ပြည်တွင်းရွှေဈေး အမြင့်ဆုံးရောက်ပြီး အရောင်းအဝယ်ပြန်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
1219 Views

ပြည်တွင်းရွှေဈေး အမြင့်ဆုံးရောက်ပြီး အရောင်းအဝယ်ပြန်ဖြစ်လာ

[Unicode]

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၃၃၀,၀၀၀ ကျော်အထိ မြင့်တက်ပြီး အရောင်းအဝယ်လည်း ပြန်လည်မြင့်တက်လာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

‌ရွှေဈေးမြင့်တက်လာပြီးနောက် အရောင်းအဝယ်အေးနေသည့် ပြည်တွင်းရွှေဈေးကွက်သည့် ယခုလို့ အမြင့်နှုန်းရောက်ပြီး အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။

ထိုသို့မြှင့်တက်လာခြင်းမှာ ပြည်တွင်းဝယ်လက်အနည်းငယ် မြင့်တက်လာခြင်းနှင့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနယ်စပ်များက အဝယ်လိုက်လာခြင်းကြောင့် ရွှေဈေးတက်လာခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,၂၀၀,၀၀၀ ဝန်းကျင်တွင် လအတန်ကြာ တန့်နေချိန်တွင် အရောင်းအဝယ်မဖြစ်ခဲ့ပေ။ ထိုကာလအတွင်း ရွှေပြန်လည်ရောင်းချခြင်းသာ အများဆုံးဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။

‘‘လက်ဝတ်ရတနာအထည်တွေက ပြန်ရောင်းတာများလာတယ်။ ရွှေတုံးတွေက အဝယ်လိုက်လာတယ်’’ဟု အောင်သမာဓိရွှေဆိုင် မန်နေဂျာ ဦးမော်က ပြောသည်။

ပြည်တွင်းရွှေဝယ်စုသူများသည် ဈေးတက်နိုင်သည်ဟု အထင်ဖြင့် ပြန်လည်ဝယ်စုခြင်းဖြစ် ပြီး ပြည်ပအဝယ်က ပိုများသည်ဟု ၎င်းကဆိုသည်။

မြန်မာ့ရွှေဈေးသည် ကမာ္ဘ့ ရွှေဈေးထက် ကျပ်တစ်သိန်းဝန်းကျင်အောက် လျော့နည်းနေ၍ အိမ်နီးချင်းနိုင်ငံများကို ဖြတ်သန်း ကာ ကမာ္ဘ့ရွှေဈေးကွက်သို့ ပြန်လည်ရောင်းချနေသည်ဟု ဆိုသည်။ ပြည်တွင်းရွှေဈေးသည် ဩဂုတ် ၁ ရက်တွင် ကျပ် ၁၂၉,၃၅၀၀ ပေါက်ဈေးရှိပြီး ဩဂုတ် ၈ ရက်တွင် ကျပ် ၁,၃၃၃,၀၀၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။ ဩဂုတ် ၇ ရက်တွင် ၁,၃၃၇,၀၀၀ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့သည်။ ထိုနောက်အနည်းငယ်ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကမာ္ဘ့ရွှေဈေးသည် ၁၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်သည့် တစ် အောင်စကို ဒေါ်လာ ၂,၀၈၀ အထိ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာသော်လည်း ပြည်တွင်း၌ ဈေးကွက်ပုံမှန် ပြန်ဖြစ်လာသည်ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်ကပြောသည်။

ကမာ္ဘပေါ်တွင် ဒေါ်လာအစား ရွှေဝယ်စုသူများလာ၍ ရွှေဈေးမြင့်တက်ခြင်းဖြစ်ပြီး ပြည်တွင်း၌လည်း ထိုကဲ့သို့ပင် ဖြစ်သည်ဟု ဝိန့်စိန်ရွှေဆိုင် ဒါရိုက်တာ ဦးအောင်ကောင်းမြတ်က ပြောကြားသည်။

လက်ရှိ ပေါက်ဈေးသည် ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် သတ်မှတ်ခဲ့သည့် အမြင့်ဆုံးနှုန်း ကျပ် ၁,၃၀၇,၀၀၀ ကို ကျော်လွန်ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္တြင္းေ႐ႊေဈး အျမင့္ဆုံးေရာက္ၿပီး အေရာင္းအဝယ္ျပန္ျဖစ္လာ

ျပည္တြင္းေ႐ႊေဈးသည္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၁,၃၃၀,၀၀၀ ေက်ာ္အထိ ျမင့္တက္ၿပီး အေရာင္းအဝယ္လည္း ျပန္လည္ျမင့္တက္လာသည္ဟု ျပည္တြင္းေ႐ႊလုပ္ငန္းရွင္မ်ားက ေျပာသည္။

‌ေ႐ႊေဈးျမင့္တက္လာၿပီးေနာက္ အေရာင္းအဝယ္ေအးေနသည့္ ျပည္တြင္းေ႐ႊေဈးကြက္သည့္ ယခုလို႔ အျမင့္ႏႈန္းေရာက္ၿပီး အေရာင္းအဝယ္ျဖစ္လာျခင္းျဖစ္သည္ဟု ေ႐ႊလုပ္ငန္းရွင္မ်ားကဆိုသည္။

ထိုသို႔ျမႇင့္တက္လာျခင္းမွာ ျပည္တြင္းဝယ္လက္အနည္းငယ္ ျမင့္တက္လာျခင္းႏွင့္ တ႐ုတ္၊ ထိုင္းႏွင့္ အိႏၵိယနယ္စပ္မ်ားက အဝယ္လိုက္လာျခင္းေၾကာင့္ ေ႐ႊေဈးတက္လာျခင္း ျဖစ္သည္ဟု ေ႐ႊလုပ္ငန္းရွင္မ်ားက ေျပာသည္။

ျပည္တြင္းေ႐ႊေဈးကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သား က်ပ္ ၁,၂၀၀,၀၀၀ ဝန္းက်င္တြင္ လအတန္ၾကာ တန႔္ေနခ်ိန္တြင္ အေရာင္းအဝယ္မျဖစ္ခဲ့ေပ။ ထိုကာလအတြင္း ေ႐ႊျပန္လည္ေရာင္းခ်ျခင္းသာ အမ်ားဆုံးျဖစ္သည္ဟု ေ႐ႊလုပ္ငန္းရွင္မ်ားကဆိုသည္။

‘‘လက္ဝတ္ရတနာအထည္ေတြက ျပန္ေရာင္းတာမ်ားလာတယ္။ ေ႐ႊတုံးေတြက အဝယ္လိုက္လာတယ္’’ဟု ေအာင္သမာဓိေ႐ႊဆိုင္ မန္ေနဂ်ာ ဦးေမာ္က ေျပာသည္။

ျပည္တြင္းေ႐ႊဝယ္စုသူမ်ားသည္ ေဈးတက္ႏိုင္သည္ဟု အထင္ျဖင့္ ျပန္လည္ဝယ္စုျခင္းျဖစ္ ၿပီး ျပည္ပအဝယ္က ပိုမ်ားသည္ဟု ၎ကဆိုသည္။

ျမန္မာ့ေ႐ႊေဈးသည္ ကမာၻ႔ ေ႐ႊေဈးထက္ က်ပ္တစ္သိန္းဝန္းက်င္ေအာက္ ေလ်ာ့နည္းေန၍ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ျဖတ္သန္း ကာ ကမာၻ႔ေ႐ႊေဈးကြက္သို႔ ျပန္လည္ေရာင္းခ်ေနသည္ဟု ဆိုသည္။ ျပည္တြင္းေ႐ႊေဈးသည္ ဩဂုတ္ ၁ ရက္တြင္ က်ပ္ ၁၂၉,၃၅၀၀ ေပါက္ေဈးရွိၿပီး ဩဂုတ္ ၈ ရက္တြင္ က်ပ္ ၁,၃၃၃,၀၀၀ အထိ ျမင့္တက္လာျခင္းျဖစ္သည္။ ဩဂုတ္ ၇ ရက္တြင္ ၁,၃၃၇,၀၀၀ က်ပ္အထိ အျမင့္ဆုံးေရာက္ရွိခဲ့သည္။ ထိုေနာက္အနည္းငယ္ျပန္လည္က်ဆင္းခဲ့ျခင္းျဖစ္သည္။

ကမာၻ႔ေ႐ႊေဈးသည္ ၁၄ ႏွစ္အတြင္း အျမင့္ဆုံးျဖစ္သည့္ တစ္ ေအာင္စကို ေဒၚလာ ၂,၀၈၀ အထိ ျမင့္တက္လာျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးလည္း တက္လာေသာ္လည္း ျပည္တြင္း၌ ေဈးကြက္ပုံမွန္ ျပန္ျဖစ္လာသည္ဟု တိတ္စိန္ေ႐ႊဆိုင္ပိုင္ရွင္ ကိုေဇာ္ေအာင္ကေျပာသည္။

ကမာၻေပၚတြင္ ေဒၚလာအစား ေ႐ႊဝယ္စုသူမ်ားလာ၍ ေ႐ႊေဈးျမင့္တက္ျခင္းျဖစ္ၿပီး ျပည္တြင္း၌လည္း ထိုကဲ့သို႔ပင္ ျဖစ္သည္ဟု ဝိန႔္စိန္ေ႐ႊဆိုင္ ဒါ႐ိုက္တာ ဦးေအာင္ေကာင္းျမတ္က ေျပာၾကားသည္။

လက္ရွိ ေပါက္ေဈးသည္ ၂၀၁၉ စက္တင္ဘာ ၅ ရက္တြင္ သတ္မွတ္ခဲ့သည့္ အျမင့္ဆုံးႏႈန္း က်ပ္ ၁,၃၀၇,၀၀၀ ကို ေက်ာ္လြန္ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service