ကိုဗစ်-၁၉ ကာလတွင်းအခြေခံလက်လုပ်လက်စားဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်ရရှိရေး ဆောက်လုပ်ရေးစီမံကိန်းများ ဖော်ဆောင်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
638 Views

ကိုဗစ်-၁၉ ကာလတွင်းအခြေခံလက်လုပ်လက်စားဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်ရရှိရေး ဆောက်လုပ်ရေးစီမံကိန်းများ ဖော်ဆောင်ပေးမည်ဟုဆို

[Unicode]

ကိုဗစ်-၁၉ အကြပ်အတည်း ကာလအတွင်း အခြေခံလက်လုပ်လက်စား ဆောက်လုပ်ရေးလုပ်သား ၁ ဒသမ ၃၇ သန်းရှိပြီး အလုပ်အကိုင်ရှားပါးမှုကြုံတွေ့နေရသည့်အတွက် အလုပ်အကိုင်ရရှိရေးဆောက်လုပ်ရေးစီမံကိန်းများဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှသိရသည်။

“အခြေခံလက်လုပ်လက်စား ဆောက်လုပ်ရေးလုပ်သားတွေဟာ ၁ ဒသမ ၃၇ သန်းရှိတယ်၊ ဒါ့ကြောင့်မို့ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့နဲ့ဆောက်လုပ်ရေးဆောင်ရွက်နေတဲ့သူတွေ၊ ပစ္စည်းရောင်းဝယ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဘဝကနေပြီးတော့ နေထိုင်ဖို့ အဆင်ပြေအောင် စီမံကိန်းတွေ ဖော်ဆောင်သွားဖို့ရှိပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကာလမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့အတွက် ဒါကို နိုင်ငံတော်အနေနဲ့ တစ်ဖက်တစ်လမ်းက ဆောက်လုပ်ရေးကဏ္ဍမှာ ထိုက်သင့်တဲ့ လုပ်ငန်းတွေရရှိဖို့အတွက်လည်း ပြည်သူ့အဌားအိမ်ရာစီမံကိန်းတွေ ဖော်ဆောင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးလျက်ရှိပါတယ်“ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောဆိုသည်။

ကိုဗစ်-၁၉ အကြပ်အတည်းကာလတွင် ကျဆင်းလျက်ရှိသည့် ဆောက်လုပ်ရေးကဏ္ဍအတွက် ဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်များရရှိရေး ပြည်သူ့အငှားအိမ်ရာစီမံကိန်း အားမြို့ကြီးသုံးမြို့တွင် အိမ်ရာအခန်း ပေါင်းတစ်သာင်းခန့်ထိ ဆောက်လုပ်သွားမည်ဖြစ်သည်။ကနဦးအရ ရန်ကုန်တိုင်းဒေသကြီးတွင် အဌားအိမ်ရာ အခန်းပေါင်း ခြောက်ထောင်ကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် အခန်းပေါင်း သုံးထောင်၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ခန့် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္-၁၉ ကာလတြင္းအေျခခံလက္လုပ္လက္စားေဆာက္လုပ္ေရးလုပ္သားမ်ား အလုပ္အကိုင္ရ႐ွိေရး ေဆာက္လုပ္ေရးစီမံကိန္းမ်ား ေဖာ္ေဆာင္ေပးမည္ဟုဆို

ကိုဗစ္-၁၉ အၾကပ္အတည္း ကာလအတြင္း အေျခခံလက္လုပ္လက္စား ေဆာက္လုပ္ေရးလုပ္သား ၁ ဒသမ ၃၇ သန္း႐ွိၿပီး အလုပ္အကိုင္႐ွားပါးမႈၾကဳံေတြ႕ေနရသည့္အတြက္ အလုပ္အကိုင္ရ႐ွိေရးေဆာက္လုပ္ေရးစီမံကိန္းမ်ားေဖာ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္မွသိရသည္။

“အေျခခံလက္လုပ္လက္စား ေဆာက္လုပ္ေရးလုပ္သားေတြဟာ ၁ ဒသမ ၃၇ သန္း႐ွိတယ္၊ ဒါ့ေၾကာင့္မို႔ အလုပ္အကိုင္အခြင့္အလမ္းရ႐ွိဖို႔နဲ႔ေဆာက္လုပ္ေရးေဆာင္႐ြက္ေနတဲ့သူေတြ၊ ပစၥည္းေရာင္းဝယ္တဲ့သူေတြ အလုပ္အကိုင္အခြင့္အလမ္းရ႐ွိဖို႔၊ ျပည္သူေတြအေနနဲ႔ အိုးမဲ့အိမ္မဲ့ဘဝကေနၿပီးေတာ့ ေနထိုင္ဖို႔ အဆင္ေျပေအာင္ စီမံကိန္းေတြ ေဖာ္ေဆာင္သြားဖို႔႐ွိပါတယ္။ လက္႐ွိ ကိုဗစ္-၁၉ ကာလမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ က်ဆင္းေနတဲ့အတြက္ ဒါကို ႏိုင္ငံေတာ္အေနနဲ႔ တစ္ဖက္တစ္လမ္းက ေဆာက္လုပ္ေရးက႑မွာ ထိုက္သင့္တဲ့ လုပ္ငန္းေတြရ႐ွိဖို႔အတြက္လည္း ျပည္သူ႕အဌားအိမ္ရာစီမံကိန္းေတြ ေဖာ္ေဆာင္ေနၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးလ်က္႐ွိပါတယ္“ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္(MCEF) ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာဆိုသည္။

ကိုဗစ္-၁၉ အၾကပ္အတည္းကာလတြင္ က်ဆင္းလ်က္႐ွိသည့္ ေဆာက္လုပ္ေရးက႑အတြက္ ေဆာက္လုပ္ေရးလုပ္သားမ်ား အလုပ္အကိုင္မ်ားရ႐ွိေရး ျပည္သူ႕အငွားအိမ္ရာစီမံကိန္း အားၿမိဳ႕ႀကီးသုံးၿမိဳ႕တြင္ အိမ္ရာအခန္း ေပါင္းတစ္သာင္းခန္႔ထိ ေဆာက္လုပ္သြားမည္ျဖစ္သည္။ကနဦးအရ ရန္ကုန္တိုင္းေဒသႀကီးတြင္ အဌားအိမ္ရာ အခန္းေပါင္း ေျခာက္ေထာင္ေက်ာ္၊ မႏၲေလးတိုင္း ေဒသႀကီးတြင္ အခန္းေပါင္း သုံးေထာင္၊ ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇၀၀ ခန္႔ တည္ေဆာက္ရန္ လ်ာထားေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service