ဂျာမဏီက မြန်မာနိုင်ငံကို နည်းပညာနှင့်ငွေကြေး စုစုပေါင်း ယူရို ၄၂ သန်းကျော်ကူညီမည် - Property News in Myanmar from iMyanmarHouse.com
1398 Views

ဂျာမဏီက မြန်မာနိုင်ငံကို နည်းပညာနှင့်ငွေကြေး စုစုပေါင်း ယူရို ၄၂ သန်းကျော်ကူညီမည်

[Unicode]

ဂျာမဏီက မြန်မာနိုင်ငံကို ယူရို ၄၂ ဒသမ ၇ သန်း (ဒေါ်လာသန်း ၅၀ ကျော်) ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမဏီ သံအမတ်တို့ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုအကူအညီတွင် ငွေကြေးနှင့် နည်းပညာအကူအညီနှစ်မျိုးပါဝင်ပြီး ငွေကြေးအကူအညီတွင်ယူရို ၁၈ သန်း၊ နည်းပညာအကူအညီသည် ယူရို ၁၃ သန်းခွဲနှင့် နောက်ထပ် ၁၁ ဒသမ ၂ သန်းပါဝင်မည်ဖြစ်သည်။

ငွေကြေးအကူအညီ ယူရို ၁၈ သန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးစီမံကိန်းများဖြစ်သည်။ နည်းပညာအကူအညီတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းနှင့် ဘဏ်လုပ်ငန်း နှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြစ်သည်။

ထို့နောက် ဂျာမနီနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အစားအစာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုစီမံကိန်း၊ အရည်အချင်းပြည့်ဝသောလုပ်သားများ ပေါ်ထွက်လာရေး စီမံကိန်းနှင့် vulnerable youth များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျာမနီနိုင်ငံ ၏ နည်းပညာအကူအညီ ယူရို ၁၁.၂ သန်းဖိုး ထပ်မံပေးအပ်ခဲ့သည်။ ထိုပေးအပ်မည့် စာလွှာကို ဂျာမဏီ သံအမတ်က ဝန်ကြီးထံ ဩဂုတ် ၁၈ ရက်ကပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်ဂျာမနီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အလားအလာနှင့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီငါးခု ကန်ဒေါ် လာ ၃၄ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။ ၂၀၂၀ ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းအရ ဂျာမန် စီးပွားရေးလုပ်ငန်းများသည် အဆင့် (၃၁) တွင် ရှိနေသည်။

နိုင်ငံပေါင်း ၅၁ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၈၆ ဘီလီယံကျော်တွင် ဂျာမန်စီးပွားရေးလုပ်ငန်းများက ၀ ဒသမ ဝ၄ ရာခိုင်နှုန်းသာ ပါဝင်နေသည်။

ဂျာမနီနိုင်ငံနှင့် ကုန်သွယ်မှုပမာဏက ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ်လာ သန်း ၅၆၀ ကျော် ရှိသည်။ မြန်မာနိုင်ငံမှ တင်ပို့မှုက ဒေါ်လာ သန်း ၄၃၀ ကျော်ရှိပြီးဂျာမနီနိုင်ငံမှ တင်သွင်းမှုက ဒေါ်လာ ၁၂၆ သန်း ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ဂျာမနီ နိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီပေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်းနှင့် အရေးပါသော အကူအညီများကို ဥရောပသမဂ္ဂကသာ တစ်ဆင့်ထောက်ပံ့တော့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် Mr.Kristian Schmidt က ၎င်း၏လူမှုကွန်ရက် twitter တွင် မေလ ၃ ရက်က ရေးသားခဲ့သည်။

ဂျာမနီက နိုင်ငံတကာဖွံ့ဖြိုး ရေးစီမံကိန်းများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)နှင့် KFW အုပ်စု ဖွံ့ဖြိုးရေးဘဏ်တို့မှတစ်ဆင့် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ် သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ်စေရန်ရည်ရွယ်၍ ဂျာမနီနိုင်ငံက ဖွံ့ဖြိုးရေးအကူအညီများကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟုဆိုသည်။ ဂျာမနီနိုင်ငံက နိုင်ငံအချို့ကို အကူအညီပေးနေသည်များကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အာရှမှ မြန်မာ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့ပါဝင်သည်။ လက်ရှိတွင် GIZ သည် မြန်မာနိုင်ငံတွင် စီမံကိန်းအသစ်များ မဆောင်ရွက်တော့ကြောင်း နှင့် ယခင်စီမံကိန်းအဟောင်းများကိုသာ အပြီးသတ်ဆောင်ရွက်နေကြောင်း GIZ ဝန်ထမ်းအချို့က ပြောကြသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂ်ာမဏီက ျမန္မာႏိုင္ငံကို နည္းပညာႏွင့္ေငြေၾကး စုစုေပါင္း ယူ႐ို ၄၂ သန္းေက်ာ္ကူညီမည္

ဂ်ာမဏီက ျမန္မာႏိုင္ငံကို ယူ႐ို ၄၂ ဒသမ ၇ သန္း (ေဒၚလာသန္း ၅၀ ေက်ာ္) ကူညီေထာက္ပံ့မည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာဂ်ာမဏီ သံအမတ္တို႔ေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

ထိုအကူအညီတြင္ ေငြေၾကးႏွင့္ နည္းပညာအကူအညီႏွစ္မ်ိဳးပါဝင္ၿပီး ေငြေၾကးအကူအညီတြင္ယူ႐ို ၁၈ သန္း၊ နည္းပညာအကူအညီသည္ ယူ႐ို ၁၃ သန္းခြဲႏွင့္ ေနာက္ထပ္ ၁၁ ဒသမ ၂ သန္းပါဝင္မည္ျဖစ္သည္။

ေငြေၾကးအကူအညီ ယူ႐ို ၁၈ သန္းသည္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းႏွင့္ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးစီမံကိန္းမ်ားျဖစ္သည္။ နည္းပညာအကူအညီတြင္ ပုဂၢလိကက႑ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း၊ ေက်းလက္ေဒသ မီးလင္းေရး စီမံကိန္းႏွင့္ ဘဏ္လုပ္ငန္း ႏွင့္ ေငြေၾကးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမ်ားျဖစ္သည္။

ထို႔ေနာက္ ဂ်ာမနီႏိုင္ငံႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ အစားအစာဖူလုံမႈႏွင့္ အာဟာရျပည့္ဝမႈစီမံကိန္း၊ အရည္အခ်င္းျပည့္ဝေသာလုပ္သားမ်ား ေပၚထြက္လာေရး စီမံကိန္းႏွင့္ vulnerable youth မ်ားအတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္ျခင္း စီမံကိန္းမ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ ဂ်ာမနီႏိုင္ငံ၏ နည္းပညာအကူအညီ ယူ႐ို ၁၁.၂ သန္းဖိုး ထပ္မံေပးအပ္ခဲ့သည္။ ထိုေပးအပ္မည့္ စာလႊာကို ဂ်ာမဏီ သံအမတ္က ဝန္ႀကီးထံ ဩဂုတ္ ၁၈ ရက္ကေပးခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ဂ်ာမနီႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ပိုမိုတိုးျမႇင့္ႏိုင္ေရးအတြက္ အလားအလာႏွင့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့သည္ဟု ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။ ဂ်ာမနီႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ ကုမၸဏီငါးခု ကန္ေဒၚ လာ ၃၄ သန္းေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။ ၂၀၂၀ ဇြန္လကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန စာရင္းအရ ဂ်ာမန္ စီးပြားေရးလုပ္ငန္းမ်ားသည္ အဆင့္ (၃၁) တြင္ ႐ွိေနသည္။

ႏိုင္ငံေပါင္း ၅၁ ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္း ကန္ေဒၚလာ ၈၆ ဘီလီယံေက်ာ္တြင္ ဂ်ာမန္စီးပြားေရးလုပ္ငန္းမ်ားက ၀ ဒသမ ဝ၄ ရာခိုင္ႏႈန္းသာ ပါဝင္ေနသည္။

ဂ်ာမနီႏိုင္ငံႏွင့္ ကုန္သြယ္မႈပမာဏက ယခုဘ႑ာႏွစ္ ကိုးလအတြင္း ေဒၚလာ သန္း ၅၆၀ ေက်ာ္ ႐ွိသည္။ ျမန္မာႏိုင္ငံမွ တင္ပို႔မႈက ေဒၚလာ သန္း ၄၃၀ ေက်ာ္႐ွိၿပီးဂ်ာမနီႏိုင္ငံမွ တင္သြင္းမႈက ေဒၚလာ ၁၂၆ သန္း ေက်ာ္႐ွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၌ ဂ်ာမနီ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးေရးအကူအညီေပးမႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ ေၾကာင္းႏွင့္ အေရးပါေသာ အကူအညီမ်ားကို ဥေရာပသမဂၢကသာ တစ္ဆင့္ေထာက္ပံ့ေတာ့မည္ျဖစ္ေၾကာင္း ဥေရာပသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ Mr.Kristian Schmidt က ၎၏လူမႈကြန္ရက္ twitter တြင္ ေမလ ၃ ရက္က ေရးသားခဲ့သည္။

ဂ်ာမနီက ႏိုင္ငံတကာဖြံ႕ၿဖိဳး ေရးစီမံကိန္းမ်ားကို အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (GIZ)ႏွင့္ KFW အုပ္စု ဖြံ႕ၿဖိဳးေရးဘဏ္တို႔မွတစ္ဆင့္ ကူညီေဆာင္႐ြက္ေပးေနျခင္း ျဖစ္ သည္။

ျမန္မာႏိုင္ငံတြင္ လူ႕အခြင့္အေရးကို ေလးစားလိုက္နာတတ္ေစရန္ရည္႐ြယ္၍ ဂ်ာမနီႏိုင္ငံက ဖြံ႕ၿဖိဳးေရးအကူအညီမ်ားကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟုဆိုသည္။ ဂ်ာမနီႏိုင္ငံက ႏိုင္ငံအခ်ိဳ႕ကို အကူအညီေပးေနသည္မ်ားကို ရပ္ဆိုင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး အာ႐ွမွ ျမန္မာ၊ နီေပါႏွင့္ သီရိလကၤာႏိုင္ငံတို႔ပါဝင္သည္။ လက္႐ွိတြင္ GIZ သည္ ျမန္မာႏိုင္ငံတြင္ စီမံကိန္းအသစ္မ်ား မေဆာင္႐ြက္ေတာ့ေၾကာင္းႏွင့္ ယခင္စီမံကိန္းအေဟာင္းမ်ားကိုသာ အၿပီးသတ္ေဆာင္႐ြက္ေနေၾကာင္း GIZ ဝန္ထမ္းအခ်ိဳ႕က ေျပာၾကသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service