ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီဆိုသောကြောင့် ရွှေဈေးပြုတ်ကျပြီး ဒေါ်လာဈေးပြန်တက် - Property News in Myanmar from iMyanmarHouse.com
1141 Views

ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီဆိုသောကြောင့် ရွှေဈေးပြုတ်ကျပြီး ဒေါ်လာဈေးပြန်တက်

[Unicode]

ရုရှားနိုင်ငံက ကိုဗစ်ကာကွယ်ဆေး စမ်းသပ်အောင်မြင်ပြီဟု ထုတ်ပြန်ကြေငြာပြီးနောက် ပြည်တွင်း၌ ဒေါ်လာဈေးနှင့် ရွှေဈေးအတက်အကျဖြစ်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာ သိရသည်။

ထိုသို့ဆေးတွေ့ရှိသည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ဒေါ်လာ ၂၀၀ ဝန်းကျင် ကျဆင်းခဲ့ပြီး နောက် ပြည်တွင်းရွှေဈေးကွက်ပါ လိုက်ပါကျဆင်းခဲ့သည်။ ရွှေဈေးကျဆင်းသော်လည်း ဒေါ်လာဈေးမှာ နှစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၅ ကျပ်မြင့်တက်လာသည်။

ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,၂၉၀,၀၀၀ ကျော်အထိ ဈေးပြုတ်ကျခဲ့သော်လည်း ညနေ ပိုင်းတွင် ၁,၃၀၀,၀၀၀ ကျပ်သို့ ပြန်လည်မြင့်တက်လာသည်။ ကမ္ဘာရွှေဈေးသည်လည်း တစ်အောင်စကို ဒေါ်လာ ၁၉၃၀ ကို ပြန်လည်ကျဆင်းလာသည်။

‘‘ရုရှားက ကာကွယ်ဆေးကို မှတ်ပုံတင်မယ်ဆိုတော့ ကမ္ဘာ့ ဈေးက ပြုတ်ကျသွားတာ၊ အဲဒါ ကြောင့် ပြည်တွင်းမှာလည်း ဈေးကျလာတာပါ။ ဈေးသာ အတက်အကျဖြစ်နေတာ အရောင်းအဝယ်က သိပ်မကောင်းပါဘူး’’ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်းများ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

‘‘ပြည်တွင်းဈေးက ကမ္ဘာ့ဈေးအတိုင်း အတက်အကျဖြစ်နေမှာပဲ။ အခုလည်းကျပြီးတော့ ညနေပိုင်းမှာ ကမ္ဘာ့ဈေးပြန်တက်လို့ ပြန်လိုက်တက်လာတယ်’’ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ပြောသည်။

ဒေါ်လာတန်ဖိုးမှာ သြဂုတ်၁၂ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ၁,၃၈၉ ကျပ်ဖြင့် ဈေးဖွင့်ပြီးနောက် ၁,၃၉၂ ကျပ်သို့ဈေးမြင့်တက်ခဲ့ကာ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာ ၁,၃၈၅ ကျပ်သို့ ပြန်လည်ကျဆင်းလာသည်။

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး မတည်ငြိမ်ခြင်းကြောင့် ပုဂ္ဂလိကဘဏ် အချို့က ဒေါ်လာရောင်းချခြင်း ရပ်ဆိုင်းထားပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူ အချို့က ပြောသည်။

ပုဂ္ဂလိကဘဏ်များဖွင့်သည့် ဈေးနှုန်းနှင့် ငွေလဲကောင်တာများ ဖွင့်လှစ်သည့် ဈေးနှုန်းမတူညီသဖြင့် ပုဂ္ဂလိကဘဏ်အချို့ကဒေါ်လာ အရောင်းရပ်ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာရွှေဈေးကြောင့် ဩဂုတ်လဆန်းပိုင်း၌ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃၃၇၀၀၀ အထိ မြင့်တက်လာသည်။ ကမ္ဘာရွှေဈေးသည် တစ်အောင်စကို ၂၂၈၀ အထိ ၁၄ နှစ်အတွင်းအမြင့်ဆုံးကို မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးမြင့်တက်ခဲ့သော်လည်း ကမ္ဘာရွှေဈေးအောက်ကျရောက်နေ၍ နယ်စပ်များမှ တဆင့် ပြည်ပနိုင်ငံများက ပြည်တွင်းရွှေကို အဝယ်လိုက်နေသည်။ ဒေါ်လာငွေလဲနှုန်းသည်လည်း တဖြေးဖြေးကျဆင်းကာ တစ်ဒေါ်လာကို ၁၃၆၀ ကျပ် ဝန်ကျင်အထိ ဩဂုတ်လဆန်းတွင် ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ကာကြယ္ေဆးထုတ္လုပ္ႏိုင္ၿပီဆိုေသာေၾကာင့္ ေ႐ႊေဈးျပဳတ္က်ၿပီး ေဒၚလာေဈးျပန္တက္

႐ု႐ွားႏိုင္ငံက ကိုဗစ္ကာကြယ္ေဆး စမ္းသပ္ေအာင္ျမင္ၿပီဟု ထုတ္ျပန္ေၾကျငာၿပီးေနာက္ ျပည္တြင္း၌ ေဒၚလာေဈးႏွင့္ ေ႐ႊေဈးအတက္အက်ျဖစ္လာေၾကာင္း ျပည္တြင္းေဈးကြက္အတြင္းမွာ သိရသည္။

ထိုသို႔ေဆးေတြ႕႐ွိသည္ဟု ထုတ္ျပန္ၿပီးေနာက္ပိုင္းတြင္ ကမ႓ာ့ေ႐ႊေဈးသည္ တစ္ေအာင္စကို ေဒၚလာ ၂၀၀ ဝန္းက်င္ က်ဆင္းခဲ့ၿပီး ေနာက္ ျပည္တြင္းေ႐ႊေဈးကြက္ပါ လိုက္ပါက်ဆင္းခဲ့သည္။ ေ႐ႊေဈးက်ဆင္းေသာ္လည္း ေဒၚလာေဈးမွာ ႏွစ္ရက္အတြင္း တစ္ေဒၚလာကို ၁၅ က်ပ္ျမင့္တက္လာသည္။

ဩဂုတ္ ၁၂ ရက္ နံနက္ပိုင္းတြင္ အေခါက္ေ႐ႊတစ္က်ပ္သား က်ပ္ ၁,၂၉၀,၀၀၀ ေက်ာ္အထိ ေဈးျပဳတ္က်ခဲ့ေသာ္လည္း ညေန ပိုင္းတြင္ ၁,၃၀၀,၀၀၀ က်ပ္သို႔ ျပန္လည္ျမင့္တက္လာသည္။ ကမ႓ာေ႐ႊေဈးသည္လည္း တစ္ေအာင္စကို ေဒၚလာ ၁၉၃၀ ကို ျပန္လည္က်ဆင္းလာသည္။

‘‘႐ု႐ွားက ကာကြယ္ေဆးကို မွတ္ပုံတင္မယ္ဆိုေတာ့ ကမ႓ာ့ ေဈးက ျပဳတ္က်သြားတာ၊ အဲဒါ ေၾကာင့္ ျပည္တြင္းမွာလည္း ေဈးက်လာတာပါ။ ေဈးသာ အတက္အက်ျဖစ္ေနတာ အေရာင္းအဝယ္က သိပ္မေကာင္းပါဘူး’’ဟု ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း႐ွင္းမ်ား အသင္း အတြင္းေရးမႉး ဦးဝင္းျမင့္က ေျပာသည္။

‘‘ျပည္တြင္းေဈးက ကမ႓ာ့ေဈးအတိုင္း အတက္အက်ျဖစ္ေနမွာပဲ။ အခုလည္းက်ၿပီးေတာ့ ညေနပိုင္းမွာ ကမ႓ာ့ေဈးျပန္တက္လို႔ ျပန္လိုက္တက္လာတယ္’’ဟု တိတ္စိန္ေ႐ႊဆိုင္ပိုင္႐ွင္ ကိုေဇာ္ေအာင္က ေျပာသည္။

ေဒၚလာတန္ဖိုးမွာ ၾသဂုတ္၁၂ ရက္ နံနက္ပိုင္းတြင္ တစ္ေဒၚလာ ၁,၃၈၉ က်ပ္ျဖင့္ ေဈးဖြင့္ၿပီးေနာက္ ၁,၃၉၂ က်ပ္သို႔ေဈးျမင့္တက္ခဲ့ကာ မြန္းလြဲပိုင္းတြင္ တစ္ေဒၚလာ ၁,၃၈၅ က်ပ္သို႔ ျပန္လည္က်ဆင္းလာသည္။

ျပည္တြင္း ေငြေၾကးေဈးကြက္တြင္ ေဒၚလာတန္ဖိုး မတည္ၿငိမ္ျခင္းေၾကာင့္ ပုဂၢလိကဘဏ္ အခ်ိဳ႕က ေဒၚလာေရာင္းခ်ျခင္း ရပ္ဆိုင္းထားၿပီး ေဈးကြက္အေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း ဘဏ္လုပ္ငန္းကြၽမ္းက်င္သူ အခ်ိဳ႕က ေျပာသည္။

ပုဂၢလိကဘဏ္မ်ားဖြင့္သည့္ ေဈးႏႈန္းႏွင့္ ေငြလဲေကာင္တာမ်ား ဖြင့္လွစ္သည့္ ေဈးႏႈန္းမတူညီသျဖင့္ ပုဂၢလိကဘဏ္အခ်ိဳ႕ကေဒၚလာ အေရာင္းရပ္ျခင္းျဖစ္သည္။

ျပည္တြင္းေ႐ႊေဈးသည္ ကမ႓ာေ႐ႊေဈးေၾကာင့္ ဩဂုတ္လဆန္းပိုင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၁၃၃၇၀၀၀ အထိ ျမင့္တက္လာသည္။ ကမ႓ာေ႐ႊေဈးသည္ တစ္ေအာင္စကို ၂၂၈၀ အထိ ၁၄ ႏွစ္အတြင္းအျမင့္ဆုံးကို ျမင့္တက္ခဲ့ျခင္းျဖစ္သည္။

ျပည္တြင္းေ႐ႊေဈးျမင့္တက္ခဲ့ေသာ္လည္း ကမ႓ာေ႐ႊေဈးေအာက္က်ေရာက္ေန၍ နယ္စပ္မ်ားမွ တဆင့္ ျပည္ပႏိုင္ငံမ်ားက ျပည္တြင္းေ႐ႊကို အဝယ္လိုက္ေနသည္။ ေဒၚလာေငြလဲႏႈန္းသည္လည္း တေျဖးေျဖးက်ဆင္းကာ တစ္ေဒၚလာကို ၁၃၆၀ က်ပ္ ဝန္က်င္အထိ ဩဂုတ္လဆန္းတြင္ က်ဆင္းခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service