မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1251 Views

မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

[Unicode]

စနစ်ကျသော မြို့ပြတစ်ခု ဖြစ်ပေါ်လာစေရန် တိုးတက်လာမည့် လူဦးရေ၊ အိမ်ရာ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း များအပေါ် မူတည်ပြီး မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း သြဂုတ်လ(၁၁)ရက်က ပဲခူးတိုင်းဒေသကြီး မြိုပြဖွံ့ဖြိုးတိုး တက်ရေးကော်မတီ (Urban Development Committee Bago) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မြိုပြဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောခဲ့သည်။

ထို့သို့ မြို့ပြစီမံကိန်းများ ကြိုတင်မျှော်မှန်းရေးဆွဲထားမှသာ လူနေအိမ်ရာများ၊ စက်မှုဇုန်များ၊ ကုန်သိုလှောင်ရုံများ၊ စီးပွားရေးဇုန်များ၊ အပန်းဖြေနေရာများ စသည်ဇုန်အလိုက် စနစ်တကျ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား နှစ်အလိုက် မြို့ပြစီမံကိန်းများ ရေးဆွဲပေးနေမှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီးမြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ရှင်းပြသည်။

ထို့အပြင် ပဲခူး၊ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တောင်ဘက်နှင့် ညောင်အင်းလမ်း ဝဲ/ယာ အနီး မြေနေရာများအတွက် မြေအသုံး ချမှု Master Plan (မူကြမ်း) အား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးဦးဇော်ဇော်အေးကလည်းကောင်း၊ ကြို့ပင်ကောက်မြို့အတွက် ရေးဆွဲထားသည့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Town Plan) (မူကြမ်း)အား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းထွန်းတို့က အသီးသီး ရှင်းပြခဲ့ကြသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ၿမိဳ႕ျပစီမံကိန္းမ်ား ႀကိဳတင္ေရးဆြဲထားရမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာ

စနစ္က်ေသာ ၿမိဳ႕ျပတစ္ခု ျဖစ္ေပၚလာေစရန္ တိုးတက္လာမည့္ လူဦးေရ၊ အိမ္ရာ၊ စက္မႈလုပ္ငန္းမ်ားႏွင့္ စီးပြားေရးဆိုင္ရာ အခြင့္အလမ္း မ်ားအေပၚ မူတည္ၿပီး ၿမိဳ႕ျပစီမံကိန္းမ်ား ႀကိဳတင္ေရးဆြဲထားရမည္ျဖစ္ေၾကာင္း ၾသဂုတ္လ(၁၁)ရက္က ပဲခူးတိုင္းေဒသႀကီး ၿမိဳျပဖြံ႕ၿဖိဳးတိုး တက္ေရးေကာ္မတီ (Urban Development Committee Bago) လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ပဲခူးတိုင္းေဒသႀကီး ၿမိဳျပဖြံ႕ၿဖိဳးတိုးတက္ ေရးေကာ္မတီဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာခဲ့သည္။

ထို႔သို႔ ၿမိဳ႕ျပစီမံကိန္းမ်ား ႀကိဳတင္ေမွ်ာ္မွန္းေရးဆြဲထားမွသာ လူေနအိမ္ရာမ်ား၊ စက္မႈဇုန္မ်ား၊ ကုန္သိုေလွာင္႐ုံမ်ား၊ စီးပြားေရးဇုန္မ်ား၊ အပန္းေျဖေနရာမ်ား စသည္ဇုန္အလိုက္ စနစ္တက် အေကာင္အထည္ေဖာ္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအား ႏွစ္အလိုက္ ၿမိဳ႕ျပစီမံကိန္းမ်ား ေရးဆြဲေပးေနမႈအေျခအေနမ်ားကို ပဲခူးတိုင္းေဒသႀကီးၿမိဳ႕ျပ ႏွင့္ အိမ္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးစိုင္းသက္ႏိုင္မိုးက ရွင္းျပသည္။

ထို႔အျပင္ ပဲခူး၊ဟံသာဝတီအျပည္ျပည္ဆိုင္ရာ ေလဆိပ္ေတာင္ဘက္ႏွင့္ ေညာင္အင္းလမ္း ဝဲ/ယာ အနီး ေျမေနရာမ်ားအတြက္ ေျမအသုံး ခ်မႈ Master Plan (မူၾကမ္း) အား ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန (႐ုံးခ်ဳပ္)မွ ၫႊန္ၾကားေရးမႉးဦးေဇာ္ေဇာ္ေအးကလည္းေကာင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕အတြက္ ေရးဆြဲထားသည့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း(Town Plan) (မူၾကမ္း)အား ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးတိုးတက္ ေရး ဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဝလင္းထြန္းတို႔က အသီးသီး ရွင္းျပခဲ့ၾကသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service