Local Property News | Posted by Hnin Ei Khin
[Unicode]
လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် အခမဲ့အား ယခုနှစ်ကုန်အထိ လစဉ် ၁၅၀ ယူနစ် ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်က ပြည်သူသို့အသိပေးထားသည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာ အရ ကျပ်တည်းခြင်းများစွာ ရှိနေကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်သူများအား လျှပ်စစ်သုံးစွဲမှုများကို ဧပြီလမှစ၍ လစဉ် ၁၅၀ ယူနစ် ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သြဂုတ် ၁၈ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ လျှပ်စစ်သုံးစွဲခွင့်များမှ လစဉ် (၁၅၀) ယူနစ်အား အခမဲ့ရရှိတော့မည်ဖြစ်သည်။
လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့် အထက် သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်း များမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများ အတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လွ်ပ္စစ္ဓာတ္အားသုံးစြဲခြင့္ အခမဲ့အား ယခုႏွစ္ကုန္အထိ လစဥ္ ၁၅၀ ယူနစ္ ကင္းလြတ္ခြင့္ရမည္
လွ်ပ္စစ္ဓာတ္အားသုံးစြဲခြင့္ အခမဲ့အား ယခုႏွစ္ကုန္အထိ လစဥ္ ၁၅၀ ယူနစ္ ကင္းလြတ္ခြင့္ရမည္ ျဖစ္ေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနက ၾသဂုတ္ ၁၈ ရက္က ျပည္သူသို႔အသိေပးထားသည္။
COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရး ကာလအတြင္း ျပည္သူမ်ား စီးပြားေရးအရ၊ စိတ္ဓာတ္ေရးရာ အရ က်ပ္တည္းျခင္းမ်ားစြာ ရွိေနၾကရာ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန အေနျဖင့္ ျပည္သူမ်ားအား လွ်ပ္စစ္သုံးစြဲမႈမ်ားကို ဧၿပီလမွစ၍ လစဥ္ ၁၅၀ ယူနစ္ ကင္းလြတ္ခြင့္ (အခမဲ့) ျပဳခဲ့သည္။
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ ၾသဂုတ္ ၁၈ ထုတ္ျပန္ခ်က္အရ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ကုန္အထိ လွ်ပ္စစ္သုံးစြဲခြင့္မ်ားမွ လစဥ္ (၁၅၀) ယူနစ္အား အခမဲ့ရရွိေတာ့မည္ျဖစ္သည္။
လၽွပ္စစ္မီးသုံးစြဲသူမ်ားမွ (၁၅၁) ယူနစ္ႏွင့္ အထက္ သုံးစြဲမႈမ်ားအား အလႊာလိုက္ သတ္မွတ္ခ်က္ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမည္ ျဖစ္ၿပီး အထူးကိစၥတစ္ရပ္အေနျဖင့္ ကင္းလြတ္ခြင့္ျပဳခဲ့ေသာ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားတြင္ ပါဝင္သည့္ အစိုးရ မဟုတ္ေသာ အဖြဲ႕အစည္းမ်ားအုပ္စုမွ ျပည္တြင္းလူမႈေရး အဖြဲ႕အစည္း မ်ားမွအပ က်န္သုံးစြဲသူမ်ား အားလုံးသည္ ယခင္သတ္မွတ္ႏႈန္းထားမ်ား အတိုင္း ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း ေၾကညာခ်က္အရသိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com