ကွန်ဒိုမီနီယံ စီမံကိန်း (၁၂) ခုကို စုပေါင်းပိုင်အဆောက်အအုံအဖြစ်သတ်မှတ်ထား - Property News in Myanmar from iMyanmarHouse.com
2678 Views

ကွန်ဒိုမီနီယံ စီမံကိန်း (၁၂) ခုကို စုပေါင်းပိုင်အဆောက်အအုံအဖြစ်သတ်မှတ်ထား

[Unicode]

ကွန်ဒိုမီနီယံ စီမံကိန်း (၁၂) ခုကို စုပေါင်းပိုင်အဆောက်အအုံအဖြစ် တည်ထောင်ရန်ခွင့်ပြုမိန်ပေးထားကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကထုတ်ပြန်ထားသည်။

ထိုအဆောက်အအုံများတွင် နိုင်ငံခြားသားများက တိုက်ခန်းစုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး စီမံကိန်းစုစုပေါင်းတွင် တိုက်ခန်းပေါင်း သုံးထောင်ကျော်ရှိသည်။

ထိုစီမံကိန်းများမှာ နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီ၏ Royal Maung Bamar Residences ၊ တကောင်ဘွားကုမ္ပဏီ၏ Grand Myakanthar Condominium ၊ Grand Style Co.,LTd ၏ စွယ်တော်စီးတီး၊ Naing Group-Perfect Condominium ၊ ရွှေဇဗ္ဗူဒိပ်ဆောက်လုပ်ရေးကုမ္ပဏီ၏ ပန်းစွယ်တော်၊ Manadalya Golden Wings- Diamond Inya Palace ၊ Rose Hill Soilbuild ၏ Rose Hill Residences ၊ I Green၏ မဟာဆွေ၊ Naing Group ၏ Red Hill Tower ၊ Shwe Taung Development Co.,Ltd ၏ Crystal Tower and Residences ၊ Capital Development Co.,Ltd ၏ GEMS Garden Condominium နှင့် Global Green Property Co., Ltd ၏ The Leaf Residences & Office Tower တို့ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဆိုသည်မှာ စုပေါင်းပိုင်ဆိုင်သည့် မြေပေါ်တွင်တည်ဆောက်ထား သောခြောက်ထပ်နှင့် အထက်ရှိသော အဆောက်အအုံကို ဆိုလိုပြီး ထိုမြေသည် စုပေါင်းမြေအဖြစ်မှတ်ပုံတင်ထားရှိရမည်ဟု စုပေါင်းပိုင်ဆိုင်ရာအဆောက်အအုံ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။ တစ်နည်းအားဖြင့် အဆိုပါစီမံကိန်းတွင် မြေယာပိုင်ဆိုင်မှုသည် အခန်းပိုင်ဆိုင်မှုအရ အချိုးကျပိုင်ဆိုင်မည်ဖြစ်သည်။

ဆောက်လုပ်ရေးဈေးကွက်တွင် ကွန်ဒို‌ဈေးကွက်ရောင်းအားကောင်းစေရန် ကွန်ဒိုမီနိယံဥပဒေကိုရေးဆွဲပြီးနိုင်ငံခြားသားများကိုရောင်းချရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို ၂၀၁၉ နှစ်ဆန်းပိုင်းတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေအရ တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများကဝယ်ယူနိုင်ပြီး တစ်ဦးလျှင် ၂၅ ရာခိုင်နှုန်းထက်မပိုရန် သတ်မှတ်ထားသည်။ ထိုပြင် ကွန်ဒိုရှိ အခန်းပိုင်ရှင်အားလုံးသည် မြေကွက်ကို အချိုးချပိုင်ဆိုင်ရမည်ဟုဆိုသော်လည်း နိုင်ငံခြားသားများသည် အဆောက်အဦးသက်တမ်းအတွင်းသာ အခန်းပိုင်ဆိုင်မည်ဖြစ်သည်။နိုင်ငံခြားသားများသည် တိုက်ခန်းများကို ဝယ်ရောင်းလုပ်ရာတွင် သတ်မှတ်ထားသည့် အချိုးမပြည့်မချင်းဝယ်ရောင်းလုပ်နိုင်သည်ဟု ကော်မတီကဆိုထားသည်။

သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်ရှိ ၁၇ ဧက ကျယ်ဝန်းသည့် Emerald Bay အဆောက်အအုံကို စုပေါင်းပိုင် အဆောက်အအုံအဖြစ်သတ်မှတ်ကြောင်း Yangon Golden Paragon Investment ကုမ္ပဏီ က၂၀၁၉ ဧပြီ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသေးသည်။ အဆိုပါ အဆောက်အအုံကို Emerald Bay Eco Smart City အဖြစ်သတ်မှတ်ပြီးနှစ် ၆၀ ဂရန် ဖြင့် ၃၂ ထပ်မြင့်အဆောက်အအုံ ဖြစ်သည်ဟုကုမ္ပဏီက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service