သီလဝါအထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်ဈေးဝယ်စင်တာ၊ ရုပ်ရှင်များများ တည်ဆောက်ရေး ရင်းနှီးမြုပ်နှံသူများ လုပ်ငန်းအဆိုပြုလွှာခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
1698 Views

သီလဝါအထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်ဈေးဝယ်စင်တာ၊ ရုပ်ရှင်များများ တည်ဆောက်ရေး ရင်းနှီးမြုပ်နှံသူများ လုပ်ငန်းအဆိုပြုလွှာခေါ်ယူ

[Unicode]

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်/ကျောက်တန်းမြို့နယ်ရှိသီလဝါအထူးစီးပွားရေးဇုန်၊ လူနေအိမ်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ ဧရိယာ(Residential & Commerical Area) အတွင်း အဆင့်မြင့် ဈေးဝယ်စင်တာ၊ အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် အစားအစာဆိုင်ခန်းများ စသည့် Thilawa Shopping Mall စီမံကိန်းလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသော လုပ်ငန်းရှင်များအတွက် လုပ်ငန်းအဆိုပြုလွှာများ ခေါ်ယူကြောင်း Thilawa Property Development လီမိတက်မှ သိရသည်။

အဆိုပြုလွှာပုံစံတွင် ဖော်ပြမည့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ ရုံးချိန်တွင်း ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျမှ ပေးပို့လာသည့် အဆိုပြုလွှာများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

အဆိုပြုလွှာပုံစံ(Business Proposal Form) အဆိုပြုလွှာနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ လုပ်ထုံး လုပ်နည်းများအပြည့်အစုံအား MTSH/TPD Office တို့တွင် ရန်ကုန်မြို့ရှိ မြန်မာသီလဝါအက်စ်အီးဇက် ဟိုးဒင်းလ် ပက်ဘလစ် ကုမ္ပဏီလီမိတက်ရုံးချုပ်၊ Thilawa Property Development လီမိတက်တွင် လာရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။

ထို့ပြင် လုပ်ငန်းအဆိုပြုလွှာ(Business Proposal) နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက မြန်မာသီလဝါအက်စ်အီးဇက် ဟိုးဒင်းလ် ပက်ဘလစ် ကုမ္ပဏီလီမိတက်ရုံးချုပ် ဖုန်း ၀၁-၂၃၀ ၁၇၇၂ ၊ ၂၃၀ ၁၇၇၃ email.info@tpdmyanmar.comနှင့် သီလဝါထူးစီးပွားရေးဇုန်ရှိ Thilawa Property Development လီမိတက်ရုံးတို့တွင် လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service