မြေဧက၂၀၀၀ ခန့်ရှိသည့် ကော့မှူး အထူးစီးပွားရေးဇုန်တစ်ခုကို အကောင်အထည်ဖော်ရန်ရှိဟု ရန်ကုန်တိုင်းဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
1011 Views

မြေဧက၂၀၀၀ ခန့်ရှိသည့် ကော့မှူး အထူးစီးပွားရေးဇုန်တစ်ခုကို အကောင်အထည်ဖော်ရန်ရှိဟု ရန်ကုန်တိုင်းဝန်ကြီးဆို

[Unicode]

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် အထူးစီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရန်ရှိကြောင်း ရန်ကုန်တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကပြောသည်။

ထိုစီမံကိန်းအတွက်ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီး ပြည်ထောင်စုအစိုးရက သဘောတူလျှင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံပေါ်ပေါက်လာမည် ဖြစ်ကြောင်း ဝန်ကြီးပြောကြားသည်။

“မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်အနေနဲ့ သုံးခုရှိတယ်။ ကျောက်ဖြူမှာတစ်ခုရှိတယ်။ ရန်ကုန်သီလဝါမှာ တစ်ခုရှိတယ်။ ကျွန်တော်တို့ ထားဝယ်မှာ တစ်ခုရှိတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ထပ်ပြီးတော့ ရန်ကုန်မှာ အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်သင့်တယ်။ တည်ဆောက်ဖို့နေရာလည်းရှိတယ်။ တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းလည်းရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ တင်ပြထားတာရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူတယ်ဆိုရင် ရန်ကုန်မှာနောက်ထပ် အထူးစီးပွားရေးဇုန်တစ်ခု ပေါ်လာပါလိမ့်မယ်”လို့ ဦးရဲမင်းဦးက ပြောပါတယ်။

အထူးစီးပွားရေးဇုန်များကို ဖော်ဆောင်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က စီမံခန့်ခွဲခြင်းဖြစ်၍ ပြည်ထောင်စု အစိုးရကို အပ်နှံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုစီမံကိန်းအတွက် ပြည်ထောင်စုအစိုးရက လေ့လာဆန်းစစ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟုဆိုသည်။

ကော့မူးနှင့် ဒလမြို့နယ်များတွင် မြေဧက ၂၀၀၀ခန့်အသုံးပြု၍ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် ၂၀၁၈ကတည်းက ရန်ကုန်တိုင်းအစိုးရက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းများတွင် အိမ်ယာ စီမံကိန်းများလည်း ပါဝင်မည်ဟုတိုင်းအစိုးရက ဆိုထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း မော်လမြိုင်တွင် အထူးစီးပွားဇုန်တစ်ခုကို တည်ထောင်သွားမည် ဟု ပြီးခဲ့သည့်လပိုင်းကကြေငြာခဲ့သည်။

ထိုစီမံကိန်းသည် နိုင်ငံများကြား ဆက်သွယ်ထားသည့် စီးပွားရေး စင်္ကြန်နှင့် အလွယ်တကူချိတ်ဆက်နိုင်သည့် နေရာဖြစ်ခြင်း၊ ရေနက် ဆိပ်ကမ်းတခု တည်ဆောက်နိုင်မည့် နေရာဖြစ်ခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ရေးကွန်ရက်မှ တဆင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် အလွယ်တကူချိတ်ဆက်နိုင်မည့် နေရာဖြစ်ခြင်းကြောင့်ဖြစ်သည်။

မွန်ပြည်နယ် အထူးစီးပွားရေးဇုန်သစ်ကို သီလဝါအထူးစီးပွားရေး ဇုန်တို့ကို ချိတ်ဆက်၍ အထူးစီးပွားရေးဇုန် တခုတည်း အသွင်ဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မူဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် သုံးခုရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သာ လည်ပတ်နေပြီး ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမဧက၂၀၀၀ ခန္႔႐ွိသည့္ ေကာ့မႉး အထူးစီးပြားေရးဇုန္တစ္ခုကို အေကာင္အထည္ေဖာ္ရန္႐ွိဟု ရန္ကုန္တိုင္းဝန္ႀကီးဆို

ရန္ကုန္တိုင္းေဒသႀကီး ေကာ့မႉးၿမိဳ႕နယ္တြင္ အထူးစီးပြားေရးဇုန္တစ္ခု အေကာင္အထည္ေဖာ္ေဆာင္ရန္႐ွိေၾကာင္း ရန္ကုန္တိုင္းစီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးရဲမင္းဦးကေျပာသည္။

ထိုစီမံကိန္းအတြက္ျပည္ေထာင္စုအစိုးရထံ တင္ျပထားၿပီး ျပည္ေထာင္စုအစိုးရက သေဘာတူလွ်င္ အထူးစီးပြားေရးဇုန္တစ္ခု ထပ္မံေပၚေပါက္လာမည္ ျဖစ္ေၾကာင္း ဝန္ႀကီးေျပာၾကားသည္။

“ျမန္မာႏိုင္ငံမွာ အထူးစီးပြားေရးဇုန္အေနနဲ႔ သုံးခု႐ွိတယ္။ ေက်ာက္ျဖဴမွာတစ္ခု႐ွိတယ္။ ရန္ကုန္သီလဝါမွာ တစ္ခု႐ွိတယ္။ ကြၽန္ေတာ္တို႔ ထားဝယ္မွာ တစ္ခု႐ွိတယ္။ အခုေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ထပ္ၿပီးေတာ့ ရန္ကုန္မွာ အထူးစီးပြားေရးဇုန္တစ္ခုတည္ေဆာက္သင့္တယ္။ တည္ေဆာက္ဖို႔ေနရာလည္း႐ွိတယ္။ တည္ေဆာက္ႏိုင္တဲ့ အခြင့္အလမ္းလည္း႐ွိတယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ကေန ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေန တင္ျပထားတာ႐ွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေန တင္ျပခ်က္ကို ျပည္ေထာင္စုအစိုးရအဖြဲ႕က သေဘာတူတယ္ဆိုရင္ ရန္ကုန္မွာေနာက္ထပ္ အထူးစီးပြားေရးဇုန္တစ္ခု ေပၚလာပါလိမ့္မယ္”လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။

အထူးစီးပြားေရးဇုန္မ်ားကို ေဖာ္ေဆာင္ရာတြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕က စီမံခန္႔ခြဲျခင္းျဖစ္၍ ျပည္ေထာင္စု အစိုးရကို အပ္ႏွံခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။ ထိုစီမံကိန္းအတြက္ ျပည္ေထာင္စုအစိုးရက ေလ့လာဆန္းစစ္မႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ဟုဆိုသည္။

ေကာ့မူးႏွင့္ ဒလၿမိဳ႕နယ္မ်ားတြင္ ေျမဧက ၂၀၀၀ခန္႔အသုံးျပဳ၍ အထူးစီးပြားေရးဇုန္မ်ား အေကာင္အထည္ေဖာ္ရန္ ၂၀၁၈ကတည္းက ရန္ကုန္တိုင္းအစိုးရက ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ထိုစီမံကိန္းမ်ားတြင္ အိမ္ယာ စီမံကိန္းမ်ားလည္း ပါဝင္မည္ဟုတိုင္းအစိုးရက ဆိုထားသည္။

အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကလည္း ေမာ္လၿမိဳင္တြင္ အထူးစီးပြားဇုန္တစ္ခုကို တည္ေထာင္သြားမည္ ဟု ၿပီးခဲ့သည့္လပိုင္းကေၾကျငာခဲ့သည္။

ထိုစီမံကိန္းသည္ ႏိုင္ငံမ်ားၾကား ဆက္သြယ္ထားသည့္ စီးပြားေရး စႀကၤန္ႏွင့္ အလြယ္တကူခ်ိတ္ဆက္ႏိုင္သည့္ ေနရာျဖစ္ျခင္း၊ ေရနက္ ဆိပ္ကမ္းတခု တည္ေဆာက္ႏိုင္မည့္ ေနရာျဖစ္ျခင္း၊ ျပည္တြင္း သယ္ယူပို႔ေဆာင္ေရးကြန္ရက္မွ တဆင့္ သီလဝါ အထူးစီးပြားေရးဇုန္ႏွင့္ အလြယ္တကူခ်ိတ္ဆက္ႏိုင္မည့္ ေနရာျဖစ္ျခင္းေၾကာင့္ျဖစ္သည္။

မြန္ျပည္နယ္ အထူးစီးပြားေရးဇုန္သစ္ကို သီလဝါအထူးစီးပြားေရး ဇုန္တို႔ကို ခ်ိတ္ဆက္၍ အထူးစီးပြားေရးဇုန္ တခုတည္း အသြင္ျဖင့္ ေဆာင္႐ြက္သြားရန္႐ွိေၾကာင္းလည္း စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မူဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ကေျပာသည္။

လက္႐ွိတြင္ ႏိုင္ငံအတြင္း အေကာင္အထည္ေဖာ္ေနသည့္ အထူးစီးပြားေရးဇုန္ သုံးခု႐ွိၿပီး သီလဝါအထူးစီးပြားေရးဇုန္သာ လည္ပတ္ေနၿပီး ေက်ာက္ျဖဴႏွင့္ ထားဝယ္အထူးစီးပြားေရးဇုန္မ်ားမွ လုပ္ငန္းစတင္ႏိုင္ျခင္းမ႐ွိေသးေပ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service