အစိုးရက အကောင်အထည်ဖော်မည့် စီမံကိန်းအသစ် (၇၁) ခုကို စီမံကိန်းဘဏ်တွင် ထုတ်ပြန်ကြေငြာ - Property News in Myanmar from iMyanmarHouse.com
579 Views

အစိုးရက အကောင်အထည်ဖော်မည့် စီမံကိန်းအသစ် (၇၁) ခုကို စီမံကိန်းဘဏ်တွင် ထုတ်ပြန်ကြေငြာ

[Unicode]

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် စီမံကိန်းအသစ် (၇၁) ကို အစိုးရက စီမံကိန်းဘဏ်တွင် ဩဂုတ် ၆ ရက်က စတင် လွှင့်တင်လိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခင် လွှင့်တင်ထားသည့် စီမံကိန်း ၅၈ ခုရှိခြင်းကြောင့် လက်ရှိတွင် အစိုးရက အကောင်အထည် ဖော်လိုသည့် စီမံကိန်း ၁၂၉ ခု ရှိလာပြီဖြစ်ကြောင်း ယင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဩဂုတ် ၁၄ ရက်နေ့က ပြောသည်။

“ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနဲ့ ပွင်းလင်းမြင်သာမှုတွေ ဆက်လက် ဖြစ်နေပါပြီ။ အခု စီမံကိန်းဘဏ်က တစ်ဆင့် စီမံကိန်း အသစ်တွေ အွန်လိုင်းက ကြည့်နိုင်ပါတော့မယ်” ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ စီမံကိန်းအသစ် ၇၁ ခုတွင် စွမ်းအင်စီမံကိန်းများ၊ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း၊ လမ်းတံတားများ၊ အစိုးရ စက်ရုံများကို ပုဂ္ဂလိကပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းရှိ အဓိကကျတဲ့ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေကို ရင်းနှီးမြှုပ်နှံသူများ အတွက် မဟာဗျူဟာကျကျ ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးသွားမှာပါ” ဟု ဝန်ကြီးက ပြောသည်။ ယင်းသို့ ဆောင်ရွက်ရန် အစိုးရက စီမံကိန်းဘဏ် ထူထောင်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရင်းနှီးမြှုပ်နှံသူများအား နည်းပညာဖြင့် ကူညီမည်ဟု ဆိုသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်၏ ခန့်မှန်း သုံးသပ်ချက်အရ ၂၀၃၀ မတိုင်မီ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံလိုအပ်ချက် ပိုမို ဖြည့်တင်းရန် ဒေါ်လာ ဘီလီယံ ၁၂၀ ကျော် လိုအပ်မည်ဖြစ်ရာ ယင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းများက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရာ၌ လွယ်ကူချောမွေ့ ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု ဝန်ကြီးက သုံးသပ်ပြောကြားသည်။

စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ဝန်ကြီးဌာနများက ရေးဆွဲထားသည့် စီမံကိန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက်ပေးပို့၍ အဆိုပါ ဘဏ်များတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။

ထို စီမံကိန်းဘဏ်တွင် ပါဝင်သည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက် အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များ ပါဝင်သော လေ့လာ ဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည် ဖော်ရန် စုစုပေါင်း ကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏများ ဖော်ပြထားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အစိုးရက အေကာင္အထည္ေဖာ္မည့္ စီမံကိန္းအသစ္ (၇၁) ခုကို စီမံကိန္းဘဏ္တြင္ ထုတ္ျပန္ေၾကျငာ

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ စီမံကိန္းအသစ္ (၇၁) ကို အစိုးရက စီမံကိန္းဘဏ္တြင္ ဩဂုတ္ ၆ ရက္က စတင္ လႊင့္တင္လိုက္ၿပီျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနမွ သိရသည္။

ယခင္ လႊင့္တင္ထားသည့္ စီမံကိန္း ၅၈ ခု႐ွိျခင္းေၾကာင့္ လက္႐ွိတြင္ အစိုးရက အေကာင္အထည္ ေဖာ္လိုသည့္ စီမံကိန္း ၁၂၉ ခု ႐ွိလာၿပီျဖစ္ေၾကာင္း ယင္း ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ဩဂုတ္ ၁၄ ရက္ေန႔က ေျပာသည္။

“ပိုမိုက်ယ္ျပန္႔တဲ့ ပူးေပါင္းညႇိႏိႈင္းေဆာင္႐ြက္မႈနဲ႔ ပြင္းလင္းျမင္သာမႈေတြ ဆက္လက္ ျဖစ္ေနပါၿပီ။ အခု စီမံကိန္းဘဏ္က တစ္ဆင့္ စီမံကိန္း အသစ္ေတြ အြန္လိုင္းက ၾကည့္ႏိုင္ပါေတာ့မယ္” ဟု ဝန္ႀကီးက ေျပာသည္။

အဆိုပါ စီမံကိန္းအသစ္ ၇၁ ခုတြင္ စြမ္းအင္စီမံကိန္းမ်ား၊ ေလဆိပ္ အဆင့္ျမႇင့္တင္ေရး စီမံကိန္း၊ လမ္းတံတားမ်ား၊ အစိုးရ စက္႐ုံမ်ားကို ပုဂၢလိကေပးျခင္း စသည္တို႔ ပါဝင္ေၾကာင္း သိရသည္။

ျပည္တြင္း႐ွိ အဓိကက်တဲ့ စီမံကိန္းေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အလားအလာေတြကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ား အတြက္ မဟာဗ်ဴဟာက်က် ပြင့္လင္းျမင္သာစြာ ေဖာ္ထုတ္ေပးသြားမွာပါ” ဟု ဝန္ႀကီးက ေျပာသည္။ ယင္းသို႔ ေဆာင္႐ြက္ရန္ အစိုးရက စီမံကိန္းဘဏ္ ထူေထာင္၍ စီမံကိန္းဆိုင္ရာ အခ်က္အလက္မ်ားကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား နည္းပညာျဖင့္ ကူညီမည္ဟု ဆိုသည္။

အာ႐ွ ဖြံ႕ၿဖိဳးေရးဘဏ္၏ ခန္႔မွန္း သုံးသပ္ခ်က္အရ ၂၀၃၀ မတိုင္မီ ျမန္မာႏိုင္ငံ၏ အေျခခံအေဆာက္အအုံလိုအပ္ခ်က္ ပိုမို ျဖည့္တင္းရန္ ေဒၚလာ ဘီလီယံ ၁၂၀ ေက်ာ္ လိုအပ္မည္ျဖစ္ရာ ယင္းလိုအပ္ခ်က္ကို ျဖည့္တင္းႏိုင္ရန္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ဖိတ္ေခၚသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ျခင္းမ်ားက ျမန္မာႏိုင္ငံတြင္ စီးပြားေရး လုပ္ကိုင္ရာ၌ လြယ္ကူေခ်ာေမြ႕ ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္စိတ္ခ်မႈမ်ားက ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈကို ျဖစ္ေပၚေစမည္ဟု ဝန္ႀကီးက သုံးသပ္ေျပာၾကားသည္။

စီမံကိန္းဘဏ္ဆိုသည္မွာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရမ်ားႏွင့္ ဝန္ႀကီးဌာနမ်ားက ေရးဆြဲထားသည့္ စီမံကိန္းမ်ားကို စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနသို႔ အခ်က္အလက္ေပးပို႔၍ အဆိုပါ ဘဏ္မ်ားတြင္ သိမ္းဆည္းထားျခင္း ျဖစ္သည္။

ထို စီမံကိန္းဘဏ္တြင္ ပါဝင္သည့္ စီမံကိန္းသည္ စီမံကိန္းအမည္၊ မဟာဗ်ဴဟာေျမာက္ အေရးပါမႈ၊ လုပ္ငန္းစီမံခ်က္၊ လ်ာထား စီမံကိန္းႏွင့္ ပတ္သက္သည့္ စာခ်ဳပ္အမ်ိဳးအစား၊ ဘ႑ာေငြရယူရန္ အရင္းအျမစ္ႏွင့္ စီမံကိန္း အက်ိဳးအျပစ္မ်ား ပါဝင္ေသာ ေလ့လာ ဆန္းစစ္ခ်က္မ်ား၊ စီမံကိန္း အေကာင္အထည္ ေဖာ္ရန္ စုစုေပါင္း ကုန္က်စရိတ္ႏွင့္ အစိုးရ ထည့္ဝင္ရမည့္ ေငြေၾကးပမာဏမ်ား ေဖာ္ျပထားသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service