လယ်ယာမြေမှ အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးသည့်မြေ၏ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
2703 Views

လယ်ယာမြေမှ အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးသည့်မြေ၏ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)ကိစ္စ

Knowledge | Posted by Zarni Kyaw

[Unicode]

လယ်ယာမြေအများစုတွင် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇) အမည်ပေါက်ရရှိထားသူက တစ်ဦး၊ ၎င်းထံမှ တစ်နည်းနည်းဖြင့် လွှဲပြောင်းလက်ရှိရထားသူက တစ်ဦးဖြစ်နေတတ်ကျသည်။ ယခင်က လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)အမည်ပြောင်းလဲရန် တရားဝင်ဆောင်ရွက်ခြင်းကို တရားဝင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။

လယ်ယာမြေဥပဒေပုဒ်မ-၁၈ အရ လယ်ယာမြေ၏ ဒေသန္တရတန်ဖိုးသတ်မှတ်ပေးမည့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အား ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ပေးအပ်ထားခြင်းမရှိသဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် လယ်ယာမြေဝယ်ယူသူများအား လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၇)တွင် ဝယ်ယူထားသူများ၏အမည် ပြောင်းပေးနိုင်ခြင်းမရှိခဲ့ပါ။ မြေစာရင်းများတွင်လည်း ယင်းဦးပိုင်အကွက်အတွက် အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိထားသူ၏ အမည်သို့ပြောင်းလဲမှတ်တမ်းတင်ရန်လည်း လုပ်ထုံး၊ လုပ်နည်းများ သီးခြား ညွှန်ကြားချက်များလည်း မရှိသေးသည့်အတွက် မူလအတိုင်း လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇) တွင် မူလအမည်ပေါက်အမည်ဖြစ်ပြီး အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀တွင် ခွင့်ပြုချက်ရရှိသူအမည် စသည်ဖြင့် (၂)မျိုးကွဲလွဲမှုများဖြစ်ပေါ်နေပါသည်။

အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ခွင့်ပြုချက်ရရှိထားသည့်မြေသည် လယ်ယာမြေဆိုသည့်အမျိုးအစားမှ Other Area O.A သို့ ပြောင်းလဲသွားပါသည်။ ထိုသို့ပြောင်းလဲသွားသည့်မြေများ၏ မြေစာရင်းပုံစံတွင် ပြင်ဆင်ရန်အတွက် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလတွင်မှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ ညွှန်ကြားချက် အမှတ် ၁/၂၀၁၉ ကိုထုတ်ပြန်ပေးခဲ့ပါသည်။

အဆိုပါညွှန်ကြားချက်အရ မြေစာရင်းပုံစံတွင် ပြင်ဆင်သည့်အခါ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)ပါ ဦးပိုင်၏ ဧရိယာအားလုံးကို အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ခွင့်ပြုချက်ရရှိပါက မူလက ပုံစံ(၇)ကို ပြန်လည်အပ်နှံစေ၍ ဖျက်သိမ်းရမည်ဖြစ်ပြီး အခြားနည်းသုံးစွဲခွင့်ရရှိသူအမည်ဖြင့် လယ်ယာမြေမှအပ အခြားနည်းသုံးစွဲခွင့်ရသူများ မှတ်ပုံတင်စာရင်း ပုံစံ ၅-ခတွင် မှတ်တမ်းတင် ဖြည့်သွင်းရမည်ဖြစ်ပါသည်။

လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)ပါ ဦးပိုင်၏ ဧရိယာတစ်ခုလုံးမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းကို အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိခြင်းဖြစ်ပါက အဆိုပါခွင့်ပြုမိန့် မိတ္တူကို ပူးတွဲ၍ ပုံစံ(၇)အသစ်အား ဦးပိုင်ရှိ အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ခွင့်ပြုသည့်ဧရိယာ နှုတ်ဖယ်၍ မြေပုံအသစ်ဖြင့် ပုံစံ (၇)အသစ် ပြန်ထုတ်ရမည်။ မူလ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)နှင့် မြေပုံကို ဖျက်သိမ်းပြီး ယင်းဦးပိုင်အတွင်းမှ အခြားနည်းခွင့်ပြုမိန့်ရရှိသည့်ဧရိယာကို ခွင့်ပြုချက်ရရှိသူအမည်ဖြင့် မှတ်ပုံတင်စာရင်း ပုံစံ ၅-ခတွင် မှတ်တမ်း တင်ဖြည့်သွင်းရမည်ဖြစ်ပါသည်။

အဆိုပါညွှန်ကြားချက်အရ အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ကို ခွင့်ပြုချက်ရရှိသူအမည်ကို ပြောင်းလဲ မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲမှတ်တမ်းတင်မှသာ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ(၇) အမည်ပေါက်အမည်နှင့် အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ခွင့်ပြုချက်ရရှိသူအမည် ကွဲလွဲနေခြင်းကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမမွ အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ရရွိၿပီးသည့္ေျမ၏ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇)ကိစၥ

လယ္ယာေျမအမ်ားစုတြင္ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇) အမည္ေပါက္ရရွိထားသူက တစ္ဦး၊ ၄င္းထံမွ တစ္နည္းနည္းျဖင့္ လႊဲေျပာင္းလက္ရွိရထားသူက တစ္ဦးျဖစ္ေနတတ္က်သည္။ ယခင္က လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇)အမည္ေျပာင္းလဲရန္ တရား၀င္ေဆာင္ရြက္ျခင္းကို တရား၀င္ ေဆာင္ရြက္ႏိုင္ျခင္းမရွိပါ။

လယ္ယာေျမဥပေဒပုဒ္မ-၁၈ အရ လယ္ယာေျမ၏ ေဒသႏၱရတန္ဖိုးသတ္မွတ္ေပးမည့္ လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔အား ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔မွ တာ၀န္ေပးအပ္ထားျခင္းမရွိသျဖင့္ျဖစ္ပါသည္။ ထို႔ေၾကာင့္ လယ္ယာေျမ၀ယ္ယူသူမ်ားအား လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပံုစံ(၇)တြင္ ဝယ္ယူထားသူမ်ား၏အမည္ ေျပာင္းေပးႏိုင္ျခင္းမရွိခဲ့ပါ။ ေျမစာရင္းမ်ားတြင္လည္း ယင္းဦးပိုင္အကြက္အတြက္ အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ရရွိထားသူ၏ အမည္သို႔ေျပာင္းလဲမွတ္တမ္းတင္ရန္လည္း လုပ္ထံုး၊ လုပ္နည္းမ်ား သီးျခား ညႊန္ၾကားခ်က္မ်ားလည္း မရွိေသးသည့္အတြက္ မူလအတိုင္း လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇) တြင္ မူလအမည္ေပါက္အမည္ျဖစ္ၿပီး အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀တြင္ ခြင့္ျပဳခ်က္ရရွိသူအမည္ စသည္ျဖင့္ (၂)မ်ိဳးကြဲလြဲမႈမ်ားျဖစ္ေပၚေနပါသည္။

အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ခြင့္ျပဳခ်က္ရရွိထားသည့္ေျမသည္ လယ္ယာေျမဆိုသည့္အမ်ိဳးအစားမွ Other Area O.A သို႔ ေျပာင္းလဲသြားပါသည္။ ထိုသုိ႔ေျပာင္းလဲသြားသည့္ေျမမ်ား၏ ေျမစာရင္းပံုစံတြင္ ျပင္ဆင္ရန္အတြက္ ၂၀၁၉ခုႏွစ္၊ ေဖေဖာ္၀ါရီလတြင္မွ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔မွ ညႊန္ၾကားခ်က္ အမွတ္ ၁/၂၀၁၉ ကိုထုတ္ျပန္ေပးခဲ့ပါသည္။

အဆိုပါညႊန္ၾကားခ်က္အရ ေျမစာရင္းပံုစံတြင္ ျပင္ဆင္သည့္အခါ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇)ပါ ဦးပိုင္၏ ဧရိယာအားလံုးကို အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ခြင့္ျပဳခ်က္ရရွိပါက မူလက ပံုစံ(၇)ကို ျပန္လည္အပ္နွံေစ၍ ဖ်က္သိမ္းရမည္ျဖစ္ၿပီး အျခားနည္းသံုးစြဲခြင့္ရရွိသူအမည္ျဖင့္ လယ္ယာေျမမွအပ အျခားနည္းသံုးစြဲခြင့္ရသူမ်ား မွတ္ပံုတင္စာရင္း ပံုစံ ၅-ခတြင္ မွတ္တမ္းတင္ ျဖည့္သြင္းရမည္ျဖစ္ပါသည္။

လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇)ပါ ဦးပိုင္၏ ဧရိယာတစ္ခုလံုးမဟုတ္ဘဲ တစ္စိတ္တစ္ပိုင္းကို အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ရရွိျခင္းျဖစ္ပါက အဆိုပါခြင့္ျပဳမိန္႔ မိတၱဴကို ပူးတြဲ၍ ပံုစံ(၇)အသစ္အား ဦးပိုင္ရွိ အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ခြင့့္ျပဳသည့္ဧရိယာ ႏႈတ္ဖယ္၍ ေျမပံုအသစ္ျဖင့္ ပံုစံ (၇)အသစ္ ျပန္ထုတ္ရမည္။ မူလ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ(၇)ႏွင့္ ေျမပံုကို ဖ်က္သိမ္းၿပီး ယင္းဦးပိုင္အတြင္းမွ အျခားနည္းခြင့္ျပဳမိန္႔ရရွိသည့္ဧရိယာကို ခြင့္ျပဳခ်က္ရရွိသူအမည္ျဖင့္ မွတ္ပံုတင္စာရင္း ပံုစံ ၅-ခတြင္ မွတ္တမ္း တင္ျဖည့္သြင္းရမည္ျဖစ္ပါသည္။

အဆိုပါညႊန္ၾကားခ်က္အရ အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ကို ခြင့္ျပဳခ်က္ရရွိသူအမည္ကို ေျပာင္းလဲ မွတ္တမ္းတင္ရမည္ျဖစ္ပါသည္။ ထိုသို႔ ေျပာင္းလဲမွတ္တမ္းတင္မွသာ လယ္ယာေျမလုပ္ကိုင္ခြင့္ လက္မွတ္ ပံုစံ(၇) အမည္ေပါက္အမည္ႏွင့္ အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ခြင့္ျပဳခ်က္ရရွိသူအမည္ ကြဲလြဲေနျခင္းကို ေျဖရွင္းႏိုင္မည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service