လက်ဘက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ ချေးငွေလျှောက်ထားနိုင်ပြီဟု ကြေငြာ - Property News in Myanmar from iMyanmarHouse.com
2222 Views

လက်ဘက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ ချေးငွေလျှောက်ထားနိုင်ပြီဟု ကြေငြာ

[Unicode]

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ ကျပ်ဘီလီယံ ၆၀ ခန့် ကို အသေးစားချေးငွေလုပ်ငန်း ၄၄ခုတွင် ပထမအကြိမ်ချေးယူနိုင်ပြီဖြစ်ကြောင်း ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန် သည်။

အတည် တကျဖွင့်လှစ်ထားသည့် ဆိုင်များ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်ဘီ လီယံ ၁၀၀အနက်မှ ပထမဦးဆုံးအကြိမ် ကျပ် ဘီလီယံ ၆၀ခန့်ကိုထုတ်ချေးခြင်းဖြစ်သည်။

ထိုချေးငွေကို အသေးစားချေးငွေလုပ်ငန်း များမှတစ်ဆင့် ထုတ်ချေးမည် ဖြစ်ပြီး ချေးငွေရယူလိုသည့်လက် ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ငယ်များသည် အသေးစားချေးငွေ ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့်လျှောက် ထားရမည်ဖြစ်သည်။ ထိုကုမ္ပဏီ များက တိုင်းနှင့်ပြည်နယ်များတွင် ချေးငွေထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

ကချင်ပြည်နယ်တွင်ကုမ္ပဏီ ကိုးခု၊ ကယားပြည်နယ်တွင်ငါးခု၊ ကရင်ပြည်နယ်တွင် ခြောက်ခု၊ ချင်းပြည်နယ်တွင် နှစ်ခု၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၁၄ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ငါး ခု၊ ပဲခူးတိုင်းတွင် ၂၁ ခု၊ မကွေး တိုင်းတွင် ၁၃ ခု၊ မွန်ပြည်နယ်တွင် ၁ဝခု၊ ရခိုင်တွင် ငါးခု၊ ရန်ကုန် တွင် ၁၈ ခု၊ ရှမ်းတွင် ၁၁ ခုနှင့် ဧရာဝတီတွင် ၁၂ ခုတို့ဖြစ်ပြီး ကုမ္ပဏီအချို့သည် တိုင်းဒေသ ကြီး၊ ပြည်နယ်တစ်ခုထက်ပို၍ ပိုမို လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

လက်ဖက်ရည်ဆိုင်နှင့် စား သောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေးငွေ ပေးမည်ဟု အသေးစားငွေရေး ကြေးရေး ကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

အဆိုပါချေးငွေကို တိုင်းဒေ သကြီး၊ ပြည်နယ်များရှိ အတည် တကျဖွင့်လှစ်ထားသည့် ဆိုင်များ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်ဘီ လီယံ ၁၀၀ မှ ထုတ်ချေးမည်ဖြစ် သည်။ ထိုချေး ငွေကို မြန်မာ့စီးပွား ရေးဘဏ်က အသေးစားချေးငွေ လုပ်ငန်းများသို့ ထုတ်ချေးပြီး ထိုလုပ်ငန်းများက လက်ဖက်ရည် ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ သို့ တစ်ဆင့်ပြန်လည်ချေးမည်ဖြစ် သည်။

ထုတ်ချေးရာတွင် မတည် ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ မတည်ငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ ကြားရှိသည့် ဆိုင်ငယ် များအတွက် ကျပ်သိန်း ၇၀ နှင့် မတည်ငွေ ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရှိ ဆိုင်ငယ်များအတွက် ကျပ်သိန်း ၁၀၀ ထုတ်ချေးမည်ဖြစ် သည်။ ချေးငွေလျှောက်ထားမည့် လက်ဖက်ရည်ဆိုင်နှင့် စား သောက်ဆိုင်ငယ်များသည် အ ချက်ကိုးချက် ပြည့်စုံရမည်ဖြစ် သည်။ ကိုဗစ်ကြောင့် လုပ်ငန်း ယာယီပိတ်သိမ်းခဲ့ရသည့် ဆိုင် များဖြစ်ခြင်းနှင့် ကိုယ်ပိုင်မြေ၊ အဆောက်အအုံပေါ်တွင်ဖြစ်စေ၊ တရားဝင်ငှားရမ်း၍ဖြစ်စေ အခြေ တကျ ဖွင့်လှစ်ထားသည့်ဆိုင်ဖြစ် ရမည်ဖြစ်သည်။

ဆိုင်ဖွင့်သက်တမ်း တစ်နှစ် ရှိရမည်ဖြစ်ပြီး စည်ပင်နှင့် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါရှိရမည်ဖြစ် သည်။ ထို့အပြင် အာမခံနှစ်ဦးရှိ ရမည်ဖြစ်ပြီး ချေးငွေကို ဆိုင်ပြန် ဖွင့်ရန်အတွက်သာ သုံးရမည်ဖြစ် ကာ တစ်နှစ်အတွင်း ပြန်ဆပ် ရမည်ဖြစ်သည်။ အလုပ်သမား ငါးဦးနှင့်အထက်ရှိသော ဆိုင်ကို ဦးစားပေးမည်ဖြစ်သော်လည်း ငါးဦးအောက် ဆိုင်များလည်း လျှောက်ထားနိုင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service