ကန်ဒေါ်လာ ၄၁ သန်း အကုန်ကျခံ တည်ဆောက်မည့် နေပြည်တော် ဝန်ထမ်းအိမ်ရာ စီမံကိန်း တစ်နှစ်အတွင်း ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
640 Views

ကန်ဒေါ်လာ ၄၁ သန်း အကုန်ကျခံ တည်ဆောက်မည့် နေပြည်တော် ဝန်ထမ်းအိမ်ရာ စီမံကိန်း တစ်နှစ်အတွင်း ပြီးစီးမည်

[Unicode]

အမေရိကန်ဒေါ်လာ ၄၁ သန်း အကုန်ကျခံ တည်ဆောက်မည့် နေပြည်တော် ဝန်ထမ်းအိမ်ရာ စီမံကိန်းကို တစ်နှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အစိုးရ၏ စီမံကိန်းဘဏ် စာရင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၃၀၀၀ ပါရှိမည်ဖြစ်ပြီး နေပြည်တော်တွင် အငြိမ်းစား ယူသွားသည့် ဝန်ထမ်းများအတွက် ရည်ရွယ်ကြောင်း သိရသည်။

အိမ်ရာအခန်းများကို နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်မှ အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကာ ယင်း စီမံကိန်းအတွက် အခြား ရင်းနှီးမြှုပ်နှံမည့် သူများကိုလည်း ထပ်မံ ဖိတ်ခေါ်ထားကြောင်း အစိုးရက ကြေငြာထားသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီက လေးထပ် အဆောက်အဦးများကို အခန်း ၃၀၀၀ ပြည့်မီရန်အထိ တစ်နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကာ အခန်းများသည် ၆၅၀ စတုရန်းပေ ကျယ်ဝန်းမည် ဖြစ်သည်။

အိမ်ခန်း ၂ ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း များ ပါဝင်ပြီး ရိုးရိုးလှေကား၊ အရေးပေါ် ထွက်ပေါက် လှေကားများနှင့် သံကူကွန်ကရစ် ၄ ထပ် အဆောက်အဦ စုစုပေါင်း ၁၈၉ လုံး ဖြစ်သည်။

ယင်း စီမံကိန်းသည် စုစုပေါင်း ကုန်ကျစရိတ် ကျပ် ၁၆ ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး ထိုထဲတွင် လမ်း၊ တံတား လုပ်ငန်းများ အတွက် ကျပ် ၁၀ ဘီလီယံကျော်၊ ရေပေးဝေရေး အတွက် ကျပ် ၄ ဒသမ ၂ ဘီလီယံနှင့် လျှပ်စစ်မီး အတွက် ကျပ် ၁ ဒသမ ၄ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ထို စီမံကိန်းသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု စီမံချက်အောက်မှ စီမံကိန်းတစ်ခု ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ၏ လူနေမှုဘဝ မြှင့်တင့်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဦးစီးဆောင်ရွက်ခြင်း ဖြစ်ပြီးလာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ အတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်သည်။

ပထမအဆင့် စီမံကိန်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း တောင်ဘက်ရှိ မြေဧက ၆၉ ဒသမ ၅ ဧကတွင် ဆောက်လုပ်မည် ဖြစ်သည်။

ဝယ်ယူလိုသော အငြိမ်းစား ဝန်ထမ်းများ အနေဖြင့် အိမ်ခန်းတန်ဖိုး၏ ပထမအရစ်ကျ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေကို အရစ်ကျ ပေးသွင်းရမည် ဖြစ်ကာ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ အိမ်ရာ စီမံကိန်းအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်နှင့် လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့ကို လုပ်ငန်းအပ်နှံတည်ဆောက်မည် ဖြစ်ပြီး အသင်း ၂ သင်း၏ စီမံခန့်ခွဲမှုဖြင့် စီမံကိန်း စတင်ချိန်မှ ၁ နှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service