ပြင်ဦးလွင်က အကွက်ရိုက်ရောင်းတဲ့မြေတွေ စိစစ်မယ် - Property News in Myanmar from iMyanmarHouse.com
730 Views

ပြင်ဦးလွင်က အကွက်ရိုက်ရောင်းတဲ့မြေတွေ စိစစ်မယ်

[Unicode]

တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မှာ မြေကွက်တွေအကွက်ရိုက်ရောင်းချ၊ အိမ်တွေဆောက်နေတာတွေဟာ လယ်မြေနဲ့ သစ်တောမြေတွေပါ ပါနေတာဖြစ်လို့ နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

လယ်ယာမြေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို အချိန်မီတားဆီးဖို့ လိုအပ်ပြီး ဥပဒေနဲ့အညီစီမံဆောင်ရွက်မှုများလုပ်ဆောင်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပြီး မန္တလေးတိုင်းလွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဖြစ်သူ ဦးတင်အောင်က အခုလိုပဲပြောပါတယ်။

ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို အနည်းဆုံး သိန်း၂၀ ကနေ အများဆုံး သိန်း ၃၀၀ အထိရှိနိုင်ပြီး နေရာပေါ်မူတည်ပြီး ဈေးကွာသွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ အများစုကြော်ငြာရောင်းချနေတာက ပုံစံ - ၇၊ အခြားနည်းသုံးစွဲခွင့် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ ကျပြီးဖြစ်တယ်လို့ ကြော်ငြာတွေရောင်းချနေကြတာတွေ့ရပါတယ်။

အဲဒီလိုရောင်းချနေမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကအခုလိုပဲပြောပါတယ်။

ဒါ့အပြင် ရွာမြေတိုးချဲ့မြေဝယ်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကအခုလိုပဲပြောပြပါတယ်။

မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေဧက ခြောက်သိန်းကျော်ရှိပြီး မြေလွတ်မြေရိုင်းကတော့ ဧကပေါင်း၂ သိန်းကျော်ရှိပါတယ်။ လယ်မြေတွေပေါ်မှာ အကွက်ရိုက်တာအဆောက်အအုံဆောက်တာတွေကြောင့် တားမြစ်တာ၊ အမှုဖွင့်အရေးယူတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

အများဆုံးကတော့ မန္တလေးခရိုင်အတွင်းနဲ့ ပြင်ဦးလွင်တို့မှာဖြစ်ပါတယ်။ ဒါ့အပြင် သစ်တောမြေဧရိယာထဲမှာ ဝင်ရောက်ပြီး အကွက်ရိုက် အိမ်ဆောက်လုပ်မှုတွေရှိလို့ တားမြစ်ရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လယ်ယာမြေများကို ဧကလိုက်ဝယ်ယူပြီး အကွက်ရိုက်ရောင်းချ ရောင်းသူက ရောင်းပြီးတဲ့ နောက် အဆင့်ဆင့်လက်လွှဲရောင်းချပြီးမှ ဥပဒေကြောင်းအရ ရင်ဆိုင်နေကြတာလည်းရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ထံကနေ စုံစမ်းသိရပါတယ်။

အကွက်ရိုက်ရောင်းတာတွေများလာတာကြောင့် သစ်ပင်တွေခုတ်လှဲတာတွေရှိနေလို့ သဘာဝပတ်ဝန်ကျင်ထိခိုက်မှုများစွာရှိနေတယ်လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့က အတွင်းရေးမှူး ဦးကိုကိုကြီးက အခုလိုပဲပြောပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service