တရုတ်လုပ်ကိုင်ခွင့်ရထားသည့် ချောင်းသာလေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၃ တွင်အပြီးဆောင်ရွက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3457 Views

တရုတ်လုပ်ကိုင်ခွင့်ရထားသည့် ချောင်းသာလေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၃ တွင်အပြီးဆောင်ရွက်မည်ဟုဆို

[Unicode]

တရုတ်အစိုးရပိုင် ChinaThree Gorges(CTG) ကော်ပိုရေး ရှင်းကလုပ်ကိုင်ခွင့်ရထားသည့် ချောင်းသာရှိ လေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်ဖို့ရှိကြောင်း အစိုးရက ထုတ်ပြန်သည့် စီမံကိန်းဘဏ်စာရင်းတွင်ဖော်ပြထားသည်။

ထိုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၆၅ သန်းကုန်ကျမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ထိုစီမံကိန်းသည် နွေရာသီတွင် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် လေအားလျှပ်စစ်နည်းပညာများ ရရှိစေရေးအတွက်ဖြစ်သည်ဟု ထိုစီမံကိန်းဘဏ်တွင်ဖော်ပြထားသည်။

ထိုစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၂၀၁၂ နှင့် ၂၀၁၆ တို့တွင် နားလည်မူစာချွန်လွှာ နှစ်ကြိမ်ထိုးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စီမံကိန်းဖြစ်နိုင်ခြေလေလာထားမှုကို ဝန်ကြီးဌာနက စီစစ်နေသည်ဟု ဆိုသည်။

ထိုစီမံကိန်းကို ၂၀၂၀-၂၁ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ရန် အစိုးရက မျှော်မှန်းထားခြင်းဖြစ်သည်။

မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်မည့် ထိုစီမံကိန်းကို ၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ် Three Gorges ကော်ပိုရေးရှင်းတို့ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ တွင် ပထမအကြိမ်စမ်းသပ်လေ့လာဖူးကြောင်းနှင့် ထိုစမ်းသပ်ချက် မအောင်မြင်ခဲ့ကြောင်း ယခင်တိုင်းအစိုးရက ဆိုထားသည်။

CTG ကော်ပိုရေးရှင်းသည် ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီ ကြီးဖြစ်ပြီး အဓိကအားဖြင့် ရေအားလျှပ်စစ် တည်ဆောက်နေသည့် ကုမ္ပဏီဖြစ်သည်။ တရုတ်နိုင်ငံရှိ နာမည်ကျော် Three Gorges ဆည်ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပဏီက ၂၀၁၄ အထိ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၄၆,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ အဆိုပါကော်ပိုရေးရှင်းသည် ၂၀၁၄ မှစ၍ လေစွမ်းအင်နှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်ရန် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်ကုမ္ပဏီသည် ၂၀၁၃ နှစ်ကုန်မှစ၍ နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှုအတွက် စတင်ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လေအားလျှပ်စစ်စီမံကိန်းများကို မကွေးတိုင်းအတွင်းရှိ သုံးမြို့နယ်တွင် မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်မည့် ဓာတ်အားထုတ် စက်ရုံသုံးရုံ တည်ဆောက်ရန် အစိုးရက ခွင့်ပြုထားသည်။ ထိုစက်ရုံများသည် မင်းလှ၊ မင်းတုန်းနှင့်ချောက် မြို့နယ်တို့တွင် လွန်ခဲ့သည့် ၂ နှစ် ကျော်က စမ်းသပ်ခွင့်ပြုထားသည့် စီမံကိန်းများဖြစ်ပြီး အောင်မြင်၍ ၂၀၂၀ တွင် စက်ရုံတည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service