ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသည့် အသေးစားနှင့်အလတ်စား MSMEs လုပ်ငန်းများကို အရေးပေါ်ချေးငွေ အဖြစ် ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
961 Views

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသည့် အသေးစားနှင့်အလတ်စား MSMEs လုပ်ငန်းများကို အရေးပေါ်ချေးငွေ အဖြစ် ထုတ်ချေးမည်

[Unicode]

JICA MSME Two-Step Loan ချေးငွေစီမံကိန်းတွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution-PFI)ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသော အသေးစား၊အလတ်စား MSMEs လုပ်ငန်းများကို အရေးပေါ်ချေးငွေအဖြစ်သတ်မှတ်၍ ချေးငွေထုတ်ချေးသွားမည်ဖြစ်သည်။

အရေးပေါ်ချေးငွေ (Emergency Loan) လျောက်ထားရာတွင် JICA MSME TSL Emergency Loan ချေးငွေစီမံကိန်းတွင် တားမြစ်ထားသည့် လုပ်ငန်းများမှအပ ကိုဗစ်-၁၉ ကြောင့် အမှန်တကယ် ထိခိုက်မှုရှိသော လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်လည်ပတ်နိုင်သည့် MSMEs ဖြစ်ရမည့်အပြင် ချေးငွေဖြင့်လုပ်ငန်းပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Emergency Business Plan) တင်ပြရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေ၊ ခွင့်ပြုလုပ်ငန်းလိုင်စင် သက်တမ်းရှိရမည်ဖြစ်ပြီး ပုံမှန်ချေးငွေတွင် ကျပ်သန်း(၅၀၀)အထိ ရယူထားပြီးသူများမှလည်း ကိုဗစ်-၁၉ကြောင့် လုပ်ငန်းအမှန်တကယ် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက အရေးပေါ်ချေးငွေ (Emergency Loan) အား ထပ်မံလျှောက်ထားနိုင်မည်ဖြစ်သည်။

အရေးပေါ် ချေးငွေအား Fixed Capital နှင့် Working Capital များအတွက် အသုံးပြုနိုင်ပြီး လိုအပ်ပါက လုပ်ငန်းရှင်တင်ပြသည့် ချေးငွေဖြင့်လုပ်ငန်းကို ပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်မည့်လုပ်ငန်း စီမံချက် (Emergency Business Plan) အရ Working Capital ကို ၁၀၀ ရာခိုင်နှုန်းထိ ခွင့်ပြုမည် ဖြစ်သည်။

အဆိုပါ အရေးပေါ်ချေးငွေ လျောက်ထားရန် ဘဏ်ချေးငွေအဆိုလွှာ (ချေးငွေအသုံးပြုမည့် ရည်ရွယ်ချက်၊ ချေးငွေပြန်လည်ပေးဆပ်မည့် အစီအစဉ်တို့ကို ပြည့်စုံစွာဖော်ပြရန်)၊ ချေးငွေဖြင့်လုပ်ငန်းကို ပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက် (Emergency Business Plan)၊ မြေဂရန်စာချုပ်/ ဘိုးဘပိုင်မြေ စာချုပ်များ/ လန(၃၉)/ လယ ၃၀ (က) (ခ)/ ၃(ခ)၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးသည့် SME Card၊ လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုထားသည့် သက်တမ်းရှိလုပ်ငန်းလိုင်စင်နှင့် အခွန် ထမ်းဆောင်မှုပြေစာများ၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်(online) ၊ ဒါရိုက်တာစာရင်း၊ အစုရှယ်ယာ ထည့်ဝင်မှု စာရင်း၊ အစည်းအဝေးဆုံးဖြတ်ချက်၊ MSME လုပ်ငန်း၏ ဝင်ငွေနှိုင်းယှဉ်ချက် (၂၀၁၉ မတ်၊ ဧပြီ၊ မေ နှင့် ၂၀၂၀ မတ်၊ ဧပြီ၊ မေ)၊ လုပ်ငန်းရှင်၏ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်၊ အာမခံပေးအပ်ပါက အာမခံအဆောက်အဦ၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ၊ ချေးငွေအသုံးပြုမည့်အစီအစဉ်တွင် Fixed Capital အသုံးပြုမည့် အစီအစဉ်ပါရှိပါက ပုံသေပိုင် ပစ္စည်းဝယ်ယူအသုံးပြုမှု အစီအစဉ်နှင့် ပြုပြင်/တည်ဆောက် မည့်စက်ရုံ/အလုပ်ရုံ အခြေအနေ ဖော်ပြချက်တို့ တင်ပြရမည်ဖြစ်သည်။

ယင်း ချေးငွေအဆိုလွှာပါ အထောက်အထားများကို မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးချေးငွေဌာနမှ စိစစ်၍ အရေးပေါ်ချေးငွေသတ်မှတ်ချက်များနှင့် ကိုက်ညီက ဦးဆောင်ညွှန်ကြားရေးမှူးထံ အမှုတွဲတည်ဆောက် ခွင့်ပြုမိန့်တင်ပြမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပါက JICA MSME Two-Step Loan (Ordinary Loan) ချေးငွေအမှုတွဲ ပြုစုတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက် အထောက်အထားများ အတိုင်းပူးတွဲလျက် ချေးငွေအမှုတွဲကို ပြည့်စုံစွာ ပြုစုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈ႐ွိသည့္ အေသးစားႏွင့္အလတ္စား MSMEs လုပ္ငန္းမ်ားကို အေရးေပၚေခ်းေငြ အျဖစ္ ထုတ္ေခ်းမည္

JICA MSME Two-Step Loan ေခ်းေငြစီမံကိန္းတြင္ ေငြေရးေၾကးေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္သည့္ အဖြဲ႕အစည္း (Participating Financial Institution-PFI)ျဖစ္သည့္ ျမန္မာ့စီးပြားေရးဘဏ္မွ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈ႐ွိေသာ အေသးစား၊အလတ္စား MSMEs လုပ္ငန္းမ်ားကို အေရးေပၚေခ်းေငြအျဖစ္သတ္မွတ္၍ ေခ်းေငြထုတ္ေခ်းသြားမည္ျဖစ္သည္။

အေရးေပၚေခ်းေငြ (Emergency Loan) ေလ်ာက္ထားရာတြင္ JICA MSME TSL Emergency Loan ေခ်းေငြစီမံကိန္းတြင္ တားျမစ္ထားသည့္ လုပ္ငန္းမ်ားမွအပ ကိုဗစ္-၁၉ ေၾကာင့္ အမွန္တကယ္ ထိခိုက္မႈ႐ွိေသာ လုပ္ငန္းျဖစ္ရမည္ျဖစ္ၿပီး ေခ်းေငြရ႐ွိပါက ခ်က္ခ်င္းျပန္လည္စတင္လည္ပတ္ႏိုင္သည့္ MSMEs ျဖစ္ရမည့္အျပင္ ေခ်းေငြျဖင့္လုပ္ငန္းပုံမွန္ျပန္လည္ လည္ပတ္ႏိုင္ေအာင္ ေဆာင္႐ြက္မည့္ လုပ္ငန္းစီမံခ်က္ (Emergency Business Plan) တင္ျပရမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ ေခ်းေငြအား ျပန္လည္ေပးဆပ္ႏိုင္မည့္ ခိုင္လုံေသာ အေျခအေန၊ ခြင့္ျပဳလုပ္ငန္းလိုင္စင္ သက္တမ္း႐ွိရမည္ျဖစ္ၿပီး ပုံမွန္ေခ်းေငြတြင္ က်ပ္သန္း(၅၀၀)အထိ ရယူထားၿပီးသူမ်ားမွလည္း ကိုဗစ္-၁၉ေၾကာင့္ လုပ္ငန္းအမွန္တကယ္ ထိခိုက္မႈျဖစ္ေပၚခဲ့ပါက အေရးေပၚေခ်းေငြ (Emergency Loan) အား ထပ္မံေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။

အေရးေပၚ ေခ်းေငြအား Fixed Capital ႏွင့္ Working Capital မ်ားအတြက္ အသုံးျပဳႏိုင္ၿပီး လိုအပ္ပါက လုပ္ငန္း႐ွင္တင္ျပသည့္ ေခ်းေငြျဖင့္လုပ္ငန္းကို ပုံမွန္ျပန္လည္ လည္ပတ္ႏိုင္ေအာင္ ေဆာင္႐ြက္မည့္လုပ္ငန္း စီမံခ်က္ (Emergency Business Plan) အရ Working Capital ကို ၁၀၀ ရာခိုင္ႏႈန္းထိ ခြင့္ျပဳမည္ ျဖစ္သည္။

အဆိုပါ အေရးေပၚေခ်းေငြ ေလ်ာက္ထားရန္ ဘဏ္ေခ်းေငြအဆိုလႊာ (ေခ်းေငြအသုံးျပဳမည့္ ရည္႐ြယ္ခ်က္၊ ေခ်းေငြျပန္လည္ေပးဆပ္မည့္ အစီအစဥ္တို႔ကို ျပည့္စုံစြာေဖာ္ျပရန္)၊ ေခ်းေငြျဖင့္လုပ္ငန္းကို ပုံမွန္ျပန္လည္ လည္ပတ္ႏိုင္ေအာင္ ေဆာင္႐ြက္မည့္လုပ္ငန္းစီမံခ်က္ (Emergency Business Plan)၊ ေျမဂရန္စာခ်ဳပ္/ ဘိုးဘပိုင္ေျမ စာခ်ဳပ္မ်ား/ လန(၃၉)/ လယ ၃၀ (က) (ခ)/ ၃(ခ)၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနမွ ထုတ္ေပးသည့္ SME Card၊ လုပ္ငန္းအမ်ိဳးအစားအလိုက္ ခြင့္ျပဳထားသည့္ သက္တမ္း႐ွိလုပ္ငန္းလိုင္စင္ႏွင့္ အခြန္ ထမ္းေဆာင္မႈေျပစာမ်ား၊ ကုမၸဏီျဖစ္ပါက ကုမၸဏီမွတ္ပုံတင္(online) ၊ ဒါ႐ိုက္တာစာရင္း၊ အစု႐ွယ္ယာ ထည့္ဝင္မႈစာရင္း၊ အစည္းအေဝးဆုံးျဖတ္ခ်က္၊ MSME လုပ္ငန္း၏ ဝင္ေငြႏိႈင္းယွဥ္ခ်က္ (၂၀၁၉ မတ္၊ ဧၿပီ၊ ေမ ႏွင့္ ၂၀၂၀ မတ္၊ ဧၿပီ၊ ေမ)၊ လုပ္ငန္း႐ွင္၏ အိမ္ေထာင္စုဇယားႏွင့္ မွတ္ပုံတင္၊ အာမခံေပးအပ္ပါက အာမခံအေဆာက္အဦ၏ ေ႐ွ႕၊ ေနာက္၊ ဝဲ၊ ယာ ဓါတ္ပုံမ်ား၊ ေခ်းေငြအသုံးျပဳမည့္အစီအစဥ္တြင္ Fixed Capital အသုံးျပဳမည့္ အစီအစဥ္ပါ႐ွိပါက ပုံေသပိုင္ ပစၥည္းဝယ္ယူအသုံးျပဳမႈ အစီအစဥ္ႏွင့္ ျပဳျပင္/တည္ေဆာက္ မည့္စက္႐ုံ/အလုပ္႐ုံ အေျခအေန ေဖာ္ျပခ်က္တို႔ တင္ျပရမည္ျဖစ္သည္။

ယင္း ေခ်းေငြအဆိုလႊာပါ အေထာက္အထားမ်ားကို ျမန္မာ့စီးပြားေရးဘဏ္(႐ုံးခ်ဳပ္)၊ ဖြံ႕ၿဖိဳးေရးေခ်းေငြဌာနမွ စိစစ္၍ အေရးေပၚေခ်းေငြသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီက ဦးေဆာင္ၫႊန္ၾကားေရးမႉးထံ အမႈတြဲတည္ေဆာက္ ခြင့္ျပဳမိန္႔တင္ျပမည္ျဖစ္ၿပီး ခြင့္ျပဳမိန္႔ရ႐ွိပါက JICA MSME Two-Step Loan (Ordinary Loan) ေခ်းေငြအမႈတြဲ ျပဳစုတင္ျပရာတြင္ ပါဝင္ရမည့္အခ်က္အလက္ အေထာက္အထားမ်ား အတိုင္းပူးတြဲလ်က္ ေခ်းေငြအမႈတြဲကို ျပည့္စုံစြာ ျပဳစုတင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service