မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
994 Views

မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

Knowledge | Posted by Si Thu Aung

[Unicode]

“ကျွန်တော်က အိမ်နဲ့ မြေဝယ်ဖို့ စရန်ငွေပေးထားလိုက်တယ်။ အခုမှ ကန့်ကွက်သူပေါ်လာလို့ ဆရာ”ဟု အသိမိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။

“စရန်ငွေပေးစဉ်က သေချာမကြည့်ဘူးလား။ စာရွက်စာတမ်း ခိုင်လုံမှ ဝယ်သင့်တယ်။ ဂရန်မြေလား၊ ဘယ်လိုဖြစ်တာလဲ”

“ဟုတ်ကဲ့၊ ဝယ်စဉ်ကတော့ သူတစ်ဦးတည်းပိုင်သလို ပြောတာ ဆရာ။ သူ့အမေက ကျန်းမာရေး မကောင်းလို့အပေါ်ထပ်လည်း မတက်နိုင်လို့ အခုရောင်းမယ့် အိမ်မှာ အိမ်ဖော်ကလေးမလေးတစ်ယောက်နဲ့ ထားတယ်ဆိုပြီး ပြောပါတယ်”

“ဂရန်စာချုပ် မပြဘူးလား။ ဝယ်ထားတဲ့ မှတ်ပုံတင်စာချုပ်ပြပါသလား”

“ဂရန်စာချုပ်က ပေါင်ထားလို့ ပြန်ရွေးရမှာမို့ဆိုပြီး မိတ္တူထုတ်ပြပါတယ်။ အဲဒီမှာတော့ ရောင်းမယ်ဆိုတဲ့ သူရဲ့အမည်တစ်ခုကိုပဲ တွေ့တယ်။ အခုမှ မောင်နှမသုံးဦး ပူးတွဲပိုင်တယ်ဆိုပြီး ကန့်ကွက်လာတာ ဆရာ”

“ကန့်ကွက်တဲ့စာက မောင်ရင်တို့ထံ ပေးပို့တာလား”

“မဟုတ်ဘူး ဆရာ၊ ကြေးမုံ သတင်းစာထဲမှာ ပါလာတာ ဆရာ””

“အဲဒီ သတင်းစာပါလာသလား၊ ဖတ်ကြည့်တာပေါ့”ဟု စာရေးသူက တောင်းဆိုလိုက်ပါသည်။

လူငယ်လေးက အိတ်ထဲမှ သတင်းစာဖြတ်ပိုင်းကို ထုတ်ပြပါသည်။ စာရေးသူက လှမ်းယူ၍ ဖတ်ကြည့်မိသည်။

“ဒီကန့်ကွက်စာအရတော့ မူလက မိဘတွေဝယ်ထားတဲ့ အိမ်နဲ့ မြေလို့ ဆိုတယ်။ အိမ်ဟောင်းကိုပြင်ပြီး မိဘတွေက နှစ်ထပ်တိုက် ဆောက်လိုက်တယ်။ ဒါပေမယ့် မြေကွက် အမည်မပြောင်းခဲ့ဘူး။ မိခင်က မူလပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတယ်။ ဖခင်ကွယ်လွန်သွားတော့ မိခင်က သားသမီးတွေကို အရောင်း စာချုပ် ချုပ်ဆိုရောင်းတယ်။ ဂရန်အမည်ကို သားသမီး သုံးဦး အမည် ဖောက်တယ်။ ယခုအခါ ပူးတွဲပိုင်ရှင် ညီမက ရောင်းဖို့ စီစဉ်နေကြောင်း၊ ဒါကြောင့် ကျန်ပူးတွဲပိုင်ရှင်နှစ်ဦးရဲ့ သဘောတူညီချက်မပါဘဲ ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း မပြုရန် တားမြစ်ကန့်ကွက်ကြောင်း ဖော်ပြထားတာ ဖြစ်တယ်”

“ဟုတ်ပါတယ် ဆရာ။ ဒီကန့် ကွက်စာအရတော့ ဂရန်အမည် ပေါက်က သုံးဦးအမည်ပေါက်လို့ ပြောပါတယ်။ ကျွန်တော်မသိတာက ကျွန်တော့်ထံပေးထားတဲ့ ဂရန်ဓာတ်ပုံမိတ္တူမှာက အခုရောင်းမယ်ဆိုတဲ့ ညီမရဲ့ အမည်တစ်ခုပဲပါတာ ဆရာ”

“ဒါကတော့ ဓာတ်ပုံမိတ္တူသဘောအရ၊ ဖျောက်ဖျက်ရိုက်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မြေနဲ့ပတ်သက်လာရင် မူရင်းစာရွက်စာတမ်းတွေကို တောင်းကြည့်ပြီးမှ ယုံကြည်လို့ရတယ်။ ဒါတောင် ဂရန်မူရင်း နှစ်စောင်ထပ်နေတာမျိုးလည်း ရှိတတ်တယ်။ ဝယ်မယ်ဆိုရင်တော့ သက်ဆိုင်ရာမြေယာဌာနမှာ ထပ်မံစုံစမ်းဖို့ လို့ပါတယ်။ တစ်ဆက်တည်း မှတ်သားစရာတစ်ခုပြောရဦးမယ်။ အခုပြတဲ့ သတင်းစာပါ ကန့် ကွက်စာက ဖြတ်ညှပ်ထားတဲ့ စာရွက်အသေးဖြစ်နေတယ်။ အမှန်မှာ ကန့်ကွက်စာပါတဲ့ သတင်းစာရဲ့ စာမျက် နှာတစ်ခုလုံးကို လက်ခံယူထားရမှာ ဖြစ်တယ်။ ဒါမှ တရားရုံးမှာ သက်သေခံစာရွက်အဖြစ် တင်ပြဖို့ လိုအပ်လာရင် ဘယ်သတင်းစာ နေ့စွဲ။ စာမျက်နှာ စသဖြင့် အသေးစိတ်တင်ပြ နိုင်မှာဖြစ်တယ်။ ဒါကြောင့် သတင်းစာပါ ကန့်ကွက်လွှာအပိုင်းလေးပဲ ဖြတ်ယူမထားဘဲ၊ သတင်းစာရဲ့ စာမျက်နှာတစ်ခုလုံးကို ယူထားပါလို့ ဗဟုသုတအဖြစ် သိထားစေချင်တယ်”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ပဲ ပြောရမှာပေါ့ ဆရာ”

“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးနဲ့တွေ့ သေးလား၊ သူတို့က ရောင်းဖို့ သဘောတူကြသလား”

“ကျွန်တော်တို့ ဆက်သွယ်ပါတယ် ဆရာ။ သူတို့ရဲ့ ရှေ့နေနဲ့လည်း တွေ့ပါတယ်”

“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးကကော အိမ်နဲ့မြေကို ရောင်းဖို့ စိတ်ကူးရှိသလား။ လက်လွန်သွားမှာစိုးလို့။ ဒါမှမဟုတ် ကြိုက်ဈေးမရမှာစိုးလို့ ကန့်ကွက်တာလည်း ဖြစ်နိုင်တယ်”

“ဟုတ်ကဲ့ ဆရာ။ အခုကိစ္စမှာ အကြီးဆုံး အစ်ကိုကြီးက နိုင်ငံခြား သင်္ဘောမှာ အလုပ်လုပ်တာဖြစ်ပြီး အတူမနေဘူးဆရာ။ အလတ်ဖြစ်တဲ့ မိန်းကလေးက တက္ကသိုလ်က ဆရာမ၊ အခုရောင်းမယ်ဆိုတဲ့ အိမ်မှာ မိခင် ကြီးနဲ့အတူနေတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခန့်ကစပြီး မကွေးတက္ကသိုလ်မှာ တာဝန်ပြောင်းရွှေ့ရလို့ ပြောင်းသွားရတယ်။ သူ့ခင်ပွန်းက နေပြည်တော်က အစိုးရရုံးတစ်ရုံးမှာ အလုပ်လုပ်တယ်ပြောတယ်။ ဘယ်မှာလဲတော့ အတိအကျမသိဘူး”

“ဒါဆို အငယ်ညီမက လှည့်ပတ်ပြီး ရောင်းတဲ့ သဘောလား”

“ညီမဖြစ်သူက ရန်ကုန်မြို့ထဲက တိုက်ခန်းမှာနေတာ ဆရာ။ သူက ပထမ အိမ်ထောင်ပျက်သွားပြီး အခု လက်ရှိ အမျိုးသားက နောက်အိမ်ထောင်ဆရာ။ ယခင်က နိုင်ငံခြား သင်္ဘောသားလို့ ပြောတယ်။ နောက်ပိုင်းမှာ ကျန်းမာရေး မကောင်းလို့ အနားယူပြီး စီးပွားရေးလောကထဲ ရင်းနှီးမြှုပ်နှံဆောင်ရွက်တယ်လို့ သိရပါတယ်။ ကျွန်တော်နဲ့ ခင်မင်သိကျွမ်းတာကတော့ ကားဝယ်ရောင်းလုပ်ကြ သူချင်း သိကျွမ်းခင်မင်သွားကြတာ ပါ ဆရာ”

“ဒီအတိုင်းဆိုရင်တော့ မိသားစု အမွေကိစ္စသဘော ဖြစ်နေပြီ”

“ဟုတ်ကဲ့ ဆက်ပြောရမယ်ဆိုရင်တော့ ညီမဖြစ်သူက အိမ်မြေ ရောင်းပြီး အမွေခွဲဖို့ တောင်းဆိုတယ် ပြောတယ်။ ဝယ်သူရှိရင် ရောင်းမယ်လို့ စိတ်ကူးပြီး လုပ်တာပေါ့ ဆရာ”

“မိမိတစ်ယောက်တည်းသဘောနဲ့ စိတ်ကူးဆောင်ရွက်လိုက်တာပဲ။ ကျန်တဲ့ မောင်နှမနှစ်ယောက်နဲ့ တွေ့တော့ ဘာပြောလဲ”

“သူတို့ကတော့ မိခင်ကြီး သက်ရှိထင်ရှားရှိနေစဉ်မှာတော့ ရောင်းဖို့ စိတ်ကူးမရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်သိချင်တာက ဒီအိမ်နဲ့ မြေက မိဘတွေပိုင်ဆိုင်ပြီး မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ မိခင်ကြီးပိုင်ပဲ မဟုတ်ဘူးလား ဆရာ”

“မူလကတော့ မိဘတွေပိုင်တာပဲ။ ဒါပေမယ့် မိဘတွေက မူလပိုင်ရှင်ဆီက အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုဝယ်တာ မဟုတ်ဘဲ အရပ်ကတိစာချုပ်နဲ့ ဝယ်တယ်။ ပြီးတော့ မူလပိုင်ရှင်ရဲ့ ကိုယ်စားလုပ် ပိုင်ခွင့်အတွက် ကိုယ်စားလှယ်စာကို ဇနီးဖြစ်သူက ယူထားတယ်”

“မူလပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတော့ ပိုင်ရှင်ဖြစ် မလာဘူးလား ဆရာ”

“ကိုယ်စားလှယ်စာဆိုတာ ပေးသူကိုယ်စား လုပ်ပိုင်ခွင့်ပေးတာဖြစ်တယ်။ ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးတာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေအရ ကြည့်ရင် ဝယ်လိုက်တဲ့ မိဘတွေဟာ တရားဝင်ပိုင်ဆိုင်ခွင့်မရသေးဘူး။ မူလပိုင်ရှင်ကိုယ်စား ဆောင်ရွက်ခွင့်သာရတာဖြစ်တယ်။ တရားဝင် ပိုင်ဆိုင်သူမဟုတ်လို့ ခင်ပွန်းကွယ် လွန်တဲ့အခါ ဇနီးသည်က သားသမီးတွေကို အပေးစာချုပ်နဲ့ ပေးကမ်းခြင်း မပြုနိုင်ဘူး။ ဒါကြောင့် မူလပိုင်ရှင် ရဲ့ ကိုယ်စားလှယ်စာအရ မူလပိုင်ရှင်က မိမိရဲ့ သားသမီးသုံးဦးကို ရောင်းကြောင်း၊ အရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်”

“ဒါဆိုရင် ရောင်းသူက မိခင်ပေါ့”

“ဒီလို မဟုတ်ဘူး။ မိခင်က ရောင်းတာမဟုတ်ဘူး။ မူလအမည် ပေါက်ပိုင်ရှင်ဆီက ဝယ်တဲ့ သဘောချုပ်ဆိုပြီး မိခင်ဖြစ်သူက မူလပိုင်ရှင်ရဲ့ ကိုယ်စားလှယ်စာရသူ တစ်နည်းအားဖြင့် မူလပိုင်ရှင်ကိုယ်စား ရောင်းသူအဖြစ် လက်မှတ်ရေးထိုး ပေးတာဖြစ်တယ်”

“မိခင်က မိမိပိုင်မြေနဲ့ အိမ်ဆို ပြီး တရားရုံးမှာ ပြန်တောင်းလို့ရလား”

ဒါနဲ့ ပတ်သက်လို့ရှင်းအောင် ပြောရရင် - ဦးဝင်းနိုင် (၎င်းင်း၏ အခွင့် ရကိုယ်စားလှယ် ဒေါ်ခင်ချိုဦး) နှင့် ဦးချစ်မောင်ပါ (၄) ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ - ၂၀၉ (တရားမအထူးအယူခံ အမှု) မှာ မိဘများက အရွယ်မ ရောက်သေးသည့် သားသမီးလေးဦး အမည်ဖြင့် မြေကွက်ဝယ်ယူ၍ ဂရန် အမည်ပေါက် အောင်ပြုလုပ်ပေးခဲ့သည်။ အရွယ်ရောက်ပြီး သားသမီး လေးဦးအမည်ပေါက်မြေနှင့် အိမ်ကို မိဘများက ၎င်းတို့ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားမ အထူး အယူခံခုံရုံးက - မိဘများမှ သားသမီး လေးဦးအမည်ဖြင့် ဝယ်ယူပြီး ဂရန်အမည်ပေါက် အကျိုးခံစားခွင့် ရရှိပြီးဖြစ်၍ မိဘများက ပိုင်ဆိုင်အ ကျိုးခံစားခွင့်ရှိသည်ဟု တောင်းဆို ပိုင်ခွင့်မရှိပေ။ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ (၄၁) အရ ပိတ်ပင်ပြီးဖြစ်သည်။ သို့သော် အရောင်းအဝယ် စာချုပ်အရ ဝယ်ယူစဉ်က အချင်းဖြစ် အဆောက်အအုံ သုံးထပ်တိုက်မရှိသေးဘဲ အိမ်သေးသေးလေးသာရှိပြီး သားသမီးလေးဦး အမည် ဖြင့် ဝယ်ပြီးမှ မိဘငွေဖြင့် သုံးထပ်တိုက်ဆောက်ခဲ့၍ သုံးထပ်တိုက်မှာ မိဘများပိုင် ပစ္စ်ည်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်”

“အခုကိစ္စမှာလည်း မိခင်ကြီးက မပိုင်တော့ဘူးပေါ့။ အိမ်ကလည်း ဆောက်ပြီးမှ သားသမီးအမည်နဲ့ ဝယ်ခဲ့ရင် အိမ်လည်း မပိုင်ဘူးပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် အဆင်ပြေရင်တော့ စရန်ငွေပြန်ယူလိုက်တာကောင်းတယ်လို့ အကြံပေးချင် ပါတယ်”

“ဟုတ်ကဲ့ပါ ဆရာ။ မိဘတွေ အနေနဲ့လည်း သားသမီးတွေကို မသေမီ ပစ္စည်းအားလုံးပေးမထားဖို့ သတိရှိရမယ်ဆိုတာ ဗဟုသုတရ လိုက်ပါတယ် ဆရာ”ဟု ပြောဆိုကာ ဆွေးနွေးခ ကန်တော့သွားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

မိဘမ်ားက သားသမီးအမည္ျဖင့္ ၀ယ္ထားသည့္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္

“ကၽြန္ေတာ္က အိမ္နဲ႔ ေျမ၀ယ္ဖုိ႔ စရန္ေငြေပးထားလုိက္တယ္။ အခုမွ ကန္႔ကြက္သူေပၚလာလုိ႔ ဆရာ”ဟု အသိမိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ ေရာက္လာၿပီး ေဆြးေႏြးျခင္းျဖစ္သည္။

“စရန္ေငြေပးစဥ္က ေသခ်ာမၾကည့္ဘူးလား။ စာရြက္စာတမ္း ခုိင္လုံမွ ၀ယ္သင့္တယ္။ ဂရန္ေျမလား၊ ဘယ္လုိျဖစ္တာလဲ”

“ဟုတ္ကဲ့၊ ၀ယ္စဥ္ကေတာ့ သူတစ္ဦးတည္းပုိင္သလုိ ေျပာတာ ဆရာ။ သူ႔အေမက က်န္းမာေရး မေကာင္းလုိ႔အေပၚထပ္လည္း မတက္ႏုိင္လုိ႔ အခုေရာင္းမယ့္ အိမ္မွာ အိမ္ေဖာ္ကေလးမေလးတစ္ေယာက္နဲ႔ ထားတယ္ဆုိၿပီး ေျပာပါတယ္”

“ဂရန္စာခ်ဳပ္ မျပဘူးလား။ ၀ယ္ထားတဲ့ မွတ္ပုံတင္စာခ်ဳပ္ျပပါသလား”

“ဂရန္စာခ်ဳပ္က ေပါင္ထားလုိ႔ ျပန္ေရြးရမွာမုိ႔ဆုိၿပီး မိတၱဴထုတ္ျပပါတယ္။ အဲဒီမွာေတာ့ ေရာင္းမယ္ဆုိတဲ့ သူရဲ႕အမည္တစ္ခုကိုပဲ ေတြ႕တယ္။ အခုမွ ေမာင္ႏွမသုံးဦး ပူးတြဲပုိင္တယ္ဆုိၿပီး ကန္႔ကြက္လာတာ ဆရာ”

“ကန္႔ကြက္တဲ့စာက ေမာင္ရင္တုိ႔ထံ ေပးပုိ႔တာလား”

“မဟုတ္ဘူး ဆရာ၊ ေၾကးမုံ သတင္းစာထဲမွာ ပါလာတာ ဆရာ””

“အဲဒီ သတင္းစာပါလာသလား၊ ဖတ္ၾကည့္တာေပါ့”ဟု စာေရးသူက ေတာင္းဆုိလုိက္ပါသည္။

လူငယ္ေလးက အိတ္ထဲမွ သတင္းစာျဖတ္ပုိင္းကို ထုတ္ျပပါသည္။ စာေရးသူက လွမ္းယူ၍ ဖတ္ၾကည့္မိသည္။

“ဒီကန္႔ကြက္စာအရေတာ့ မူလက မိဘေတြ၀ယ္ထားတဲ့ အိမ္နဲ႔ ေျမလုိ႔ ဆုိတယ္။ အိမ္ေဟာင္းကိုျပင္ၿပီး မိဘေတြက ႏွစ္ထပ္တုိက္ ေဆာက္လုိက္တယ္။ ဒါေပမယ့္ ေျမကြက္ အမည္မေျပာင္းခဲ့ဘူး။ မိခင္က မူလပုိင္ရွင္ထံက ကုိယ္စားလွယ္စာယူထားတယ္။ ဖခင္ကြယ္လြန္သြားေတာ့ မိခင္က သားသမီးေတြကို အေရာင္း စာခ်ဳပ္ ခ်ဳပ္ဆုိေရာင္းတယ္။ ဂရန္အမည္ကို သားသမီး သုံးဦး အမည္ ေဖာက္တယ္။ ယခုအခါ ပူးတြဲပုိင္ရွင္ ညီမက ေရာင္းဖုိ႔ စီစဥ္ေနေၾကာင္း၊ ဒါေၾကာင့္ က်န္ပူးတြဲပုိင္ရွင္ႏွစ္ဦးရဲ႕ သေဘာတူညီခ်က္မပါဘဲ ေရာင္းျခင္း၊ ၀ယ္ျခင္း၊ ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္း မျပဳရန္ တားျမစ္ကန္႔ကြက္ေၾကာင္း ေဖာ္ျပထားတာ ျဖစ္တယ္”

“ဟုတ္ပါတယ္ ဆရာ။ ဒီကန္႔ ကြက္စာအရေတာ့ ဂရန္အမည္ ေပါက္က သုံးဦးအမည္ေပါက္လုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္မသိတာက ကၽြန္ေတာ့္ထံေပးထားတဲ့ ဂရန္ဓာတ္ပုံမိတၱဴမွာက အခုေရာင္းမယ္ဆုိတဲ့ ညီမရဲ႕ အမည္တစ္ခုပဲပါတာ ဆရာ”

“ဒါကေတာ့ ဓာတ္ပုံမိတၱဴသေဘာအရ၊ ေဖ်ာက္ဖ်က္႐ုိက္ထားတာမ်ဳိးလည္း ျဖစ္ႏုိင္တယ္။ ဘာပဲျဖစ္ျဖစ္ ေျမနဲ႔ပတ္သက္လာရင္ မူရင္းစာရြက္စာတမ္းေတြကို ေတာင္းၾကည့္ၿပီးမွ ယုံၾကည္လုိ႔ရတယ္။ ဒါေတာင္ ဂရန္မူရင္း ႏွစ္ေစာင္ထပ္ေနတာမ်ဳိးလည္း ရွိတတ္တယ္။ ၀ယ္မယ္ဆုိရင္ေတာ့ သက္ဆုိင္ရာေျမယာဌာနမွာ ထပ္မံစုံစမ္းဖုိ႔ လုိ႔ပါတယ္။ တစ္ဆက္တည္း မွတ္သားစရာတစ္ခုေျပာရဦးမယ္။ အခုျပတဲ့ သတင္းစာပါ ကန္႔ ကြက္စာက ျဖတ္ညႇပ္ထားတဲ့ စာရြက္အေသးျဖစ္ေနတယ္။ အမွန္မွာ ကန္႔ကြက္စာပါတဲ့ သတင္းစာရဲ႕ စာမ်က္ ႏွာတစ္ခုလုံးကုိ လက္ခံယူထားရမွာ ျဖစ္တယ္။ ဒါမွ တရား႐ုံးမွာ သက္ေသခံစာရြက္အျဖစ္ တင္ျပဖုိ႔ လုိအပ္လာရင္ ဘယ္သတင္းစာ ေန႔စြဲ။ စာမ်က္ႏွာ စသျဖင့္ အေသးစိတ္တင္ျပ ႏုိင္မွာျဖစ္တယ္။ ဒါေၾကာင့္ သတင္းစာပါ ကန္႔ကြက္လႊာအပုိင္းေလးပဲ ျဖတ္ယူမထားဘဲ၊ သတင္းစာရဲ႕ စာမ်က္ႏွာတစ္ခုလုံးကို ယူထားပါလုိ႔ ဗဟုသုတအျဖစ္ သိထားေစခ်င္တယ္”

“ဟုတ္ကဲ့၊ ကၽြန္ေတာ္တုိ႔ရဲ႕ အားနည္းခ်က္လုိ႔ပဲ ေျပာရမွာေပါ့ ဆရာ”

“က်န္တဲ့ ပိုင္ရွင္ႏွစ္ဦးနဲ႔ေတြ႕ ေသးလား၊ သူတုိ႔က ေရာင္းဖုိ႔ သေဘာတူၾကသလား”

“ကၽြန္ေတာ္တုိ႔ ဆက္သြယ္ပါတယ္ ဆရာ။ သူတုိ႔ရဲ႕ ေရွ႕ေနနဲ႔လည္း ေတြ႕ပါတယ္”

“က်န္တဲ့ ပုိင္ရွင္ႏွစ္ဦးကေကာ အိမ္နဲ႔ေျမကို ေရာင္းဖုိ႔ စိတ္ကူးရွိသလား။ လက္လြန္သြားမွာစုိးလုိ႔။ ဒါမွမဟုတ္ ႀကိဳက္ေစ်းမရမွာစုိးလုိ႔ ကန္႔ကြက္တာလည္း ျဖစ္ႏုိင္တယ္”

“ဟုတ္ကဲ့ ဆရာ။ အခုကိစၥမွာ အႀကီးဆုံး အစ္ကုိႀကီးက ႏုိင္ငံျခား သေဘၤာမွာ အလုပ္လုပ္တာျဖစ္ၿပီး အတူမေနဘူးဆရာ။ အလတ္ျဖစ္တဲ့ မိန္းကေလးက တကၠသုိလ္က ဆရာမ၊ အခုေရာင္းမယ္ဆုိတဲ့ အိမ္မွာ မိခင္ ႀကီးနဲ႔အတူေနတယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္ခန္႔ကစၿပီး မေကြးတကၠသုိလ္မွာ တာ၀န္ေျပာင္းေရႊ႕ရလုိ႔ ေျပာင္းသြားရတယ္။ သူ႔ခင္ပြန္းက ေနျပည္ေတာ္က အစုိးရ႐ုံးတစ္႐ုံးမွာ အလုပ္လုပ္တယ္ေျပာတယ္။ ဘယ္မွာလဲေတာ့ အတိအက်မသိဘူး”

“ဒါဆုိ အငယ္ညီမက လွည့္ပတ္ၿပီး ေရာင္းတဲ့ သေဘာလား”

“ညီမျဖစ္သူက ရန္ကုန္ၿမိဳ႕ထဲက တုိက္ခန္းမွာေနတာ ဆရာ။ သူက ပထမ အိမ္ေထာင္ပ်က္သြားၿပီး အခု လက္ရွိ အမ်ဳိးသားက ေနာက္အိမ္ေထာင္ဆရာ။ ယခင္က ႏုိင္ငံျခား သေဘၤာသားလုိ႔ ေျပာတယ္။ ေနာက္ပုိင္းမွာ က်န္းမာေရး မေကာင္းလုိ႔ အနားယူၿပီး စီးပြားေရးေလာကထဲ ရင္းႏွီးျမႇဳပ္ႏွံေဆာင္ရြက္တယ္လုိ႔ သိရပါတယ္။ ကၽြန္ေတာ္နဲ႔ ခင္မင္သိကၽြမ္းတာကေတာ့ ကား၀ယ္ေရာင္းလုပ္ၾက သူခ်င္း သိကၽြမ္းခင္မင္သြားၾကတာ ပါ ဆရာ”

“ဒီအတုိင္းဆုိရင္ေတာ့ မိသားစု အေမြကိစၥသေဘာ ျဖစ္ေနၿပီ”

“ဟုတ္ကဲ့ ဆက္ေျပာရမယ္ဆုိရင္ေတာ့ ညီမျဖစ္သူက အိမ္ေျမ ေရာင္းၿပီး အေမြခဲြဖုိ႔ ေတာင္းဆုိတယ္ ေျပာတယ္။ ၀ယ္သူရွိရင္ ေရာင္းမယ္လုိ႔ စိတ္ကူးၿပီး လုပ္တာေပါ့ ဆရာ”

“မိမိတစ္ေယာက္တည္းသေဘာနဲ႔ စိတ္ကူးေဆာင္ရြက္လုိက္တာပဲ။ က်န္တဲ့ ေမာင္ႏွမႏွစ္ေယာက္နဲ႔ ေတြ႕ေတာ့ ဘာေျပာလဲ”

“သူတုိ႔ကေတာ့ မိခင္ႀကီး သက္ရွိထင္ရွားရွိေနစဥ္မွာေတာ့ ေရာင္းဖုိ႔ စိတ္ကူးမရွိဘူးလုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္သိခ်င္တာက ဒီအိမ္နဲ႔ ေျမက မိဘေတြပိုင္ဆုိင္ၿပီး မိခင္ႀကီး သက္ရွိထင္ရွားရွိေနေတာ့ မိခင္ႀကီးပုိင္ပဲ မဟုတ္ဘူးလား ဆရာ”

“မူလကေတာ့ မိဘေတြပုိင္တာပဲ။ ဒါေပမယ့္ မိဘေတြက မူလပုိင္ရွင္ဆီက အေရာင္းအ၀ယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိ၀ယ္တာ မဟုတ္ဘဲ အရပ္ကတိစာခ်ဳပ္နဲ႔ ၀ယ္တယ္။ ၿပီးေတာ့ မူလပုိင္ရွင္ရဲ႕ ကုိယ္စားလုပ္ ပုိင္ခြင့္အတြက္ ကုိယ္စားလွယ္စာကုိ ဇနီးျဖစ္သူက ယူထားတယ္”

“မူလပုိင္ရွင္ထံက ကိုယ္စားလွယ္စာယူထားေတာ့ ပုိင္ရွင္ျဖစ္ မလာဘူးလား ဆရာ”

“ကုိယ္စားလွယ္စာဆုိတာ ေပးသူကုိယ္စား လုပ္ပုိင္ခြင့္ေပးတာျဖစ္တယ္။ ပုိင္ဆုိင္ခြင့္လႊဲေျပာင္းေပးတာ မဟုတ္ဘူး။ ဒါေၾကာင့္ ဥပေဒအရ ၾကည့္ရင္ ၀ယ္လုိက္တဲ့ မိဘေတြဟာ တရား၀င္ပုိင္ဆုိင္ခြင့္မရေသးဘူး။ မူလပုိင္ရွင္ကုိယ္စား ေဆာင္ရြက္ခြင့္သာရတာျဖစ္တယ္။ တရား၀င္ ပုိင္ဆုိင္သူမဟုတ္လုိ႔ ခင္ပြန္းကြယ္ လြန္တဲ့အခါ ဇနီးသည္က သားသမီးေတြကို အေပးစာခ်ဳပ္နဲ႔ ေပးကမ္းျခင္း မျပဳႏုိင္ဘူး။ ဒါေၾကာင့္ မူလပုိင္ရွင္ ရဲ႕ ကုိယ္စားလွယ္စာအရ မူလပုိင္ရွင္က မိမိရဲ႕ သားသမီးသုံးဦးကို ေရာင္းေၾကာင္း၊ အေရာင္းမွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာ ျဖစ္တယ္”

“ဒါဆုိရင္ ေရာင္းသူက မိခင္ေပါ့”

“ဒီလုိ မဟုတ္ဘူး။ မိခင္က ေရာင္းတာမဟုတ္ဘူး။ မူလအမည္ ေပါက္ပုိင္ရွင္ဆီက ၀ယ္တဲ့ သေဘာခ်ဳပ္ဆုိၿပီး မိခင္ျဖစ္သူက မူလပုိင္ရွင္ရဲ႕ ကုိယ္စားလွယ္စာရသူ တစ္နည္းအားျဖင့္ မူလပုိင္ရွင္ကုိယ္စား ေရာင္းသူအျဖစ္ လက္မွတ္ေရးထုိး ေပးတာျဖစ္တယ္”

“မိခင္က မိမိပုိင္ေျမနဲ႔ အိမ္ဆုိ ၿပီး တရား႐ုံးမွာ ျပန္ေတာင္းလုိ႔ရလား”

ဒါနဲ႔ ပတ္သက္လုိ႔ရွင္းေအာင္ ေျပာရရင္ - ဦး၀င္းႏုိင္ (၎င္း၏ အခြင့္ ရကုိယ္စားလွယ္ ေဒၚခင္ခ်ဳိဦး) ႏွင့္ ဦးခ်စ္ေမာင္ပါ (၄) ၂၀၁၅ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ ႏွာ - ၂၀၉ (တရားမအထူးအယူခံ အမႈ) မွာ မိဘမ်ားက အရြယ္မ ေရာက္ေသးသည့္ သားသမီးေလးဦး အမည္ျဖင့္ ေျမကြက္၀ယ္ယူ၍ ဂရန္ အမည္ေပါက္ ေအာင္ျပဳလုပ္ေပးခဲ့သည္။ အရြယ္ေရာက္ၿပီး သားသမီး ေလးဦးအမည္ေပါက္ေျမႏွင့္ အိမ္ကုိ မိဘမ်ားက ၎တုိ႔ ပုိင္ဆုိင္ေၾကာင္း ႁမြက္ဟေၾကညာေပးရန္ တရား႐ုံးသုိ႔ ေလွ်ာက္ထားခဲ့ရာ တရားမ အထူး အယူခံခုံ႐ုံးက - မိဘမ်ားမွ သားသမီး ေလးဦးအမည္ျဖင့္ ၀ယ္ယူၿပီး ဂရန္အမည္ေပါက္ အက်ဳိးခံစားခြင့္ ရရွိၿပီးျဖစ္၍ မိဘမ်ားက ပုိင္ဆုိင္အ က်ဳိးခံစားခြင့္ရွိသည္ဟု ေတာင္းဆုိ ပုိင္ခြင့္မရွိေပ။ ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ား အက္ဥပေဒ ပုဒ္မ (၄၁) အရ ပိတ္ပင္ၿပီးျဖစ္သည္။ သုိ႔ေသာ္ အေရာင္းအ၀ယ္ စာခ်ဳပ္အရ ၀ယ္ယူစဥ္က အခ်င္းျဖစ္ အေဆာက္အအုံ သုံးထပ္တုိက္မရွိေသးဘဲ အိမ္ေသးေသးေလးသာရွိၿပီး သားသမီးေလးဦး အမည္ ျဖင့္ ၀ယ္ၿပီးမွ မိဘေငြျဖင့္ သုံးထပ္တုိက္ေဆာက္ခဲ့၍ သုံးထပ္တုိက္မွာ မိဘမ်ားပုိင္ ပစ္ၥည္းအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္”

“အခုကိစၥမွာလည္း မိခင္ႀကီးက မပုိင္ေတာ့ဘူးေပါ့။ အိမ္ကလည္း ေဆာက္ၿပီးမွ သားသမီးအမည္နဲ႔ ၀ယ္ခဲ့ရင္ အိမ္လည္း မပုိင္ဘူးေပါ့”

“ဟုတ္ပါတယ္။ ဒါေၾကာင့္ အဆင္ေျပရင္ေတာ့ စရန္ေငြျပန္ယူလုိက္တာေကာင္းတယ္လုိ႔ အႀကံေပးခ်င္ ပါတယ္”

“ဟုတ္ကဲ့ပါ ဆရာ။ မိဘေတြ အေနနဲ႔လည္း သားသမီးေတြကုိ မေသမီ ပစၥည္းအားလုံးေပးမထားဖုိ႔ သတိရွိရမယ္ဆုိတာ ဗဟုသုတရ လုိက္ပါတယ္ ဆရာ”ဟု ေျပာဆုိကာ ေဆြးေႏြးခ ကန္ေတာ့သြားပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်

Upcoming Property Events

ponnami
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service