ချင်းပြည်နယ်တွင် တစ်ရက် တန်တစ်သောင်းထုတ်လုပ်နိုင်မည့် ပထမဦးဆုံး ဘိလပ်မြေစက်ရုံတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
918 Views

ချင်းပြည်နယ်တွင် တစ်ရက် တန်တစ်သောင်းထုတ်လုပ်နိုင်မည့် ပထမဦးဆုံး ဘိလပ်မြေစက်ရုံတည်ဆောက်မည်

[Unicode]

ချင်းပြည်နယ် တွင် တနေ့လျှင် တန် တစ်သောင်းထုတ်လုပ်နိုင်သည့် ဘိလပ်မြေစက်ရုံကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်မည်ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဩဂုတ် ၁၆ ရက်တွင် ပြောသည်။

ထိုစီမံကိန်းဆောင်ရွက်ရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ချင်းပြည်နယ်ခရီးစဉ်အတွင်း စီမံကိန်း မြေနေရာကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွက် ပထမဦးဆုံး စက်ရုံတစ်ခုဖြစ်လာဖြစ်ပြီး Brick Mountain industrial ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

ထိုစက်ရုံကို ပထမအဆင့်တွင် တန်ချိန် ၅၀၀၀ နှင့် ဒုတိယအဆင့်တွင် တန်ချိန် ၅၀၀၀ ထုတ်လုပ်ရန်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်သာမက ပြည်ပတင်ပို့နိုင်ရန်အတွက်ပါဖြစ်သည်ဟု ဒုတိယသမ္မတကဆိုသည်။

ထိုစက်ရုံအတွက် ကုန်ကြမ်းကို အနီးအနားတဝှိုက်တွင်ရရှိမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်များစွာ အကောင်အထည်ပြုမည်ဖြစ်သည်ဟု ဒုတိယသမ္မတကဆိုသည်။ထိုစက်ရုံအတွက် ကုန်ကြမ်းကို ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးဒေသ Lungrang Klang တောင်ထုံး ကျောက်တူးဖော်ထုတ်လုပ်မည်ဖြစ်သည်။

ထိုစက်ရုံသည် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ စုံမှတ်တွင် တည်ရှိနေသည်ဟုဆိုသည်။

ယင်းဒေသများအတွက် ဘိလပ်မြေအသုံးပြုနိုင်ရန် သယ်ယူပို့ဆောင်စရိတ် ကုန်ကျမှုသက်သာခြင်း၊ သက်သာသည့် ငွေကြေးဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်သည်ဟု ဒုတိယသမ္မတကဆိုသည်။

ဘုံဇုံး ဘိလပ်မြေစက်ရုံ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို မတ်လ (၂) ရက်နေ့တွင် နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ကြည့်ရှုလေ့လာမှုများလုပ်ခဲ့‌သေးသည်။

ဘုံဇုံးရွာအနီးတွင် အဆိုပါဘိလပ်မြေစက်ရုံတည်ဆောက်ရန် တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီမှာ နိုင်ငံတော်အခွန်များစွာ ပေးသွင်းရန်ကျန်ရှိနေသေးသဖြင့် တင်ဒါ ပျက်သွားခဲ့ဖူးသည်။ ထိုနောက် ဒုတိယအကြိမ်ထပ်မံတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘုံဇုံကျေးရွာသည် မကွေးတိုင်းမှ ချင်းပြည်နယ် မြောက်ပိုင်းဖက်သို့သွားသည့် မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ် ချင်းပြည်နယ် နယ်နိမိတ်တွင်ရှိသည့် မြေပြန့်ကျေးရွာဖြစ်သည်။

ချင်းပြည်နယ်၊ ဘုံဇုန်းကျေးရွာ၊ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ရန် ချင်းပြည်နယ် အစိုးရ၊ ပြည်ထောင်စုအဆင့် သာမက နိူင်ငံခြားပညာရှင်များမှ စမ်းသပ်ပြီး ရေရှည်လုပ်ငန်းလုပ်ဆောင်ရန်စီစဉ်နေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ခ်င္းျပည္နယ္တြင္ တစ္ရက္ တန္တစ္ေသာင္းထုတ္လုပ္ႏိုင္မည့္ ပထမဦးဆုံး ဘိလပ္ေျမစက္႐ုံတည္ေဆာက္မည္

ခ်င္းျပည္နယ္ တြင္ တေန႔လွ်င္ တန္တစ္ေသာင္းထုတ္လုပ္ႏိုင္သည့္ ဘိလပ္ေျမစက္႐ုံကို အဆင့္ႏွစ္ဆင့္ျဖင့္ တည္ေဆာက္မည္ဟု ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူက ဩဂုတ္ ၁၆ ရက္တြင္ ေျပာသည္။

ထိုစီမံကိန္းေဆာင္႐ြက္ရန္ ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူက ခ်င္းျပည္နယ္ခရီးစဥ္အတြင္း စီမံကိန္း ေျမေနရာကို သြားေရာက္ခဲ့ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္အတြက္ ပထမဦးဆုံး စက္႐ုံတစ္ခုျဖစ္လာျဖစ္ၿပီး Brick Mountain industrial ကုမၸဏီက လုပ္ကိုင္ခြင့္ရျခင္းျဖစ္သည္။

ထိုစက္႐ုံကို ပထမအဆင့္တြင္ တန္ခ်ိန္ ၅၀၀၀ ႏွင့္ ဒုတိယအဆင့္တြင္ တန္ခ်ိန္ ၅၀၀၀ ထုတ္လုပ္ရန္ျဖစ္ၿပီး ျပည္တြင္းလိုအပ္ခ်က္သာမက ျပည္ပတင္ပို႔ႏိုင္ရန္အတြက္ပါျဖစ္သည္ဟု ဒုတိယသမၼတကဆိုသည္။

ထိုစက္႐ုံအတြက္ ကုန္ၾကမ္းကို အနီးအနားတဝိႈက္တြင္ရ႐ွိမည္ျဖစ္ၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္မ်ားစြာ အေကာင္အထည္ျပဳမည္ျဖစ္သည္ဟု ဒုတိယသမၼတကဆိုသည္။ထိုစက္႐ုံအတြက္ ကုန္ၾကမ္းကို ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္ ဘုံဇုံးေဒသ Lungrang Klang ေတာင္ထုံး ေက်ာက္တူးေဖာ္ထုတ္လုပ္မည္ျဖစ္သည္။

ထိုစက္႐ုံသည္ ခ်င္းျပည္နယ္၊ မေကြးတိုင္းႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔ စုံမွတ္တြင္ တည္႐ွိေနသည္ဟုဆိုသည္။

ယင္းေဒသမ်ားအတြက္ ဘိလပ္ေျမအသုံးျပဳႏိုင္ရန္ သယ္ယူပို႔ေဆာင္စရိတ္ ကုန္က်မႈသက္သာျခင္း၊ သက္သာသည့္ ေငြေၾကးျဖင့္ အျခားဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ပိုမိုေဆာင္႐ြက္လာႏိုင္မည္ျဖစ္ျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရ႐ွိလာႏိုင္သည္ဟု ဒုတိယသမၼတကဆိုသည္။

ဘုံဇုံး ဘိလပ္ေျမစက္႐ုံ စီမံကိန္းတည္ေဆာက္ေရးလုပ္ငန္းမ်ားကို မတ္လ (၂) ရက္ေန႔တြင္ ႏိုင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူမွ ၾကည့္႐ႈေလ့လာမႈမ်ားလုပ္ခဲ့‌ေသးသည္။

ဘုံဇုံး႐ြာအနီးတြင္ အဆိုပါဘိလပ္ေျမစက္႐ုံတည္ေဆာက္ရန္ တင္ဒါ ေအာင္ျမင္ခဲ့သည့္ ကုမၸဏီမွာ ႏိုင္ငံေတာ္အခြန္မ်ားစြာ ေပးသြင္းရန္က်န္႐ွိေနေသးသျဖင့္ တင္ဒါ ပ်က္သြားခဲ့ဖူးသည္။ ထိုေနာက္ ဒုတိယအႀကိမ္ထပ္မံတင္ဒါေခၚယူခဲ့ျခင္းျဖစ္သည္။

ဘုံဇုံေက်း႐ြာသည္ မေကြးတိုင္းမွ ခ်င္းျပည္နယ္ ေျမာက္ပိုင္းဖက္သို႔သြားသည့္ မေကြးတိုင္းႏွင့္ ခ်င္းျပည္နယ္ နယ္စပ္ ခ်င္းျပည္နယ္ နယ္နိမိတ္တြင္႐ွိသည့္ ေျမျပန္႔ေက်း႐ြာျဖစ္သည္။

ခ်င္းျပည္နယ္၊ ဘုံဇုန္းေက်း႐ြာ၊ ဘိလပ္ေျမစက္႐ုံ တည္ေဆာက္ဖို႔ရန္ ခ်င္းျပည္နယ္ အစိုးရ၊ ျပည္ေထာင္စုအဆင့္ သာမက ႏိူင္ငံျခားပညာ႐ွင္မ်ားမွ စမ္းသပ္ၿပီး ေရ႐ွည္လုပ္ငန္းလုပ္ေဆာင္ရန္စီစဥ္ေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service