ကန်ဒေါ်လာ ၇ သန်းခန့်နှင့် ကျပ် သန်း ၂၀၀၀ ကျော်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၃ ခုကို ရန်ကုန်တိုင်းအတွင်း ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1084 Views

ကန်ဒေါ်လာ ၇ သန်းခန့်နှင့် ကျပ် သန်း ၂၀၀၀ ကျော်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၃ ခုကို ရန်ကုန်တိုင်းအတွင်း ခွင့်ပြု

[Unicode]

မတည်ငွေရင်း အမေရိကန်ဒေါ်လာ ၇ သန်းခန့်နှင့် ကျပ် သန်း ၂၀၀၀ ကျော်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ၃ ခုကို ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံရန် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Video Conferencing စနစ်ဖြင့် ပြုလုပ်သည့်စည်းအဝေးတွင် ခွင့်ပြုခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် Samoa တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကိုအတည်ပြုပေးခဲ့ပါတယ်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် Foam Mattress အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ကင်မရာအိတ် အမျိုးမျိုး ချုပ်လုပ်ခြင်းနှင့် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့ပါဝင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မွ သိရသည်။

အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၆၄ သန်း နှင့် မြန်မာကျပ်ငွေ ၂၁၇၄ ဒသမ ၂ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း(၃)ခုတို့မှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၀၇၃ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကြုံတွေ့နေရ ပြီး မြန်မာနိုင်ငံနေဖြင့်လည်း စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း၌ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများရပ်တန့်မသွားဘဲ ပုံမှန်လည်ပတ်လျှက်ရှိပြီး ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက တစ်လလျှင်နှစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ စက်မှုကဏ္ဍ ၊ ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုစိစစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုခွင့်ပြုမိန့်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၁၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကန္ေဒၚလာ ၇ သန္းခန႔္ႏွင့္ က်ပ္ သန္း ၂၀၀၀ ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္ လုပ္ငန္း ၃ ခုကို ရန္ကုန္တိုင္းအတြင္း ခြင့္ျပဳ

မတည္ေငြရင္း အေမရိကန္ေဒၚလာ ၇ သန္းခန႔္ႏွင့္ က်ပ္ သန္း ၂၀၀၀ ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္ လုပ္ငန္း ၃ ခုကို ရန္ကုန္တိုင္းအတြင္း ရင္းႏွီးျမႇဳပ္ႏွံရန္ ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ Video Conferencing စနစ္ျဖင့္ ျပဳလုပ္သည့္စည္းအေဝးတြင္ ခြင့္ျပဳခဲ့သည္။

အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ စက္မႈက႑တြင္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ ႏွင့္ Samoa တို႔မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၂)ခု ႏွင့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ (၁)ခု တို႔ကိုအတည္ျပဳေပးခဲ့ပါတယ္။ အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားတြင္ CMP စနစ္ျဖင့္ Foam Mattress အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္း၊ ကင္မရာအိတ္ အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းႏွင့္ အဝတ္အထည္ အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္း လုပ္ငန္းတို႔ပါဝင္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ သိရသည္။

အတည္ျပဳ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏ စုစုေပါင္းမွာ အေမရိကန္ ေဒၚလာ ၆ ဒသမ ၉၆၄ သန္း ႏွင့္ ျမန္မာက်ပ္ေငြ ၂၁၇၄ ဒသမ ၂ သန္း ျဖစ္ၿပီး လုပ္ငန္းစုစုေပါင္း(၃)ခုတို႔မွ ျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္း ၁၀၇၃ ဦးအတြက္ ဖန္တီးေပးႏိုင္မည္ျဖစ္သည္။

ယခုအခါ ကမာၻတစ္ဝွမ္းလုံး COVID-19 ကူးစက္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားႀကဳံေတြ႕ေနရ ၿပီး ျမန္မာႏိုင္ငံေနျဖင့္လည္း စီးပြားေရးထိခိုက္မႈမ်ားျဖစ္ေပၚေနေသာ္လည္း ရန္ကုန္တိုင္းအတြင္း၌ ရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားရပ္တန႔္မသြားဘဲ ပုံမွန္လည္ပတ္လွ်က္ရွိၿပီး ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက တစ္လလွ်င္ႏွစ္ႀကိမ္ အစည္းအေဝးျပဳလုပ္ကာ စက္မႈက႑ ၊ ဝန္ေဆာင္မႈက႑ စသည္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားကိုစိစစ္ၿပီး အေမရိကန္ေဒၚလာ ၅ သန္း သို႔မဟုတ္ ျမန္မာက်ပ္ေငြ သန္း၆၀၀၀ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အတည္ျပဳခြင့္ျပဳမိန႔္ထုတ္ေပး လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ခုႏွစ္ ေမလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။ ႏိုင္ငံေပါင္း (၅၁)ႏိုင္ငံမွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၆၀ ရာခိုင္ႏႈန္း ျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၅၁ ရာခိုင္ႏႈန္းျဖင့္ လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၁၁ ရာခိုင္ႏႈန္း ျဖင့္ လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service