပန္ေသာအခ်က္အလက္စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

ဗဟိုဘဏ္ေပါက္ေဈးသည္ စက္တင္ဘာ ၁ ရက္တြင္ တစ္ေဒၚလာလွ်င္ က်ပ္ ၁၃၃၁ ႐ွိသည္။ ျပင္ေပါက္ေဈးသည္ ေငြလဲေကာင္တာအေရာင္းသည္တစ္ေဒၚလာ ၁၃၄၅ က်ပ္ႏွင့္ ေငြလဲေကာင္တာက အေရာင္းသည္ ၁၃၁၅ က်ပ္ျဖစ္သည္။

ေဒၚလာေဈး တစ္႐ွိန္ထိုးက်ဆင္းမႈကို ကုစားရန္ ဗဟိုဘဏ္က ၂၀၂၀ခုႏွစ္ ပထမ ေျခာက္လေက်ာ္အတြင္း ျပင္ပေဈးကြက္မွ ေဒၚလာသန္း ၁၆၀ ေက်ာ္ဝယ္ယူခဲ့သည္။

“ဗဟိုဘဏ္က ေဈးကြက္မွ အတက္အက်မမ်ားေစဖို႔ ဝင္ထိန္းတဲ့သေဘာနဲ႔တေန႔ကို ေဒၚလာ ၃သိန္းေက်ာ္ေလာက္ဝယ္ေနတာေတြ႕ရတယ္။ ဒါေၾကာင့္လည္း ေဈးကြက္မွာ ေဒၚလာေဈးကအတက္အက်မၾကမ္းတဲ့ သေဘာေပါ့”ဟု ေငြလဲလုပ္ငန္းေဆာင္႐ြက္ေနသည့္ ကိုေဇာ္လင္းထက္ကေျပာသည္။

ဗဟိုဘဏ္ကေလလံ စနစ္ျဖင့္ ေဒၚလာမ်ား ဝယ္ယူ၊ ေရာင္းခ်ေနျခင္းသည္ အခ်ိန္တိုတြင္းေဒၚလာ အတက္အက်မမ်ား ေစရန္ႏွင့္ ႏိုင္ငံျခားသုံး၊ရန္ပုံေငြကို ျဖည့္တင္းရန္ အတြက္သာျဖစ္သည္ဟု ဗဟိုဘဏ္က ဇူလိုင္ ၂၄ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

ဗဟိုဘဏ္က ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံေဆာင္႐ြက္ျခင္းသည္ ေငြလဲႏႈန္းတစ္ရပ္အတြက္ ေဈးႏႈန္း႐ွိေစရန္သာ ျဖစ္ၿပီး ျမန္မာက်ပ္ေငြ တန္ဖိုးျမင့္တက္ ေစရန္ (သို႔မဟုတ္) က်ဆင္းေစရန္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္ပါသည္။

ဗဟိုဘဏ္သည္ ျမန္မာက်ပ္ ေငြတန္ဖိုး သတ္မွတ္ႏႈန္းထက္က် ဆင္းပါက ေဒၚလာကိုေဈးၿပိဳင္ ေလလံစနစ္ျဖင့္ ေရာင္းခ်ၿပီး ျမန္မာက်ပ္ေငြတန္ဖိုး ျမင့္တက္လာသည့္အခါ ေဒၚလာကိုေဈး ၿပိဳင္စနစ္ျဖင့္ ဝယ္ယူသည္။

ႏိုင္ငံျခားသုံးရန္ပုံေငြကို ျဖည့္တင္းရာတြင္ က်ပ္ေငြတန္ဖိုး ျမင့္တက္လာသည့္အခါ ေလလံစနစ္ျဖင့္ ေဈးကြက္အတြင္းမွျဖည့္ တင္းသည္ဟု ဗဟိုဘဏ္ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခား ေငြလဲလွယ္သည့္ ႏႈန္းထားကလည္း ယခုႏွစ္ ေျခာက္လအတြင္း သိသာစြာက်ဆင္းေနသည္ဟု ျပည္တြင္း ပုဂၢလိကဘဏ္ လုပ္ငန္း႐ွင္မ်ားက ေျပာသည္။ ေဒၚလာေငြေၾကးသာမက အျခားႏိုင္ငံတကာေငြေၾကးမ်ားလည္း တန္ဖိုးက်ဆင္းၿပီး ျမန္မာ က်ပ္တန္ဖိုး ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။ ႏွစ္စဥ္ မိုးရာသီတြင္ ပို႔ကုန္ပိတ္၍ သြင္းကုန္မ်ားေသာေၾကာင့္ ေဒၚလာေဈးျမင့္တက္ေလ့႐ွိေသာ္လည္း လက္႐ွိ ၂၀၂၀ သည္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဒၚလာေဈးမ်ား က်ဆင္းေနျခင္းျဖစ္သည္။

လက္႐ွိ အစိုးရသက္တမ္းတြင္ ၂၀၁၆ စက္တင္ဘာကစတင္ၿပီး တစ္ေဒၚလာ က်ပ္ ၁,၂၀၀ မွ က်ပ္ ၁,၆၀၀ ထိ ျမင့္တက္ခဲ့သည္။ ေနာက္ပိုင္းႏွစ္မ်ားတြင္ ကိုဗစ္ကာလမတိုင္ခင္အထိ တစ္ေဒၚလာလွ်င္ က်ပ္ ၁,၅၀၀ ဝန္းက်င္တြင္ တည္ၿငိမ္ေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service