ဒဂုံဆိပ်ကမ်းရှိ မြေဧက ၁၆၀ ကျော်ရှိ စင်ကာပူ Samanea လက်ကားဈေးကို နိုဝင်ဘာတွင်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
1415 Views

ဒဂုံဆိပ်ကမ်းရှိ မြေဧက ၁၆၀ ကျော်ရှိ စင်ကာပူ Samanea လက်ကားဈေးကို နိုဝင်ဘာတွင်ဖွင့်လှစ်မည်

[Unicode]

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိမြေဧက ၁၆၇ တွင်တည်ဆောက်ထားသည် စမားနီးယား ရန်ကုန်အဆင့်မြင့် လက်ကားဈေး ''(Samanea Yangon Market)လက်ကားဈေးသစ်ကြီးကို ၂၀၂၀ နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဟု ကုမ္ပဏီကထုတ်ပြန်သည်။

ကိုဗစ်ကြောင့်ဖွင့်လှစ်ရန်နှောင့်နှေးနေသည့် အဆိုပါလက်ကားဈေးသစ်ကို စင်ကာပူအခြေစိုက် Samanea Groupက အမေရိကန်ဒေါ်လာသန်း ၈၀ ကျော်ရင်းနှီးမြှုပ်နှံ၍တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုလက်ကားဈေးသစ်ကြီးကို စင်ကာပူနိုင်ငံအခြေစိုက် Samanea Group အပြင် မြန်မာနိုင်ငံအခြေစိုက် EI ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ပဲခူးမြစ်လမ်းနှင့်ရတနာလမ်းထောင့်မှာအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ခွင့်ပြုချက်ရရှိထားကြောင်း အဆိုပါကုမ္ပဏီကဆိုထားသည်။

အဆိုပါစီမံကိန်းကို စင်ကာပူကုမ္ပဏီက ၂၀၁၈ ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ဩဂုတ်တွင်လုပ်ငန်းများပြီးစီး၍ ဖွင့်လှစ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကိုဗစ်ကြောင့် ၂၀၂၀ နိုဝင်ဘာ၌သာ ဖွင့်လှစ်ရန် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ထိုလက်ကားဈေးသည် စတုရန်းမီတာ တစ်သိန်း ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၇၂၀ အထိ ပါဝင်မည်ဖြစ်သည်။ အဆိုပါလက်ကားဈေးအတွင်းတွင် အကျယ် ၁၀ ပေ၊ ပေ ၂၀၊ ပေ ၃၀ အစရှိသော လျှောက်လမ်းများပါဝင်ပြီး လေအေးစက်များ တပ်ဆင်ထားကြောင်း၊ ဈေးဆိုင်ခန်းများအားလုံးကို အငှားစနစ်ဖြင့်သာငှားရမ်းမည်ဖြစ်သည်။ ရောင်းချမည့် ကုန်ပစ္စည်းများအနေဖြင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒစ်ဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများ စသဖြင့်ကုန်ပစ္စည်းအမျိုးမျိုး တို့ဖြစ်သည်ဟုဆိုထားသည်။

စီမံကိန်းကို အပိုင်း ၂ ပိုင်းဖြင့်တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း(၁)တွင် ယခုတည်ဆောက်ပြီးစီးသောကုန် ပစ္စည်းအမျိုးမျိုးကိုလက်ကားရောင်းချနိုင်မည့်နိုင်ငံတကာအဆင့်မီလက်ကားဈေးသစ်ကြီးအပါအဝင်ကုန်လှောင်ရုံများ၊လူနေအဆောက်အဦးများနှင့် Logistics လုပ်ငန်းများ ပါဝင်သည်။ မြေဧရိယာစတုရန်းမီတာ ၃သိန်းအကျယ်အဝန်းပေါ်တွင် စီမံကိန်းအပိုင်း(၂)ကိုဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းတခုလုံး၏ သက်တမ်းမှာ နှစ် ၇၀ ဖြစ်သည်။ထိုစီမံကိန်းသည် MITT၊သီလဝါအထူးစီးပွားရေးဇုန်တို့ကိုလွယ်ကူစွာသွားလာနိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိပြီး နိုင်ငံတကာအဆင့်မီကုန်ပစ္စည်းပေါင်းများစွာကို နေရာတစ်နေရာတည်း၌ စုံလင်စွာရရှိနိုင်မည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဒဂုံဆိပ္ကမ္း႐ွိ ေျမဧက ၁၆၀ ေက်ာ္႐ွိ စင္ကာပူ Samanea လက္ကားေဈးကို ႏိုဝင္ဘာတြင္ဖြင့္လွစ္မည္

ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္႐ွိေျမဧက ၁၆၇ တြင္တည္ေဆာက္ထားသည္ စမားနီးယား ရန္ကုန္အဆင့္ျမင့္ လက္ကားေဈး ''(Samanea Yangon Market)လက္ကားေဈးသစ္ႀကီးကို ၂၀၂၀ ႏိုဝင္ဘာလတြင္ ဖြင့္လွစ္သြားမည္ဟု ကုမၸဏီကထုတ္ျပန္သည္။

ကိုဗစ္ေၾကာင့္ဖြင့္လွစ္ရန္ေႏွာင့္ေႏွးေနသည့္ အဆိုပါလက္ကားေဈးသစ္ကို စင္ကာပူအေျခစိုက္ Samanea Groupက အေမရိကန္ေဒၚလာသန္း ၈၀ ေက်ာ္ရင္းႏွီးျမွဳပ္ႏွံ၍တည္ေဆာက္ထားျခင္းျဖစ္သည္။ ထိုလက္ကားေဈးသစ္ႀကီးကို စင္ကာပူႏိုင္ငံအေျခစိုက္ Samanea Group အျပင္ ျမန္မာႏိုင္ငံအေျခစိုက္ EI ကုမၸဏီလီမိတက္တို႔ ပူးေပါင္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး၊ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ပဲခူးျမစ္လမ္းႏွင့္ရတနာလမ္းေထာင့္မွာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မ႐ွင္(MIC)ႏွင့္ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတို႔၏ခြင့္ျပဳခ်က္ရ႐ွိထားေၾကာင္း အဆိုပါကုမၸဏီကဆိုထားသည္။

အဆိုပါစီမံကိန္းကို စင္ကာပူကုမၸဏီက ၂၀၁၈ ကတည္းက စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ ဩဂုတ္တြင္လုပ္ငန္းမ်ားၿပီးစီး၍ ဖြင့္လွစ္ရန္စီစဥ္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ကိုဗစ္ေၾကာင့္ ၂၀၂၀ ႏိုဝင္ဘာ၌သာ ဖြင့္လွစ္ရန္ ေျပာင္းလဲလိုက္ျခင္းျဖစ္သည္။

ထိုလက္ကားေဈးသည္ စတုရန္းမီတာ တစ္သိန္း က်ယ္ဝန္းၿပီး ဆိုင္ခန္းေပါင္း ၇၂၀ အထိ ပါဝင္မည္ျဖစ္သည္။ အဆိုပါလက္ကားေဈးအတြင္းတြင္ အက်ယ္ ၁၀ ေပ၊ ေပ ၂၀၊ ေပ ၃၀ အစ႐ွိေသာ ေလွ်ာက္လမ္းမ်ားပါဝင္ၿပီး ေလေအးစက္မ်ား တပ္ဆင္ထားေၾကာင္း၊ ေဈးဆိုင္ခန္းမ်ားအားလုံးကို အငွားစနစ္ျဖင့္သာငွားရမ္းမည္ျဖစ္သည္။ ေရာင္းခ်မည့္ ကုန္ပစၥည္းမ်ားအေနျဖင့္ ေဆာက္လုပ္ေရးပစၥည္းမ်ား၊ အဝတ္အထည္မ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ ဒစ္ဂ်စ္တယ္ နည္းပညာပိုင္းဆိုင္ရာ ပစၥည္းမ်ား စသျဖင့္ကုန္ပစၥည္းအမ်ိဳးမ်ိဳး တို႔ျဖစ္သည္ဟုဆိုထားသည္။

စီမံကိန္းကို အပိုင္း ၂ ပိုင္းျဖင့္တည္ေဆာက္မည္ျဖစ္ၿပီး စီမံကိန္းအပိုင္း(၁)တြင္ ယခုတည္ေဆာက္ၿပီးစီးေသာကုန္ ပစၥည္းအမ်ိဳးမ်ိဳးကိုလက္ကားေရာင္းခ်ႏိုင္မည့္ႏိုင္ငံတကာအဆင့္မီလက္ကားေဈးသစ္ႀကီးအပါအဝင္ကုန္ေလွာင္႐ုံမ်ား၊လူေနအေဆာက္အဦးမ်ားႏွင့္ Logistics လုပ္ငန္းမ်ား ပါဝင္သည္။ ေျမဧရိယာစတုရန္းမီတာ ၃သိန္းအက်ယ္အဝန္းေပၚတြင္ စီမံကိန္းအပိုင္း(၂)ကိုေဆာင္႐ြက္မည္ျဖစ္သည္။ စီမံကိန္းတခုလုံး၏ သက္တမ္းမွာ ႏွစ္ ၇၀ ျဖစ္သည္။ထိုစီမံကိန္းသည္ MITT၊သီလဝါအထူးစီးပြားေရးဇုန္တို႔ကိုလြယ္ကူစြာသြားလာႏိုင္သည့္ လမ္းေၾကာင္းေပၚတြင္႐ွိၿပီး ႏိုင္ငံတကာအဆင့္မီကုန္ပစၥည္းေပါင္းမ်ားစြာကို ေနရာတစ္ေနရာတည္း၌ စုံလင္စြာရ႐ွိႏိုင္မည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service