ပဲခူးတိုင်းအစိုးရက ဟောင်ကောင်ကုမ္ပဏီကို အထည်ချုပ်စက်ရုံဆောက်ရန်အတွက် မြေဧက (၂၀) ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
1391 Views

ပဲခူးတိုင်းအစိုးရက ဟောင်ကောင်ကုမ္ပဏီကို အထည်ချုပ်စက်ရုံဆောက်ရန်အတွက် မြေဧက (၂၀) ငှားရမ်း

[Unicode]

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဟောင်ကောင်ကုမ္ပဏီကို အထည်ချုပ်စက်ရုံထူထောင်ရန် မြေဧက ၂၀ ငှားရမ်းကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသို့ မြေငှားကြောင်းကုမ္ပဏီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြား မြေငှားစာချုပ်ချုပ်ဆိုပွဲကို ဩဂုတ် ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပခဲ့သည်ဟု တိုင်းအစိုးရက ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး စက်ရုံ၊အလုပ်ရုံများ တည်ထောင်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် Glamoroso Apparel (Myanmar) Co., Ltd, General Manager, Mr. Lau Siu Kin တို့ မြေငှားစာချုပ် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

မြေငှားရမ်းသည့် ကုမ္ပဏီသည့် ဟောင်ကောင်အခြေစိုက် Glamoroso Apparel (Myanmar) Co., Ltd ကုမ္ပဏီဖြစ်ပြီး ထိုမြေဧရိယာ ၂၀ တွင် အထည်ချုပ်စက်ရုံ တည်ဆောက်မည်ဟုဆိုသည်။ ထိုမြေနေရာသည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်းရှိပြီး အလုပ်သမား ၈၀၀၀ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည် ဟုဆိုသည်။

ထိုရင်းနှီးမြှုပ်နှံမှုကို အမြဲတမ်းကြိုဆိုပြီး ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကဆိုသည်။

ယခုစီမံကိန်းသည် ဒေသတွင်းမြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ တိုင်းပြည်အတွက်လည်း အခွန်ဘဏ္ဍာများ ပိုမိုရရှိလာနိုင်ခြင်းနှင့် နိုင်ငံသား တစ်ဦးချင်းဝင်ငွေလည်း တိုးတက်လာနိုင်မည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

ထိုပြင် တရုတ်ကုမ္ပဏီ Zhejiang Jiangnan International Co.,Ltd နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအကြား မြေငှားရမ်းခြင်း ဆိုင်ရာ နားလည်းမှု စာချွန်လွှာတစ်ရပ်ကို ၂၀၁၉ အောက်တိုဘာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုပြင် ၂၀၁၉ ဒီဇင်ဘာတွင် တရုတ်ကုမ္ပဏီ Tongli Co., Ltd က စက်ရုံလုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်လို၍ ပဲခူးဒေသတွင်း မြေဧရိယာ(၂၀)ဧက ငှားရမ်းဆောင်ရွက်ရန် တင်ပြခဲ့သေးသည်။ ထိုတရုတ်ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုံနှင့် မြောင်းတကာစက်မှုဇုန်တို့တွင်လည်း အထည်ချုပ်စက်ရုံများ တည်ထောင်လျက်ရှိပြီး နိုင်ငံတကာသို့ တင်ပို့ဆောင်ရွက်လျက်ရှိသည်ဟု ကုမ္ပဏီကဆိုထားသည်။ထိုကုမ္ပဏီက ပဲခူးဒေသတွင်း မြေဧရိယာ(၂၀)ဧက ငှားရမ်းဆောင်ရွက်ခွင့်ရရှိခဲ့ပါက ဒေသခံပြည်သူ လုပ်သားဦးရေ(၅၀၀၀)ခန့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့သေးသည်။

ပဲခူးခရိုင်အတွင်းတွင် စက်ရုံပေါင်း ၉၀ ကျော်ရှိပြီး အလုပ်သမားဦးရေ ၉ သောင်းကျော်ရှိကြောင်း၊ အများစုမှာ အထည်ချုပ်လုပ်ငန်းများဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန် ကြီးကြပ်မှု ကော်မတီထံမှသိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ပဲခူးတိုင္းအစိုးရက ေဟာင္ေကာင္ကုမၸဏီကို အထည္ခ်ဳပ္စက္႐ုံေဆာက္ရန္အတြက္ ေျမဧက (၂၀) ငွားရမ္း

ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေဟာင္ေကာင္ကုမၸဏီကို အထည္ခ်ဳပ္စက္႐ုံထူေထာင္ရန္ ေျမဧက ၂၀ ငွားရမ္းေၾကာင္း ပဲခူးတိုင္းအစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ထိုသို႔ ေျမငွားေၾကာင္းကုမၸဏီႏွင့္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ၾကား ေျမငွားစာခ်ဳပ္ခ်ဳပ္ဆိုပြဲကို ဩဂုတ္ ၁၂ ရက္တြင္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ ေတာ္ဝင္ဟံသာခန္းမ၌ က်င္းပခဲ့သည္ဟု တိုင္းအစိုးရက ထုတ္ျပန္သည္။

ပဲခူးတိုင္းေဒသႀကီး စက္႐ုံ၊အလုပ္႐ုံမ်ား တည္ေထာင္ႀကီးၾကပ္ေရးေကာ္မတီ အတြင္းေရးမႉး ဦးခင္ေမာင္ဆန္းႏွင့္ Glamoroso Apparel (Myanmar) Co., Ltd, General Manager, Mr. Lau Siu Kin တို႔ ေျမငွားစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္သည္။

ေျမငွားရမ္းသည့္ ကုမၸဏီသည့္ ေဟာင္ေကာင္အေျခစိုက္ Glamoroso Apparel (Myanmar) Co., Ltd ကုမၸဏီျဖစ္ၿပီး ထိုေျမဧရိယာ ၂၀ တြင္ အထည္ခ်ဳပ္စက္႐ုံ တည္ေဆာက္မည္ဟုဆိုသည္။ ထိုေျမေနရာသည္ ပဲခူးၿမိဳ႕၊ ျပည္ပစက္မႈနယ္ေျမအတြင္း႐ွိၿပီး အလုပ္သမား ၈၀၀၀ေက်ာ္ကို အလုပ္အကိုင္အခြင့္အလမ္းေပးႏိုင္မည္ ဟုဆိုသည္။

ထိုရင္းႏွီးျမွဳပ္ႏွံမႈကို အၿမဲတမ္းႀကိဳဆိုၿပီး ဥပေဒႏွင့္အညီ ကူညီပံ့ပိုးေဆာင္႐ြက္ေပးမည္ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းကဆိုသည္။

ယခုစီမံကိန္းသည္ ေဒသတြင္းျမန္မာႏိုင္ငံသားမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရ႐ွိလာႏိုင္ျခင္း၊ တိုင္းျပည္အတြက္လည္း အခြန္ဘ႑ာမ်ား ပိုမိုရ႐ွိလာႏိုင္ျခင္းႏွင့္ ႏိုင္ငံသား တစ္ဦးခ်င္းဝင္ေငြလည္း တိုးတက္လာႏိုင္မည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

ထိုျပင္ တ႐ုတ္ကုမၸဏီ Zhejiang Jiangnan International Co.,Ltd ႏွင့္ ပဲခူးတိုင္းေဒသႀကီး အစိုးရအၾကား ေျမငွားရမ္းျခင္း ဆိုင္ရာ နားလည္းမႈ စာခြၽန္လႊာတစ္ရပ္ကို ၂၀၁၉ ေအာက္တိုဘာတြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။

ထိုျပင္ ၂၀၁၉ ဒီဇင္ဘာတြင္ တ႐ုတ္ကုမၸဏီ Tongli Co., Ltd က စက္႐ုံလုပ္ငန္း ထပ္မံတိုးခ်ဲ႕ေဆာင္႐ြက္လို၍ ပဲခူးေဒသတြင္း ေျမဧရိယာ(၂၀)ဧက ငွားရမ္းေဆာင္႐ြက္ရန္ တင္ျပခဲ့ေသးသည္။ ထိုတ႐ုတ္ကုမၸဏီသည္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလင္ပန္းစက္မႈဇုံႏွင့္ ေျမာင္းတကာစက္မႈဇုန္တို႔တြင္လည္း အထည္ခ်ဳပ္စက္႐ုံမ်ား တည္ေထာင္လ်က္႐ွိၿပီး ႏိုင္ငံတကာသို႔ တင္ပို႔ေဆာင္႐ြက္လ်က္႐ွိသည္ဟု ကုမၸဏီကဆိုထားသည္။ထိုကုမၸဏီက ပဲခူးေဒသတြင္း ေျမဧရိယာ(၂၀)ဧက ငွားရမ္းေဆာင္႐ြက္ခြင့္ရ႐ွိခဲ့ပါက ေဒသခံျပည္သူ လုပ္သားဦးေရ(၅၀၀၀)ခန္႔ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရ႐ွိႏိုင္မည္ျဖစ္ေၾကာင္း တင္ျပခဲ့ေသးသည္။

ပဲခူးခ႐ိုင္အတြင္းတြင္ စက္႐ုံေပါင္း ၉၀ ေက်ာ္႐ွိၿပီး အလုပ္သမားဦးေရ ၉ ေသာင္းေက်ာ္႐ွိေၾကာင္း၊ အမ်ားစုမွာ အထည္ခ်ဳပ္လုပ္ငန္းမ်ားျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ပဲခူးစက္မႈဇုန္ ႀကီးၾကပ္မႈ ေကာ္မတီထံမွသိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service