အိမ်ရာတွေအတွက် ဂျပန် ODA ချေးငွေ - Property News in Myanmar from iMyanmarHouse.com
811 Views

အိမ်ရာတွေအတွက် ဂျပန် ODA ချေးငွေ

[Unicode]

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို နှစ် (၃၀)သက်တမ်းရှိသော ဂျပန်နိုင်ငံ ချေးငွေ (ODA Loan) ဖြင့် ရောင်းချနိုင်ဖို့ အခုနှစ်အတွင်းစတင်နိုင်တော့မယ်လို့သိရပါတယ်။

အိုဒီအေ ချေးငွေအဖြစ် ကျပ်ဘီလီယံ ၁၅၀ ထုတ်ချေးရန် စီစဉ် ထားပြီး ချေးငွေရသူက တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လက်ရှိ အိမ်ရာ ချေးငွေများအတွက် အတိုးနှုန်းသည် တစ်နှစ် ၁၃ ရာခိုင်နှုန်းပေးရခြင်းကြောင့် နှစ်ရှည်အရစ်ကျချေးငွေဖြင့် ဝယ်ယူသူများက မူလတန်ဖိုး၏ တစ်ဆကျော် ပိုပေးရသည့် အခြေအနေမျိုး ဖြစ်နေသည်။

လက်ရှိတွင် အိုဒီအေချေးငွေဖြင့် ကနောင်တန်ဖိုးနည်းအိမ်ရာနှင့် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ(၂)၊(၃) တို့ကို စတင်ရောင်းချ နေသည်။

ရန်ကုန်မြို့တွင် အိမ်ရာဝယ်လိုအား ကျဆင်းနေချိန်တွင် နှစ်ရှည်ချေးငွေဖြင့် အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် စီစဉ်ပေးခြင်းဖြစ်သည် ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘အိုဒီအေချေးငွေမှာ ကန့်သတ်ချက်တွေတော့ရှိတယ်’’ဟု ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် မူဝါဒရေးရာ အရာရှိချုပ် ဦးဝင်းဇော်က ပြောသည်။

ဂျပန် အိုဒီအေချေးငွေက တန်ဖိုးနည်းအိမ်ရာကို ၉၀ ရာခိုင်နှုန်း၊ တန်ဖိုးသင့်အိမ်ရာများကို ၁၀ ရာခိုင်နှုန်းသာ ချေးငွေပေးရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အိမ်ရာချေးငွေ များ ပေးရာတွင် တည်ဆောက် ထားသော တိုက်ခန်းအိမ်ရာများ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး ကန့်သတ်ချက်များ ပါဝင်ကြောင်း၎င်းက ဆိုသည်။ တည်ဆောက်ထားသော အိမ်ရာများတွင် နေထိုင်သူများ ဘေးအန္တရာယ်မကြုံ တွေ့စေရန် ဂျပန်နိုင်ငံက ရည်ရွယ်ထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းတွင် ဂျပန် အိုဒီအေချေးငွေဖြင့် တိုက် ခန်းအိမ်ရာများ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်သည့် တိုက်ခန်းများနှင့် ဦးစွာ စတင်ဆောင်ရွက်မည်ဟု ဦးဝင်းဇော်က ပြောသည်။

အိုဒီအေချေးငွေဖြင့် အရစ်ကျ တိုက်ခန်းရောင်းလိုသည့် အခြားတိုင်းနှင့် ပြည်နယ်များ၊ ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် JICA ၏ စံချိန်စံနှုန်းသတ်မှတ်ချက်များ လိုက်နာရန် လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ရာေတြအတြက္ ဂ်ပန္ ODA ေခ်းေငြ

တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ရာမ်ားကို ႏွစ္ (၃၀)သက္တမ္း႐ွိေသာ ဂ်ပန္ႏိုင္ငံ ေခ်းေငြ (ODA Loan) ျဖင့္ ေရာင္းခ်ႏိုင္ဖို႔ အခုႏွစ္အတြင္းစတင္ႏိုင္ေတာ့မယ္လို႔သိရပါတယ္။

အိုဒီေအ ေခ်းေငြအျဖစ္ က်ပ္ဘီလီယံ ၁၅၀ ထုတ္ေခ်းရန္ စီစဥ္ထားၿပီး ေခ်းေငြရသူက တစ္ႏွစ္လွ်င္ အတိုးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္းေပးရမည္ျဖစ္ေၾကာင္း ၎က ႐ွင္းျပသည္။ လက္႐ွိ အိမ္ရာ ေခ်းေငြမ်ားအတြက္ အတိုးႏႈန္းသည္ တစ္ႏွစ္ ၁၃ ရာခိုင္ႏႈန္းေပးရျခင္းေၾကာင့္ ႏွစ္႐ွည္အရစ္က်ေခ်းေငြျဖင့္ ဝယ္ယူသူမ်ားက မူလတန္ဖိုး၏ တစ္ဆေက်ာ္ ပိုေပးရသည့္ အေျခအေနမ်ိဳး ျဖစ္ေနသည္။

လက္႐ွိတြင္ အိုဒီေအေခ်းေငြျဖင့္ ကေနာင္တန္ဖိုးနည္းအိမ္ရာႏွင့္ ေ႐ႊလင္ဗန္းတန္ဖိုးနည္းအိမ္ရာ(၂)၊(၃) တို႔ကို စတင္ေရာင္းခ်ေနသည္။

ရန္ကုန္ၿမိဳ႕တြင္ အိမ္ရာဝယ္လိုအား က်ဆင္းေနခ်ိန္တြင္ ႏွစ္႐ွည္ေခ်းေငြျဖင့္ အိမ္ရာပိုင္ဆိုင္ခြင့္ရ႐ွိရန္ စီစဥ္ေပးျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရး လုပ္ငန္း႐ွင္အခ်ိဳ႕က ေျပာသည္။

‘‘အိုဒီေအေခ်းေငြမွာ ကန္႔သတ္ခ်က္ေတြေတာ့႐ွိတယ္’’ဟု ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္ မူဝါဒေရးရာ အရာ႐ွိခ်ဳပ္ ဦးဝင္းေဇာ္က ေျပာသည္။

ဂ်ပန္ အိုဒီေအေခ်းေငြက တန္ဖိုးနည္းအိမ္ရာကို ၉၀ ရာခိုင္ႏႈန္း၊ တန္ဖိုးသင့္အိမ္ရာမ်ားကို ၁၀ ရာခိုင္ႏႈန္းသာ ေခ်းေငြေပးရန္ ဂ်ပန္ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) က သတ္မွတ္ထားေၾကာင္း ၎ကဆိုသည္။

ထို႔အျပင္ အိမ္ရာေခ်းေငြမ်ား ေပးရာတြင္ တည္ေဆာက္ထားေသာ တိုက္ခန္းအိမ္ရာမ်ား ေဘးအႏၲရာယ္ကာကြယ္ႏိုင္ေရး ကန္႔သတ္ခ်က္မ်ား ပါဝင္ေၾကာင္း၎က ဆိုသည္။ တည္ေဆာက္ထားေသာ အိမ္ရာမ်ားတြင္ ေနထိုင္သူမ်ား ေဘးအႏၲရာယ္မၾကဳံ ေတြ႕ေစရန္ ဂ်ပန္ႏိုင္ငံက ရည္႐ြယ္ထားသည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္းတြင္ ဂ်ပန္ အိုဒီေအေခ်းေငြျဖင့္ တိုက္ခန္းအိမ္ရာမ်ား အရစ္က်စနစ္ျဖင့္ ေရာင္းခ်ျခင္းကို ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနက တည္ေဆာက္သည့္ တိုက္ခန္းမ်ားႏွင့္ ဦးစြာ စတင္ေဆာင္႐ြက္မည္ဟု ဦးဝင္းေဇာ္က ေျပာသည္။

အိုဒီေအေခ်းေငြျဖင့္ အရစ္က် တိုက္ခန္းေရာင္းလိုသည့္ အျခားတိုင္းႏွင့္ ျပည္နယ္မ်ား၊ ေဆာက္လုပ္ေရးကုမၸဏီမ်ားအေနျဖင့္ JICA ၏ စံခ်ိန္စံႏႈန္းသတ္မွတ္ခ်က္မ်ား လိုက္နာရန္ လိုအပ္သည္ဟု ၎က အၾကံျပဳသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

Upcoming Property Events

119-mdy
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service