ဟံသာဝတီလေဆိပ်စီမံကိန်းစတင်ဆောင်ရွက်ပြီဟု လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှုဦးစီးဌာန ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
8645 Views

ဟံသာဝတီလေဆိပ်စီမံကိန်းစတင်ဆောင်ရွက်ပြီဟု လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှုဦးစီးဌာန ထုတ်ပြန်

[Unicode]

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

ထိုစီမံကိန်း ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်ဖြစ်၍ စီမံကိန်း ကနဦးဖြစ်နိုင်ချေများကို ဩဂုတ် ၁၈ ရက် စတင်လေ့လာနေပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

ထိုစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှု ဦးစီးဌာနက JICA(ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)၏ အကူအညီဖြင့် ပဲခူးမြို့ အနောက်ဘက်ခြမ်းတွင် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုစီမံကိန်းတည်ဆောက်ရခြင်းမှာ ပြည်တွင်း၊ပြည်ပခရီးသွားများပြားလာစေရန်၊ ကုန်စည်ပို့ဆောင်ရေး ပိုမိုလုပ်ဆောင်လာနိုင်ရန်နှင့် ဒေသစီးပွားရေးနှင့်လူမူရေးဖွံဖြိုးတိုးတက်လာစေရန် ဖြစ်သည်ဟု အဆိုပါဦးစီးဌာနက ထုတ်ပြန်သည်။ လေဆိပ်စီမံကိန်းနှင့်အတူ လမ်းအသစ်များ၊ ရေဆိုးသန့်စင်စက်ရုံ၊ရေပေးဝေရေးစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းစဉ်များပါ ပါဝင်မည်ဟုဆိုသည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံက ရာခိုင်နှုန်းပြည့်ချေး ငွေပေးမည် ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့်ဆွေး နွေးပွဲလေးကြိမ် ပြုလုပ်ထားပြီး ဂျပန်နိုင်ငံက ချေးငွေကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ နှစ်ဘီလီယံအထိ ပေးမည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကဆိုထားသည်။

ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မူများအတွက်လေ့လာမူများ(EIA)ကို JICA Study Teamနှင့် ပြည်တွင်းပတ်ဝန်းကျင်အကြံပေးအဖွဲ့Total Business Solutionတို့က ဆောင်ရွက်မည်ဖြစ်သည်။ ထိုအစီရင်ခံစာမူကြမ်းကို ၂၀၂၀ အောက်တိုဘာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြမည်ဟုဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝင် ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍လေယာဉ် ကြီးဆင်းသက်ရန် အခက်အခဲရှိ သဖြင့် နိုင်ငံတကာ လေဆိပ်အသစ်တည်ဆောက်ရန် လိုအပ်ခြင်းဖြစ်သည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပဲခူးမြို့ကျောက်တိုင် ရွာအနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။

စီမံကိန်းကို ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။

ထိုတင်ဒါအောင်ထားမှု သ ဘောတူညီချက်သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးခဲ့သည်။ ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက်သက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဟံသာဝတီေလဆိပ္စီမံကိန္းစတင္ေဆာင္႐ြက္ၿပီဟု ေလေၾကာင္းပို႔ေဆာင္ေရးၫြန္႔ၾကားမႈဦးစီးဌာန ထုတ္ျပန္

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းကို ဂ်ပန္ႏိုင္ငံအကူအညီျဖင့္ စတင္ေဆာင္႐ြက္ၿပီျဖစ္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးၫြန္႔ၾကားမႈဦးစီးဌာနက ဩဂုတ္ ၂၆ ရက္တြင္ ထုတ္ျပန္သည္။

ထိုစီမံကိန္း ပထမအဆင့္ကို ၂၀၂၇ တြင္ အၿပီးေဆာင္႐ြက္မည္ျဖစ္၍ စီမံကိန္း ကနဦးျဖစ္ႏိုင္ေခ်မ်ားကို ဩဂုတ္ ၁၈ ရက္ စတင္ေလ့လာေနၿပီျဖစ္သည္ဟု ထုတ္ျပန္သည္။

ထိုစီမံကိန္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနလက္ေအာက္႐ွိ ေလေၾကာင္းပို႔ေဆာင္ေရးၫြန္႔ၾကားမႈ ဦးစီးဌာနက JICA(ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ)၏ အကူအညီျဖင့္ ပဲခူးၿမိဳ႕ အေနာက္ဘက္ျခမ္းတြင္ ေဆာင္႐ြက္ျခင္း ျဖစ္သည္ဟုဆိုသည္။

ထိုစီမံကိန္းတည္ေဆာက္ရျခင္းမွာ ျပည္တြင္း၊ျပည္ပခရီးသြားမ်ားျပားလာေစရန္၊ ကုန္စည္ပို႔ေဆာင္ေရး ပိုမိုလုပ္ေဆာင္လာႏိုင္ရန္ႏွင့္ ေဒသစီးပြားေရးႏွင့္လူမူေရးဖြံၿဖိဳးတိုးတက္လာေစရန္ ျဖစ္သည္ဟု အဆိုပါဦးစီးဌာနက ထုတ္ျပန္သည္။ ေလဆိပ္စီမံကိန္းႏွင့္အတူ လမ္းအသစ္မ်ား၊ ေရဆိုးသန္႔စင္စက္႐ုံ၊ေရေပးေဝေရးစနစ္၊ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးႏွင့္ ဆက္သြယ္ေရးလုပ္ငန္းစဥ္မ်ားပါ ပါဝင္မည္ဟုဆိုသည္။

အဆိုပါ စီမံကိန္းအတြက္ ဂ်ပန္ႏိုင္ငံက ရာခိုင္ႏႈန္းျပည့္ေခ်း ေငြေပးမည္ ျဖစ္သည္။ အဆိုပါစီမံကိန္းအတြက္ ႏွစ္ႏိုင္ငံ ဒုတိယဝန္ႀကီးအဆင့္ေဆြး ေႏြးပြဲေလးႀကိမ္ ျပဳလုပ္ထားၿပီး ဂ်ပန္ႏိုင္ငံက ေခ်းေငြကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံမွ ႏွစ္ဘီလီယံအထိ ေပးမည္ျဖစ္သည္ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနကဆိုထားသည္။

ထိုစီမံကိန္းအတြက္ သဘာဝပတ္ဝန္းက်င္ထိခိုက္မူမ်ားအတြက္ေလ့လာမူမ်ား(EIA)ကို JICA Study Teamႏွင့္ ျပည္တြင္းပတ္ဝန္းက်င္အၾကံေပးအဖြဲ႕Total Business Solutionတို႔က ေဆာင္႐ြက္မည္ျဖစ္သည္။ ထိုအစီရင္ခံစာမူၾကမ္းကို ၂၀၂၀ ေအာက္တိုဘာတြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနသို႔ တင္ျပမည္ဟုဆိုသည္။

ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ ခရီးသည္ဝင္ ေရာက္မႈ အကန္႔အသတ္႐ွိၿပီး ေျပးလမ္းတစ္ခုသာ႐ွိ၍ေလယာဥ္ ႀကီးဆင္းသက္ရန္ အခက္အခဲ႐ွိ သျဖင့္ ႏိုင္ငံတကာ ေလဆိပ္အသစ္တည္ေဆာက္ရန္ လိုအပ္ျခင္းျဖစ္သည္။

ဦးသိန္းစိန္ အစိုးရ လက္ထက္တြင္ ပဲခူးၿမိဳ႕ေက်ာက္တိုင္ ႐ြာအနီး ဂ်ပန္ေခတ္ေလဆိပ္သဖြယ္ အသုံးျပဳေသာ ေျမဧက ၉၀၀ ေက်ာ္၌ ဟံသာဝတီေလဆိပ္အသစ္ အေကာင္အထည္ေဖာ္ရန္ စီစဥ္ခဲ့သည္။

စီမံကိန္းကို ဂ်ပန္ JGC ကုမၸဏီ၊ စင္ကာပူမွ Yongnam Holdings ကုမၸဏီႏွင့္ Changi Airport International ကုမၸဏီ သုံးခုေပါင္း အစု႐ွယ္ယာပိုင္သည့္ စီးပြားေရးလုပ္ငန္းစုႀကီးက ၂၀၁၄ ေအာက္တိုဘာတြင္ တင္ဒါရ႐ွိခဲ့သည္။

ထိုတင္ဒါေအာင္ထားမႈ သ ေဘာတူညီခ်က္သက္တမ္းသည္ ၂၀၁၈ ဇန္နဝါရီ၌ ကုန္ဆုံးခဲ့သည္။ ဟံသာဝတီ ေလဆိပ္စီမံကိန္း အေကာင္အထည္ေဖာ္ရန္ ျမန္မာအစိုးရႏွင့္ သေဘာတူညီခ်က္သက္တမ္းကုန္ဆုံးၿပီျဖစ္ေသာ္လည္း ညႇိႏိႈင္းမႈ အဆင္မေျပ၍ သက္တမ္းမတိုးႏိုင္ေသးေၾကာင္း စင္ကာပူ Yongnam Holdings ကုမၸဏီက ၂၀၁၈ ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service