အီးယူက အထည်ချုပ်လုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု နိုဝင်ဘာအထိ တိုးမြှင့်ပေး - Property News in Myanmar from iMyanmarHouse.com
636 Views

အီးယူက အထည်ချုပ်လုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု နိုဝင်ဘာအထိ တိုးမြှင့်ပေး

[Unicode]

ဥရောပသမဂ္ဂက(အီးယူ) အထည်ချုပ်လုပ်သားများကို ငွေကြေးပံ့ပိုးသည့် မြန်ကူရန်ပုံငွေ အစီအစဉ်ကို နိုဝင်ဘာ ၃၀ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အထည်ချုပ်အလုပ်သမားများကို ဥရောပ သမဂ္ဂက ယူရိုငါးသန်း (မြန်မာ ကျပ်ငွေ ၇ ဒသမ ၉ ဘီလီယံ) အရေးပေါ်ရန်ပုံငွေအဖြစ် ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ မြန်ကူ (Myan Ku) အစီအစဉ်အရ အလုပ်ထုတ် ပယ်ခံရသည့် အထည်ချုပ်ဝန်ထမ်းများအတွက် မေ၊ ဇွန်၊ ဇူလိုင် သုံးလစာထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်ပြီး ယခုအခါ နိုဝင်ဘာအထိ သက်တမ်းတိုးပေးလိုက် ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ ငွေကြေး ထောက်ပံ့မှုသည် ၂၀၂၀ ဩဂုတ် ၆ ရက်အထိ ထောက်ပံ့မှုအကြိမ် အရေအတွက် ၄၅,၀၀၀ ကျော်နှင့် ယူရိုနှစ်သန်းခွဲ ထောက်ပံ့ပြီးဖြစ်သည်ဟုဆိုသည်။

ထိုထောက်ပံ့ငွေရရန် အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်စက်ရုံကဏ္ဍများရှိ စက်ရုံစုစုပေါင်း ၂၃၀ မှ စက်ရုံအလုပ်သမားပေါင်း ၂၆,၅၇၈ ဦး လျှောက်ထားခဲ့ပြီး ထောက်ပံ့ငွေများရရှိပြီးဖြစ်သည်ဟုဆိုသည်။

‘‘ကျွန်မ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက စက်ရုံပိတ်သိမ်းချိန်မှာ အလုပ်သမားတွေကို နစ်နာကြေး မပေးခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အီးယူ မြန်ကူကနေ ဇွန်လ ၁၅ ရက်နေ့မှာ ထောက်ပံ့ငွေ ၁၂၅,၀၀၀ ကျပ်ကို လက်ခံရရှိခဲ့ပါတယ်။ ဒီလို ငွေကြေးထောက်ပံ့မှုမျိုးရလိမ့်မယ်လို့ ကျွန်မတကယ်ကို မထင်ထားခဲ့ပါဘူး’’ဟု ဧပြီတွင် အလုပ်ပြုတ်ခဲ့သည့် စက်ချုပ်အော်ပရေတာ မအေးအေးခိုင်ကပြောသည်။

ငွေသားပံ့ပိုးထောက်ပံ့မှုကို တစ်လလျှင် ကျပ်ငွေ ၃၅,၀၀၀ မှ ၁၂၅,၀၀၀ အထိ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ စက်ရုံများတွင် အချိန်ပိုင်းအဖြစ်သာ အလုပ်လုပ်ကိုင်နေပြီး တစ်သိန်းကျပ်အောက် သာ လစာရရှိသည့် အလုပ်သမား များသည် မြန်ကူမှ ပါဝင်ပူးပေါင်း ကူညီထောက်ပံ့မှု ၅၀ ရာခိုင်နှုန်း လက်ခံရရှိရန် ကိုက်ညီသည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ထို့ပြင် မြန်ကူက အလုပ်လက်မဲ့ ကိုယ်ဝန်ဆောင် အလုပ်သမများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် အလုပ်လက်မဲ့ ကာလအတွင်း ပညာရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ တက်ရောက်မည့် အလုပ်သမားများကိုလည်း အပိုထပ်ဆောင်း ကူညီထောက်ပံ့ပေး မည်ဟုဆိုသည်။

ဥရောပသမဂ္ဂက မြန်ကူ(Myan Ku) စီမံကိန်း၏ ရန်ပုံငွေကို United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်းစာနာမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှတဆင့် ရယူခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အီးယူက အထည္ခ်ဳပ္လုပ္ငန္းမ်ားကို ေငြေၾကးေထာက္ပံ့မႈ ႏိုဝင္ဘာအထိ တိုးျမႇင့္ေပး

ဥေရာပသမဂၢက(အီးယူ) အထည္ခ်ဳပ္လုပ္သားမ်ားကို ေငြေၾကးပံ့ပိုးသည့္ ျမန္ကူရန္ပုံေငြ အစီအစဥ္ကို ႏိုဝင္ဘာ ၃၀ ရက္ အထိ ထပ္မံတိုးျမႇင့္လိုက္ေၾကာင္း ဥေရာပသမဂၢက ထုတ္ျပန္သည္။

COVID-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ခဲ့ရသည့္ အထည္ခ်ဳပ္အလုပ္သမားမ်ားကို ဥေရာပ သမဂၢက ယူ႐ိုငါးသန္း (ျမန္မာ က်ပ္ေငြ ၇ ဒသမ ၉ ဘီလီယံ) အေရးေပၚရန္ပုံေငြအျဖစ္ ကူညီေထာက္ပံ့ေပးေနျခင္း ျဖစ္သည္။

ဥေရာပသမဂၢ၏ ျမန္ကူ (Myan Ku) အစီအစဥ္အရ အလုပ္ထုတ္ ပယ္ခံရသည့္ အထည္ခ်ဳပ္ဝန္ထမ္းမ်ားအတြက္ ေမ၊ ဇြန္၊ ဇူလိုင္ သုံးလစာေထာက္ပံ့ေပးမည့္ အစီအစဥ္ျဖစ္ၿပီး ယခုအခါ ႏိုဝင္ဘာအထိ သက္တမ္းတိုးေပးလိုက္ ျခင္းျဖစ္သည္။

ဥေရာပသမဂၢ၏ ေငြေၾကး ေထာက္ပံ့မႈသည္ ၂၀၂၀ ဩဂုတ္ ၆ ရက္အထိ ေထာက္ပံ့မႈအႀကိမ္ အေရအတြက္ ၄၅,၀၀၀ ေက်ာ္ႏွင့္ ယူ႐ိုႏွစ္သန္းခြဲ ေထာက္ပံ့ၿပီးျဖစ္သည္ဟုဆိုသည္။

ထိုေထာက္ပံ့ေငြရရန္ အထည္ခ်ဳပ္၊ အထည္အလိပ္ႏွင့္ ဖိနပ္စက္႐ုံက႑မ်ား႐ွိ စက္႐ုံစုစုေပါင္း ၂၃၀ မွ စက္႐ုံအလုပ္သမားေပါင္း ၂၆,၅၇၈ ဦး ေလွ်ာက္ထားခဲ့ၿပီး ေထာက္ပံ့ေငြမ်ားရ႐ွိၿပီးျဖစ္သည္ဟုဆိုသည္။

‘‘ကြၽန္မ အလုပ္လုပ္ခဲ့တဲ့ စက္႐ုံက စက္႐ုံပိတ္သိမ္းခ်ိန္မွာ အလုပ္သမားေတြကို နစ္နာေၾကး မေပးခဲ့ပါဘူး။ အဲဒီေနာက္မွာေတာ့ အီးယူ ျမန္ကူကေန ဇြန္လ ၁၅ ရက္ေန႔မွာ ေထာက္ပံ့ေငြ ၁၂၅,၀၀၀ က်ပ္ကို လက္ခံရ႐ွိခဲ့ပါတယ္။ ဒီလို ေငြေၾကးေထာက္ပံ့မႈမ်ိဳးရလိမ့္မယ္လို႔ ကြၽန္မတကယ္ကို မထင္ထားခဲ့ပါဘူး’’ဟု ဧၿပီတြင္ အလုပ္ျပဳတ္ခဲ့သည့္ စက္ခ်ဳပ္ေအာ္ပေရတာ မေအးေအးခိုင္ကေျပာသည္။

ေငြသားပံ့ပိုးေထာက္ပံ့မႈကို တစ္လလွ်င္ က်ပ္ေငြ ၃၅,၀၀၀ မွ ၁၂၅,၀၀၀ အထိ သတ္မွတ္ေပးခဲ့ျခင္းျဖစ္သည္။ စက္႐ုံမ်ားတြင္ အခ်ိန္ပိုင္းအျဖစ္သာ အလုပ္လုပ္ကိုင္ေနၿပီး တစ္သိန္းက်ပ္ေအာက္ သာ လစာရ႐ွိသည့္ အလုပ္သမား မ်ားသည္ ျမန္ကူမွ ပါဝင္ပူးေပါင္း ကူညီေထာက္ပံ့မႈ ၅၀ ရာခိုင္ႏႈန္း လက္ခံရ႐ွိရန္ ကိုက္ညီသည္ဟု ဥေရာပသမဂၢက ထုတ္ျပန္သည္။

ထို႔ျပင္ ျမန္ကူက အလုပ္လက္မဲ့ ကိုယ္ဝန္ေဆာင္ အလုပ္သမမ်ား၊ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားႏွင့္ အလုပ္လက္မဲ့ ကာလအတြင္း ပညာေရးႏွင့္ လုပ္ငန္းကြၽမ္းက်င္မႈသင္တန္းမ်ား တက္ေရာက္မည့္ အလုပ္သမားမ်ားကိုလည္း အပိုထပ္ေဆာင္း ကူညီေထာက္ပံ့ေပး မည္ဟုဆိုသည္။

ဥေရာပသမဂၢက ျမန္ကူ(Myan Ku) စီမံကိန္း၏ ရန္ပုံေငြကို United Nations Office for Project Services (UNOPS) မွ စီမံခန္႔ခြဲသည့္ လူသားခ်င္းစာနာမႈဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈ Peace Nexus Response Mechanism (NRM) မွတဆင့္ ရယူျခင္းျဖစ္သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service