မြန်မာ-ဂျပန် အပြန်အလှန်သွားလခွင့်ကို စက်တင်ဘာလတွင် ခွင့်ပြုပေးဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
655 Views

မြန်မာ-ဂျပန် အပြန်အလှန်သွားလခွင့်ကို စက်တင်ဘာလတွင် ခွင့်ပြုပေးဖွယ်ရှိ

[Unicode]

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ခရီးသွားလာခွင့်ကို အစောဆုံးအနေဖြင့် စက်တင်ဘာလတွင် ပြန်လည်ခွင့်ပြုပေးရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံး က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများသို့ ဂျပန်နိုင်ငံခြားဝန်ကြီးခရီးစဉ်အပြီးတွင်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေအပေါ် မူတည်၍ နှစ်နိုင်ငံအကြား ကာလရှည်နေထိုင်ခွင့်ရရှိထားသူများအား အပြန်အလှန်ဝင်ရောက်နိုင်ရေး နှင့် ပတ်သက်၍ တစ်ဆင့်ချင်း ဖြေလျှော့သွားရေး ကိစ္စရပ်များကို စက်တင်ဘာလလယ်တွင် ဆက်လက်ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့ကြခြင်းဖြစ်သည်ဟု မြန်မာဘက်ကသတင်းထုတ်ပြန်ထားသည်။

ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသူများသည် ၁၄ ရက်ကြာ စောင့်ကြည့်မှုကိုခံယူရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြန်မာနှင့် ဂျပန်အကြား အပြန်အလှန်ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ စက်တင်ဘာလလယ်တွင် ဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတိုသွားရောက်လိုသည့် အတတ် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမည့် Business Track အစီအစဉ် အပါအဝင် ဂျပန်အစိုးရကပေးအပ်သည့် ပညာသင်ဆုရရှိထား သော မြန်မာပညာတော်သင်များကို ဂျပန်နိုင်ငံသို့ မကြာမီဝင် ရောက်ခွင့်ပြုရေးတို့ကိုလည်း နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရသည် ပြည်ပ၌ အခက်အခဲ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လာနိုင်ရန် စီစဉ်ပေးသည့်အပြင် ပြည်ပနိုင်ငံများသို့ အရေးတကြီးသွားရောက်လိုသည့် မြန်မာနိုင်ငံသားများကိုလည်း ပြန်လည်ထွက်ခွာခွင့်ပြုမည်ဟု ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသားများကို ပြည်ပသို့ ထွက်ခွာခွင့်ပြုခြင်းမှာ ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ်သွားရောက်လိုသူများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများ၊ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ် ဖြင့်ဖြစ်စေ ပြည်ပတွင် ပညာသင် ကြားရန် သွားရောက်ကြရမည့် ပညာသင်များ၊ ကျောင်းသူ ကျောင်းသားများ၊ အခြားအကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေသူများအတွက်ဖြစ်သည် ဟု မြန်မာအစိုးရက ကြေညာထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာ-ဂ်ပန္ အျပန္အလွန္သြားလခြင့္ကို စက္တင္ဘာလတြင္ ခြင့္ျပဳေပးဖြယ္႐ွိ

ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံအၾကား ခရီးသြားလာခြင့္ကို အေစာဆုံးအေနျဖင့္ စက္တင္ဘာလတြင္ ျပန္လည္ခြင့္ျပဳေပးရန္ ႏွစ္ႏိုင္ငံ သေဘာတူညီမႈရ႐ွိခဲ့သည္ဟု ရန္ကုန္ၿမိဳ႕႐ွိ ဂ်ပန္သံ႐ုံး က ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံအပါအဝင္ အာ႐ွႏိုင္ငံမ်ားသို႔ ဂ်ပန္ႏိုင္ငံျခားဝန္ႀကီးခရီးစဥ္အၿပီးတြင္တြင္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္မည့္ အေျခအေနအေပၚမူတည္၍ ႏွစ္ႏိုင္ငံအၾကား ကာလ႐ွည္ေနထိုင္ခြင့္ရ႐ွိထားသူမ်ားအား အျပန္အလွန္ဝင္ေရာက္ႏိုင္ေရးႏွင့္ ပတ္သက္၍ တစ္ဆင့္ခ်င္း ေျဖေလွ်ာ့သြားေရး ကိစၥရပ္မ်ားကို စက္တင္ဘာလလယ္တြင္ ဆက္လက္ေဆြးေႏြးရန္ ႏွစ္ဖက္သေဘာတူခဲ့ၾကျခင္းျဖစ္သည္ဟု ျမန္မာဘက္ကသတင္းထုတ္ျပန္ထားသည္။

ဂ်ပန္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ ဂ်ပန္ႏိုင္ငံသို႔ ဝင္ေရာက္လာသူမ်ားသည္ ၁၄ ရက္ၾကာ ေစာင့္ၾကည့္မႈကိုခံယူရမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကမူ ျမန္မာႏွင့္ ဂ်ပန္အၾကား အျပန္အလွန္ဝင္ေရာက္ခြင့္ႏွင့္ ပတ္သက္၍ စက္တင္ဘာလလယ္တြင္ ေဆြးေႏြးမည္ဟု ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ဂ်ပန္ႏိုင္ငံသို႔ ကာလတိုသြားေရာက္လိုသည့္ အတတ္ ပညာ႐ွင္မ်ားႏွင့္ စီးပြားေရးလုပ္ငန္း႐ွင္မ်ားအတြက္ ဂ်ပန္ႏိုင္ငံသို႔ ဝင္ေရာက္ခြင့္ကို ေျဖေလွ်ာ့ေပးမည့္ Business Track အစီအစဥ္ အပါအဝင္ ဂ်ပန္အစိုးရကေပးအပ္သည့္ ပညာသင္ဆုရ႐ွိထား ေသာ ျမန္မာပညာေတာ္သင္မ်ားကို ဂ်ပန္ႏိုင္ငံသို႔ မၾကာမီဝင္ ေရာက္ခြင့္ျပဳေရးတို႔ကိုလည္း ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးခဲ့သည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္႐ွိအခ်ိန္တြင္ ျမန္မာအစိုးရသည္ ျပည္ပ၌ အခက္အခဲ ၾကဳံေတြ႕ေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို ကယ္ဆယ္ေရးေလယာဥ္မ်ားျဖင့္ ျပန္လည္ဝင္ေရာက္လာႏိုင္ရန္ စီစဥ္ေပးသည့္အျပင္ ျပည္ပႏိုင္ငံမ်ားသို႔ အေရးတႀကီးသြားေရာက္လိုသည့္ ျမန္မာႏိုင္ငံသားမ်ားကိုလည္း ျပန္လည္ထြက္ခြာခြင့္ျပဳမည္ဟု ဇူလိုင္ ၂၇ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံသားမ်ားကို ျပည္ပသို႔ ထြက္ခြာခြင့္ျပဳျခင္းမွာ ေဆးကုသမႈႏွင့္ ခြဲစိတ္ကုသမႈ ေဆာင္႐ြက္ရန္ အေရးေပၚသြားေရာက္လိုသူမ်ား၊ ျပည္ပတြင္ အလုပ္လုပ္ကိုင္ရန္ လုပ္ငန္းခြင္သို႔ အခ်ိန္မီဝင္ေရာက္ရန္ လိုအပ္ေနသည့္ အလုပ္သမားမ်ား၊ သေဘၤာသားမ်ား၊ ႏိုင္ငံေတာ္အစိုးရအစီအစဥ္ျဖင့္ျဖစ္ေစ၊ မိမိအစီအစဥ္ ျဖင့္ျဖစ္ေစ ျပည္ပတြင္ ပညာသင္ ၾကားရန္ သြားေရာက္ၾကရမည့္ ပညာသင္မ်ား၊ ေက်ာင္းသူ ေက်ာင္းသားမ်ား၊ အျခားအေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပသို႔ အေရးေပၚသြားေရာက္ရန္ လိုအပ္ေနသူမ်ားအတြက္ျဖစ္သည္ ဟု ျမန္မာအစိုးရက ေၾကညာထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service