ဒဂုံဆိပ်ကမ်းရှိ အငှားအိမ်ယာစီမံကိန်း ပထမအဆင့်ပြီးစီးပြီဟု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
3061 Views

ဒဂုံဆိပ်ကမ်းရှိ အငှားအိမ်ယာစီမံကိန်း ပထမအဆင့်ပြီးစီးပြီဟု လုပ်ကိုင်ခွင့်ရကုမ္ပဏီ ထုတ်ပြန်

[Unicode]

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် နိုင်ငံဝန်ထမ်း အငှားအိမ်ယာစီမံကိန်း ပထမအဆင့်ပြီးစီးပြီ ဖြစ်ကြောင်း Yangon Metropolitan Development ကုမ္ပဏီက ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် ၈ခန်းတွဲ ၅ ထပ်တိုက် ၁၄ လုံးပါဝင်ပြီး တိုက်ခန်းပေါင်း ၄၅၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၂၈ ခန်းတို့ပါဝင်ပြီး လက်ရှိ ပထမအဆင့် (၈) ခန်းတွဲ (၅) ထပ်တိုက် (၈) လုံးသည် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဟု ကုမ္ပဏီကဆိုသည်။

ထိုစီမံကိန်းပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ငှားရမ်းသွားမည်ဟုဆိုသည်။

ထိုစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလမ်းညွန့်ပြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနနှင့် Yangon Metropolitan Development ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်း ဒုတိယအဆင့် အနေဖြင့် (၈)ခန်းတွဲ (၅) ထပ်တိုက် (၆)လုံးအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ နောက်ဆုံးထားတည်ဆောက်ပြီးစီးရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်ဟု ကုမ္ပဏီက ထုတ်ပြန်သည်။

Yangon Metropolitan Development အများ ပိုင်ကုမ္ပဏီသည် ကြို့ကုန်းအိမ်ယာသစီမံကိန်းနှင့် ပတ်သတ်ပြီး စီမံကိန်းအဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများ စိစစ်ရွေး ချယ်ခြင်းကိုဆောင်ရွက်ခွင့်ရထားသည့် ကုမ္ပဏီလည်းဖြစ်သည်။ ထိုစီမံကိန်းသည် ရန်ကုန်တိုင်း အစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရန် ကုန်အစိုးရက ပြည်သူ့အိမ်ရာများကို အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက် တစ်ခုဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ရာများအကောင်အထည်ဖော်ရန် ၂၀၁၇ ၌ Yangon Metropolitan Development အများပိုင်ကုမ္ပဏီကို ထူထောင်ခဲ့ခြင်းသည်။

Yangon Metropolitan Development Public Co.,Ltd (YMD) ၏ ဒါရိုက်တာအဖွဲ့ကို တိုင်းအစိုးရအဖွဲ့ ကိုယ်စားပြု ခြောက်ဦးနှင့် မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြု ခြောက်ဦးတိုဖြင့် ဖွဲ့စည်းထားပြီး ၉၂ ရာခိုင်နှုန်းကို တိုင်းအစိုးရက ပိုင်ဆိုင်သည်။

ထိုကုမ္ပဏီသည် အိမ်ရာစီမံကိန်းခြောက်ခုအတွက် ကျပ် ၅၄ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့သည်။ သို့ သော် ၂၀၁၇ မတ်လတွင် လုပ်ငန်းမစတင်နိုင်ခြင်းကြောင့် ကျပ် ၁၁ သန်းကျော် အရှုံးပေါ်ခဲ့သည်ဟု တိုင်းလွှတ်တော်၌ တင်ပြသည့်တိုင်းအစိုးရ၏စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဒဂုံဆိပ္ကမ္း႐ွိ အငွားအိမ္ယာစီမံကိန္း ပထမအဆင့္ၿပီးစီးၿပီဟု လုပ္ကိုင္ခြင့္ရကုမၸဏီ ထုတ္ျပန္

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ တည္ေဆာက္ေနသည့္ ႏိုင္ငံဝန္ထမ္း အငွားအိမ္ယာစီမံကိန္း ပထမအဆင့္ၿပီးစီးၿပီ ျဖစ္ေၾကာင္း Yangon Metropolitan Development ကုမၸဏီက ထုတ္ျပန္သည္။

ထိုစီမံကိန္းသည္ ၈ခန္းတြဲ ၅ ထပ္တိုက္ ၁၄ လုံးပါဝင္ၿပီး တိုက္ခန္းေပါင္း ၄၅၀ ခန္႔ႏွင့္ ေဈးဆိုင္ခန္းေပါင္း ၂၈ ခန္းတို႔ပါဝင္ၿပီး လက္႐ွိ ပထမအဆင့္ (၈) ခန္းတြဲ (၅) ထပ္တိုက္ (၈) လုံးသည္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ၿပီးစီးၿပီဟု ကုမၸဏီကဆိုသည္။

ထိုစီမံကိန္းၿပီးစီးသြားပါက ရန္ကုန္တိုင္းေဒသႀကီးအတြင္း တာဝန္ထမ္းေဆာင္ေနသည့္ ႏိုင္ငံဝန္ထမ္းမ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ငွားရမ္းသြားမည္ဟုဆိုသည္။

ထိုစီမံကိန္းကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကလမ္းၫြန္႔ၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရးဦးစီးဌာနႏွင့္ Yangon Metropolitan Development ကုမၸဏီက ေဆာင္႐ြက္ျခင္းျဖစ္သည္။

စီမံကိန္း ဒုတိယအဆင့္ အေနျဖင့္ (၈)ခန္းတြဲ (၅) ထပ္တိုက္ (၆)လုံးအား ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ေနာက္ဆုံးထားတည္ေဆာက္ၿပီးစီးရန္ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနမွ ေဆာင္႐ြက္လ်က္႐ွိသည္ဟု ကုမၸဏီက ထုတ္ျပန္သည္။

Yangon Metropolitan Development အမ်ား ပိုင္ကုမၸဏီသည္ ႀကိဳ႕ကုန္းအိမ္ယာသစီမံကိန္းႏွင့္ ပတ္သတ္ၿပီး စီမံကိန္းအဆိုျပဳလႊာႏွင့္ တင္ဒါလုပ္ငန္းမ်ား စိစစ္ေ႐ြး ခ်ယ္ျခင္းကိုေဆာင္႐ြက္ခြင့္ရထားသည့္ ကုမၸဏီလည္းျဖစ္သည္။ ထိုစီမံကိန္းသည္ ရန္ကုန္တိုင္း အစိုးရႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ရန္ ကုန္အစိုးရက ျပည္သူ႕အိမ္ရာမ်ားကို အဆင့္ျမႇင့္တင္တည္ေဆာက္ေရးစီမံကိန္းအနက္ တစ္ခုျဖစ္သည္။

ရန္ကုန္တိုင္းအစိုးရသည္ ရန္ကုန္တိုင္းအတြင္း ေဆာက္လုပ္ေရး လုပ္ငန္းမ်ားႏွင့္ အိမ္ရာမ်ားအေကာင္အထည္ေဖာ္ရန္ ၂၀၁၇ ၌ Yangon Metropolitan Development အမ်ားပိုင္ကုမၸဏီကို ထူေထာင္ခဲ့ျခင္းသည္။

Yangon Metropolitan Development Public Co.,Ltd (YMD) ၏ ဒါ႐ိုက္တာအဖြဲ႕ကို တိုင္းအစိုးရအဖြဲ႕ ကိုယ္စားျပဳ ေျခာက္ဦးႏွင့္ ျမန္မာ့ေဆာက္လုပ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီ ကိုယ္စားျပဳ ေျခာက္ဦးတိုျဖင့္ ဖြဲ႕စည္းထားၿပီး ၉၂ ရာခိုင္ႏႈန္းကို တိုင္းအစိုးရက ပိုင္ဆိုင္သည္။

ထိုကုမၸဏီသည္ အိမ္ရာစီမံကိန္းေျခာက္ခုအတြက္ က်ပ္ ၅၄ ဘီလီယံရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။ သို႔ ေသာ္ ၂၀၁၇ မတ္လတြင္ လုပ္ငန္းမစတင္ႏိုင္ျခင္းေၾကာင့္ က်ပ္ ၁၁ သန္းေက်ာ္ အ႐ႈံးေပၚခဲ့သည္ဟု တိုင္းလႊတ္ေတာ္၌ တင္ျပသည့္တိုင္းအစိုးရ၏စာရင္းစစ္ခ်ဳပ္အစီရင္ခံစာက ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service