အိမ်ရာချေးငွေကန့်သတ်ချက်ကို ပယ်ဖျက်ပေးခြင်းကဝယ်လိုအားကို မြင့်တက်စေ - Property News in Myanmar from iMyanmarHouse.com
873 Views

အိမ်ရာချေးငွေကန့်သတ်ချက်ကို ပယ်ဖျက်ပေးခြင်းကဝယ်လိုအားကို မြင့်တက်စေ

[Unicode]

ပြည်တွင်းဘဏ်များအနေဖြင့် အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို စုစုပေါင်းဘဏ် ချေးငွေ၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးနိုင်ပြီး ချေးငွေသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းက အိမ်ရာဝယ်လိုအားကိုတိုးစေတယ်လို့ လုပ်ငန်းရှင်တွေထံကသိရပါတယ်။

ထိုသို့ ဆောင်ရွက်ပေးခြင်းမှာ ဘဏ်များဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများပိုမို ကောင်းမွန်လာစေရန် ဖြစ်သည်ဟု ဗဟိုဘဏ်ညွှန်ကြားချက်တွင် ဆိုထားသည်။

ဗဟိုဘဏ်က ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များကို သုံးနှစ်ထက်မပိုဘဲ ထုတ်ချေးရမည်ဟု ၂၀၁၇ နိုဝင်ဘာတွင် ကန့်သတ်ခဲ့သည်။ ယင်းသို့ ထုတ်ချေးရာတွင် သုံးလထက်မပိုသော ကာလအလိုက် အတိုးပြန်ပေးရမည်ဟု သတ်မှတ်ထားသည်။

ယခုအခါ အိမ်ရာစီမံကိန်းများအတွက် ထိုသတ်မှတ်ချက်ကို ၂၀၁၉ ဇန်နဝါရီကပယ်ဖျက်ပေးခဲ့တာပါ။

ပထမပုဂ္ဂလိကဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ‘‘သူ့(ဗဟိုဘဏ်) ရည်ရွယ်ချက်က ဘဏ်တွေ အလုပ်ပိုလုပ်နိုင် အောင်၊ အိမ်ရာပိုင်ဆိုင်မှုတိုးလာအောင်ပါ’’ဟု ပြောသည်။

ဘဏ်များအနေဖြင့် အခြား ကဏ္ဍများအတွက် ချေးငွေများကို ထုတ်ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအတွင်း ချေးနိုင်သော်လည်း သုံးနှစ်ထက် မပိုရဟု ဆိုထားသည်။

အိမ်ရာချေးငွေမှအပ သက်တမ်းသုံးနှစ်ထက်ပိုသည့် အခြား ချေးငွေများ ထုတ်ချေးလိုပါက ချေးငွေဆိုင်ရာ ကိစ္စရပ်နှင့် စည်းကမ်းချက်များကို ကိစ္စရပ်တစ်ခုချင်းအလိုက် ဗဟိုဘဏ်သို့ တင်ပြ၍ ခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။

အိမ်ရာစီမံကိန်း ချေးငွေ သက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်ပေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်က ‘‘အခုကန့်သတ်ချက်မရှိတော့ရင် ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက လေး၊ ငါးနှစ်ကြာတော့ ချေးငွေယူထားပြီး တစ်နှစ်အတွင်း အတိုးပြန်ဆပ်ရမယ်၊ သုံးနှစ်အတွင်း အကုန်လုံး ပြန်ဆပ်ရမယ်ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဘယ်လိုမှ အဆင်မပြေဘူး’’ဟုပြောသည်။

ဗဟိုဘဏ်က ၂၀၁၈ နိုဝင်ဘာ ၈ ရက်တွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းလုပ်ငန်းရှင်များထံ ချေးငွေထုတ်ပေးခွင့်ပြုခဲ့သည်။ ၂၀၁၉ ဇန်နဝါရီ ၁၅ ရက်တွင်လည်း အာမခံအပေါင်ပစ္စည်းမပါဘဲ အတိုး ၁၆ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခွင့်ပြုခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ရာေခ်းေငြကန္႔သတ္ခ်က္ကို ပယ္ဖ်က္ေပးျခင္းကဝယ္လိုအားကို ျမင့္တက္ေစ

ျပည္တြင္းဘဏ္မ်ားအေနျဖင့္ အိမ္ရာစီမံကိန္းမ်ားအတြက္ ေခ်းေငြကို စုစုေပါင္းဘဏ္ ေခ်းေငြ၏ ၅ ရာခိုင္ႏႈန္းအထိ ထုတ္ေခ်းႏိုင္ၿပီး ေခ်းေငြသက္တမ္း ကန္႔သတ္ခ်က္ကို ပယ္ဖ်က္ေပးလိုက္ျခင္းက အိမ္ရာဝယ္လိုအားကိုတိုးေစတယ္လို႔ လုပ္ငန္း႐ွင္ေတြထံကသိရပါတယ္။

ထိုသို႔ ေဆာင္႐ြက္ေပးျခင္းမွာ ဘဏ္မ်ားေဈးကြက္ခ်ဲ႕ထြင္ႏိုင္ရန္ႏွင့္ ျပည္သူမ်ား အိမ္ရာပိုင္ဆိုင္မႈ အခြင့္အလမ္းမ်ားပိုမို ေကာင္းမြန္လာေစရန္ ျဖစ္သည္ဟု ဗဟိုဘဏ္ၫႊန္ၾကားခ်က္တြင္ ဆိုထားသည္။

ဗဟိုဘဏ္က ကာလသတ္မွတ္ခ်က္ေခ်းေငြ (Term Loan) မ်ားကို သုံးႏွစ္ထက္မပိုဘဲ ထုတ္ေခ်းရမည္ဟု ၂၀၁၇ ႏိုဝင္ဘာတြင္ ကန္႔သတ္ခဲ့သည္။ ယင္းသို႔ ထုတ္ေခ်းရာတြင္ သုံးလထက္မပိုေသာ ကာလအလိုက္ အတိုးျပန္ေပးရမည္ဟု သတ္မွတ္ထားသည္။

ယခုအခါ အိမ္ရာစီမံကိန္းမ်ားအတြက္ ထိုသတ္မွတ္ခ်က္ကို ၂၀၁၉ ဇန္နဝါရီကပယ္ဖ်က္ေပးခဲ့တာပါ။

ပထမပုဂၢလိကဘဏ္ အမႈေဆာင္အရာ႐ွိခ်ဳပ္ ဦးျမင့္ေဇာ္က ‘‘သူ႕(ဗဟိုဘဏ္) ရည္႐ြယ္ခ်က္က ဘဏ္ေတြ အလုပ္ပိုလုပ္ႏိုင္ေအာင္၊ အိမ္ရာပိုင္ဆိုင္မႈတိုးလာေအာင္ပါ’’ဟု ေျပာသည္။

ဘဏ္မ်ားအေနျဖင့္ အျခား က႑မ်ားအတြက္ ေခ်းေငြမ်ားကို ထုတ္ေခ်းေငြစုစုေပါင္း၏ ၅ ရာခိုင္ႏႈန္းအတြင္း ေခ်းႏိုင္ေသာ္လည္း သုံးႏွစ္ထက္ မပိုရဟု ဆိုထားသည္။

အိမ္ရာေခ်းေငြမွအပ သက္တမ္းသုံးႏွစ္ထက္ပိုသည့္ အျခား ေခ်းေငြမ်ား ထုတ္ေခ်းလိုပါက ေခ်းေငြဆိုင္ရာ ကိစၥရပ္ႏွင့္ စည္းကမ္းခ်က္မ်ားကို ကိစၥရပ္တစ္ခုခ်င္းအလိုက္ ဗဟိုဘဏ္သို႔ တင္ျပ၍ ခြင့္ျပဳခ်က္ယူရမည္ဟု ဆိုသည္။

အိမ္ရာစီမံကိန္း ေခ်းေငြ သက္တမ္းကန္႔သတ္ခ်က္ကို ပယ္ဖ်က္ေပးျခင္းႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ အတြင္းေရးမႉး ဦးမ်ိဳးျမင့္က ‘‘အခုကန္႔သတ္ခ်က္မ႐ွိေတာ့ရင္ ႀကိဳဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုက ေလး၊ ငါးႏွစ္ၾကာေတာ့ ေခ်းေငြယူထားၿပီး တစ္ႏွစ္အတြင္း အတိုးျပန္ဆပ္ရမယ္၊ သုံးႏွစ္အတြင္း အကုန္လုံး ျပန္ဆပ္ရမယ္ဆိုတာ ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ ဘယ္လိုမွ အဆင္မေျပဘူး’’ဟုေျပာသည္။

ဗဟိုဘဏ္က ၂၀၁၈ ႏိုဝင္ဘာ ၈ ရက္တြင္ ႏိုင္ငံျခားဘဏ္မ်ားကို ျပည္တြင္းလုပ္ငန္း႐ွင္မ်ားထံ ေခ်းေငြထုတ္ေပးခြင့္ျပဳခဲ့သည္။ ၂၀၁၉ ဇန္နဝါရီ ၁၅ ရက္တြင္လည္း အာမခံအေပါင္ပစၥည္းမပါဘဲ အတိုး ၁၆ ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းခြင့္ျပဳခဲ့သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service