ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီကိုမပေးတော့ဘဲ အပိုင်းလိုက်သာအကောင်အထည်ဖော်တော့မည်ဟု ရန်ကုန်တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
10304 Views

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီကိုမပေးတော့ဘဲ အပိုင်းလိုက်သာအကောင်အထည်ဖော်တော့မည်ဟု ရန်ကုန်တိုင်းဝန်ကြီးပြော

[Unicode]

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီကိုလုပ်ကိုင်ခွင့်မပေးတော့ဘဲ စီမံကိန်းကို အပိုင်းလိုက်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကပြောသည်။

ထိုစီမံကိန်းသည် ယခင်က တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း အစိုးရဘက်က မူဝါဒပြောင်းလဲလိုက်သဖြင့် စီမံကိန်းကို အပိုင်းလိုက်သာအကောင်အထည်ဖော်တော့မည်ဟု ဝန်ကြီးကဆိုသည်၊

“ရန်ကုန်မြို့သစ်စီမံကိန်းကြီးကို အရင်လို လက်ရှိလုပ်ဖို့မရှိတော့ဘူး၊ ကျွန်တော်တို့က အုပ်စုလေးတွေ ပြန်ခွဲလိုက်ပြီး လုပ်မှာက အပိုင်းလေးတွေပဲ၊ ပထမဦးဆုံးလုပ်မယ်ဟာက စက်မှုဇုန်တခုပဲ”ဟု ဝန်ကြီး ဦးရဲမင်းဦးကပြောသည်။

ထိုစက်မှုဇုန်ကိုလည်း Swiss Challenge ခေါ်သွားမည်ဖြစ်ပြီး အနိုင်ရသည့်ကုမ္ပဏီက စီမံကိန်းကို လုပ်ကိုင်ခွင့်ရမည်ဟုဆိုသည်။

ှSwiss Challenge ခေါ်ရာတွင်လည်း အစိုးရနှင့်ပြည်သူလူထုအပေါ် အကျိုးအမြတ်များသည့် ကုမ္ပဏီကိုသာရွှေးချယ်သွားမည်ဟု ၎င်းကဆိုသည်။ ထိုစီမံကိန်းတခုလုံးကို တရုတ်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးတော့မည်မဟုတ်ကြောင်း ဝန်ကြီးကဆိုသည်။

ထိုစီမံကိန်းကို မြန်မာအစိုးရက ရန်ကုန်မြို့အနောက်ပိုင်းစက်မှုဇုန်ဟုခေါ်ပြီး ဇူလိုင် ၂၉ ရက်က ကျင်းပသည့် ဂျပန်-မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရပ်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ထိုစီမံကိန်း တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်မည့်ကုမ္ပဏီ ရွေးချယ်ရန် နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ်နေပြီး ထိုအဖွဲ့နှင့် ပေါင်းစပ်၍ ပွင့်လင်းမြင်သာသည့် Swiss Challenge ယှဉ် ပြိုင်မှုတင်ဒါစနစ်ဖြင့် ရင်းနှီးတည်ဆောက်သူအား ရွေးချယ်မည်ဟု ပြောသည်။

Swiss Challenge ဆိုသည် မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံး အကုန်အကျခံ လေ့လာစစ် တမ်းပြုလုပ်၍ စီမံကိန်းပုံစံထုတ် ပေးရမည်ဖြစ်သည်။စီမံကိန်းပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင် တင်ဒါဝင်ပြိုင်ရမည်ဖြစ်ပြီး အကယ်၍ တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီ က စီမံကိန်းပုံစံထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ်ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုစီမံကိန်းအတွက် Swiss Challenge တင်ခွင့်အတွက် တရုတ်ကုမ္ပဏီ CCCC ကိုပေးအပ်ထားသည်။ သို့သော်လည်း အမေရိကန်က ဩဂုတ် ၂၆ ရက်တွင် ထိုစီမံကိန်းဆောင်ရွက်ရထားသည် တရုတ်ကုမ္ပဏီက အမည်ပျက်စာရင်းသွင်းခဲ့သည်။

စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံး လူဦးရေသုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည်ဟု အဆိုပါကုမ္ပဏီသစ်က ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္ကုမၸဏီကိုမေပးေတာ့ဘဲ အပိုင္းလိုက္သာအေကာင္အထည္ေဖာ္ေတာ့မည္ဟု ရန္ကုန္တိုင္းဝန္ႀကီးေျပာ

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ တ႐ုတ္ကုမၸဏီကိုလုပ္ကိုင္ခြင့္မေပးေတာ့ဘဲ စီမံကိန္းကို အပိုင္းလိုက္အေကာင္အထည္ေဖာ္သြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီးစီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးရဲမင္းဦးကေျပာသည္။

ထိုစီမံကိန္းသည္ ယခင္က တ႐ုတ္အစိုးရပိုင္ CCCC ကုမၸဏီကို လုပ္ကိုင္ခြင့္ေပးထားေသာ္လည္း အစိုးရဘက္က မူဝါဒေျပာင္းလဲလိုက္သျဖင့္ စီမံကိန္းကို အပိုင္းလိုက္သာအေကာင္အထည္ေဖာ္ေတာ့မည္ဟု ဝန္ႀကီးကဆိုသည္၊

“ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႀကီးကို အရင္လို လက္႐ွိလုပ္ဖို႔မ႐ွိေတာ့ဘူး၊ ကြၽန္ေတာ္တို႔က အုပ္စုေလးေတြ ျပန္ခြဲလိုက္ၿပီး လုပ္မွာက အပိုင္းေလးေတြပဲ၊ ပထမဦးဆုံးလုပ္မယ္ဟာက စက္မႈဇုန္တခုပဲ”ဟု ဝန္ႀကီး ဦးရဲမင္းဦးကေျပာသည္။

ထိုစက္မႈဇုန္ကိုလည္း Swiss Challenge ေခၚသြားမည္ျဖစ္ၿပီး အႏိုင္ရသည့္ကုမၸဏီက စီမံကိန္းကို လုပ္ကိုင္ခြင့္ရမည္ဟုဆိုသည္။

ွSwiss Challenge ေခၚရာတြင္လည္း အစိုးရႏွင့္ျပည္သူလူထုအေပၚ အက်ိဳးအျမတ္မ်ားသည့္ ကုမၸဏီကိုသာေ႐ႊးခ်ယ္သြားမည္ဟု ၎ကဆိုသည္။ ထိုစီမံကိန္းတခုလုံးကို တ႐ုတ္ကုမၸဏီကို လုပ္ကိုင္ခြင့္ေပးေတာ့မည္မဟုတ္ေၾကာင္း ဝန္ႀကီးကဆိုသည္။

ထိုစီမံကိန္းကို ျမန္မာအစိုးရက ရန္ကုန္ၿမိဳ႕အေနာက္ပိုင္းစက္မႈဇုန္ဟုေခၚၿပီး ဇူလိုင္ ၂၉ ရက္က က်င္းပသည့္ ဂ်ပန္-ျမန္မာရင္းႏွီးျမႇဳပ္ႏွံမႈဖိုရပ္တြင္ ေၾကညာခဲ့ျခင္းျဖစ္သည္။စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္က ထိုစီမံကိန္း တည္ေဆာက္ေရးအတြက္ ရင္းႏွီးတည္ေဆာက္မည့္ကုမၸဏီ ေ႐ြးခ်ယ္ရန္ ႏိုင္ငံတကာအၾကံေပးအဖြဲ႕ကို ေ႐ြးခ်ယ္ေနၿပီး ထိုအဖြဲ႕ႏွင့္ ေပါင္းစပ္၍ ပြင့္လင္းျမင္သာသည့္ Swiss Challenge ယွဥ္ ၿပိဳင္မႈတင္ဒါစနစ္ျဖင့္ ရင္းႏွီးတည္ေဆာက္သူအား ေ႐ြးခ်ယ္မည္ဟု ေျပာသည္။

Swiss Challenge ဆိုသည္ မွာ ကုမၸဏီတစ္ခုက မိမိလုပ္ကိုင္လိုသည့္ စီမံကိန္းတစ္ခုကို အစ၊ အဆုံး အကုန္အက်ခံ ေလ့လာစစ္ တမ္းျပဳလုပ္၍ စီမံကိန္းပုံစံထုတ္ ေပးရမည္ျဖစ္သည္။စီမံကိန္းပုံစံထြက္လာပါက အျခားကုမၸဏီမ်ားႏွင့္အတူ ေဈးၿပိဳင္ တင္ဒါဝင္ၿပိဳင္ရမည္ျဖစ္ၿပီး အကယ္၍ တင္ဒါမေအာင္ျမင္ပါက တင္ဒါေအာင္ျမင္သည့္ကုမၸဏီ က စီမံကိန္းပုံစံထုတ္လုပ္ခဲ့သည့္ မူလကုမၸဏီကို ကုန္က်စရိတ္ျပန္လည္ေပးအပ္ရမည္ ျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ယခင္အစိုးရ လက္ထက္တြင္ စတင္ခဲ့သည့္ ေျမေနရာ႐ွိ ေျမ ဧက ၂၀,၀၀၀ တြင္ ပထမအဆင့္ စတင္ အေကာင္အထည္ေဖာ္မည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။

ထိုစီမံကိန္းအတြက္ Swiss Challenge တင္ခြင့္အတြက္ တ႐ုတ္ကုမၸဏီ CCCC ကိုေပးအပ္ထားသည္။ သို႔ေသာ္လည္း အေမရိကန္က ဩဂုတ္ ၂၆ ရက္တြင္ ထိုစီမံကိန္းေဆာင္႐ြက္ရထားသည္ တ႐ုတ္ကုမၸဏီက အမည္ပ်က္စာရင္းသြင္းခဲ့သည္။

စီမံကိန္းကို ရန္ကုန္ျမစ္အေနာက္ဘက္ကမ္းတြင္ တည္ေဆာက္မည္ျဖစ္ၿပီး အနည္းဆုံး လူဦးေရသုံးသန္းေက်ာ္ ေနထိုင္ႏိုင္မည့္အျပင္ အလုပ္အကိုင္အခြင့္အလမ္း ႏွစ္သန္းေက်ာ္ ဖန္တီးႏိုင္ရန္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ ၿမိဳ႕သစ္စီမံကိန္း တည္ေဆာက္ၿပီးစီးပါက စင္ကာပူႏိုင္ငံထက္ ႏွစ္ဆက်ယ္ဝန္းမည္ဟု အဆိုပါကုမၸဏီသစ္က ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service