တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
1037 Views

တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု

[Unicode]

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၈-၁၉အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် ကုမ္ပဏီများကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဩဂုတ် ၁၀ ရက်တွင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်စသည့် အခွန်သုံးမျိုးအတွက် ပြည်တွင်းကုမ္ပဏီ ၁၀ ခုစီနှင့်နိုင်ငံခြားကုမ္ပဏီ ၅ ခုတိုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဝင်ငွေခွန်အများဆုံးဆောင်သည့် ပြည်တွင်းကုမ္ပဏီမှာ ဥရောပ အာရှကော်မာရှယ်ကုမ္ပဏီလီမိတက်ဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီမှာ Moattama Gas Transportation ကုမ္ပဏီဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့် ပြည်တွင်းကုမ္ပဏီမှာ Denko ထရေးဒင်းကုမ္ပဏီလီမိတက် ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီမှ Telenor Myanmar ဖြစ်သည်။

အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်သည့် ပြည်တွင်းကုမ္ပဏီမှာ ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီမှာ မြန်မာဘီယာနှင့် Kirin ဘီယာများထုတ်နေသည့် Myanmar Brewery ကုမ္ပဏီဖြစ်သည်။

ဝင်ငွေခွန် ဒုတိယ အများဆုံး ပေးဆောင်သည့် ပြည်တွင်းကုမ္ပဏီမှာ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဖြစ်သည်။ ထို‌နောက် အီလန်ကုမ္ပဏီလီမိတက် ၊ အပြည်ပြည်ဆိုင်ရာ အဖျော်ရည်ယမကာ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် ၊ မြဝတီဘဏ်လီမိတက် ၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်လီမိတက် ၊ မြန်မာစပျစ်နှင့် အဖျော်ရည်ကုမ္ပဏီလီမိတက် ၊ ဧရာဝတီဘဏ်လီမိတက် နှင့် ဒန်ကိုထရေးဒင်း ကုမ္ပဏီလီမိတက် တို့ အစဉ်လိုက်အများဆုံးအခွန်ပေးဆောင်ကြသည်ဟု သမ္မတရုံးက ထုတ်ပြန်သည်။

ကုန်သွယ် လုပ်ငန်းခွန် ဒုတိယ အများဆုံးပေးဆောင်သည့် မြန်မာကုမ္ပဏီမှာ ကျော်စံ ကုမ္ပဏီလီမိတက် ဖြစ်သည်။ ထိုနောက် ပီတီစွမ်းအားထရေးဒင်း ကုမ္ပဏီ လီမိတက်၊ စီးတီးမတ်ဟိုး(လ်)ဒင်း ကုမ္ပဏီလီမိတက်၊ အာရှစွမ်းအားကုမ္ပဏီလီမိတက် ၊ အပြည်ပြည်ဆိုင်ရာ အဖျော်ရည် ယမကာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ၊ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက် ၊ ဟေးဒေးအင်နာဂျီ ထရေးဒင်း ကုမ္ပဏီလီမိတက် ၊ Max Energy ကုမ္ပဏီလီမိတက် နှင့် လီဗီးယား လီမိတက် တို့က အစဉ်လိုက် ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများအနက် ဝင်ငွေခွန် အများဆုံးပေးသည့် ကုမ္ပဏီများမှာ Telenor Myanmar Ltd ၊ Taninthayi Pipeline Company LLC (Myanmar Branch) ၊ Myanmar Yang Tse Copper Ltd နှင့် Myanmar Brewery Ltd တို့မှာ Moattama Gas Transportation ကုမ္ပဏီပြီးနောက် အများဆုံးဖြစ်သည်။

ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင် နိုင်ငံခြားကုမ္ပဏီများတွင် Telenor Myanmar ပြီးနောက် Ooredoo Myanmar ၊ Myanmar Brewery Ltd၊ Virginia Tobacco Co.,Ltd နှင့် Grand Royal Group International Co.,Ltd တိုဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service