အစိုးရကအကောင်အထည်ဖော်မည့် စီမံကိန်းအသစ် ၇၁ ခုကို စီမံကိန်းဘဏ်တွင် ထုတ်ပြန်ကြေငြာ - Property News in Myanmar from iMyanmarHouse.com
4060 Views

အစိုးရကအကောင်အထည်ဖော်မည့် စီမံကိန်းအသစ် ၇၁ ခုကို စီမံကိန်းဘဏ်တွင် ထုတ်ပြန်ကြေငြာ

[Unicode]

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် စီမံကိန်း အသစ် ၇၁ ကို အစိုးရက စီမံကိန်းဘဏ်တွင် ဩဂုတ် ၆ ရက် စတင်လွင့်တင်လိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ယခင်လွင့်တင်ထားသည့် စီမံကိန်း ၅၈ ခုရှိခြင်းကြောင့် လက်ရှိတွင် အစိုးရက အကောင်အထည်ဖော်လိုသည့် စီမံကိန်း ၁၂၉ ခုရှိလာပြီဖြစ်သည်ဟု ဝန်ကြီးက ၎င်း၏ လူမူကွန်ယက်တွင်ရေးထားသည်။

“ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနဲ့ ပွင်းလင်းမြင်မှုတွေ ဆက်လက်ဖြစ်နေပါပြီ။ အခု စီမံကိန်းဘဏ်က တဆင့် စီမံကိန်း အသစ်တွေ အွန်လိုင်းက ကြည့်နိုင်ပါတော့မည်”ဟု ဝန်ကြီးက ရေးသားထားသည်။

ထိုစီမံကိန်းအသစ် ၇၁ ခုတွင် စွမ်းအင်စီမံကိန်းများ၊ လေဆိပ်အဆင့်မြှင့်တင်ရေးစီမံကိန်း၊ လမ်းတံတားများ၊ အစိုးရစက်ရုံများကို ပုဂ္ဂလိကပေးခြင်းစသည့်တို့ပါဝင်သည်။

ပြည်တွင်းရှိ အဓိကကျသည့် စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဗျူဟာကျကျ ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးမည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

ထိုသို့ ဆောင်ရွက်ရန် အစိုးရက စီမံကိန်းဘဏ် ထူထောင်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရင်းနှီးမြှုပ်နှံသူများအား နည်းပညာဖြင့် ကူညီမည်ဟု ဦးသောင်းထွန်းက ဆိုထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ခန့်မှန်း သုံးသပ်ချက်အရ ၂၀၃၀ မတိုင်မီ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံလိုအပ်ချက် ပိုမို ဖြည့်တင်းရန် ဒေါ်လာ ဘီလီယံ ၁၂၀ ကျော် လိုအပ်မည်ဖြစ်ရာ ထိုလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရေးဖြစ်သည်ဟု ဦးသောင်းထွန်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းများ က မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရာ၌ လွယ်ကူချောမွေ့ ပြီး ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည် စိတ်ချမှုများက မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု ဦးသောင်းထွန်းက ပြောသည်။

စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ နှင့် ဝန်ကြီးဌာနများက ရေးဆွဲထားသည့် စီမံကိန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။

စီမံကိန်းဘဏ်တွင် ပါဝင်သည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက် အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များ ပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစုပေါင်း ကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏများ ဖော်ပြထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရကအေကာင္အထည္ေဖာ္မည့္ စီမံကိန္းအသစ္ ၇၁ ခုကို စီမံကိန္းဘဏ္တြင္ ထုတ္ျပန္ေၾကျငာ

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ စီမံကိန္း အသစ္ ၇၁ ကို အစိုးရက စီမံကိန္းဘဏ္တြင္ ဩဂုတ္ ၆ ရက္ စတင္လြင့္တင္လိုက္ၿပီျဖစ္ေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈနွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ယခင္လြင့္တင္ထားသည့္ စီမံကိန္း ၅၈ ခု႐ွိျခင္းေၾကာင့္ လက္႐ွိတြင္ အစိုးရက အေကာင္အထည္ေဖာ္လိုသည့္ စီမံကိန္း ၁၂၉ ခု႐ွိလာၿပီျဖစ္သည္ဟု ဝန္ႀကီးက၎၏ လူမူကြန္ယက္တြင္ေရးထားသည္။

“ပိုမိုက်ယ္ျပန္႔တဲ့ ပူးေပါင္းညႇိႏိႈင္းေဆာင္႐ြက္မႈနဲ႔ ပြင္းလင္းျမင္မႈေတြ ဆက္လက္ျဖစ္ေနပါၿပီ။ အခု စီမံကိန္းဘဏ္ကတဆင့္ စီမံကိန္း အသစ္ေတြ အြန္လိုင္းက ၾကည့္ႏိုင္ပါေတာ့မည္”ဟု ဝန္ႀကီးက ေရးသားထားသည္။

ထိုစီမံကိန္းအသစ္ ၇၁ ခုတြင္ စြမ္းအင္စီမံကိန္းမ်ား၊ ေလဆိပ္အဆင့္ျမႇင့္တင္ေရးစီမံကိန္း၊ လမ္းတံတားမ်ား၊ အစိုးရစက္႐ုံမ်ားကို ပုဂၢလိကေပးျခင္းစသည့္တို႔ပါဝင္သည္။

ျပည္တြင္း႐ွိ အဓိကက်သည့္ စီမံကိန္းမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာမ်ားကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ မဟာဗ်ဴဟာက်က် ပြင့္လင္းျမင္သာစြာ ေဖာ္ထုတ္ေပးမည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မ႐ွင္ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာၾကားထားသည္။

ထိုသို႔ ေဆာင္႐ြက္ရန္ အစိုးရက စီမံကိန္းဘဏ္ ထူေထာင္၍ စီမံကိန္းဆိုင္ရာ အခ်က္အလက္မ်ားကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား နည္းပညာျဖင့္ ကူညီမည္ဟု ဦးေသာင္းထြန္းက ဆိုထားသည္။ အာ႐ွဖြံ႕ၿဖိဳးေရးဘဏ္၏ခန္႔မွန္း သုံးသပ္ခ်က္အရ ၂၀၃၀ မတိုင္မီ ျမန္မာႏိုင္ငံ၏ အေျခခံ အေဆာက္အအုံလိုအပ္ခ်က္ ပိုမို ျဖည့္တင္းရန္ ေဒၚလာ ဘီလီယံ ၁၂၀ ေက်ာ္ လိုအပ္မည္ျဖစ္ရာ ထိုလိုအပ္ခ်က္ကို ျဖည့္တင္းႏိုင္ရန္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ဖိတ္ေခၚႏိုင္ေရးျဖစ္သည္ဟု ဦးေသာင္းထြန္းက ေျပာသည္။

ထိုသို႔ ေဆာင္႐ြက္ျခင္းမ်ားက ျမန္မာႏိုင္ငံတြင္ စီးပြားေရးလုပ္ကိုင္ရာ၌ လြယ္ကူေခ်ာေမြ႕ ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ယုံၾကည္ စိတ္ခ်မႈမ်ားက ျမန္မာႏိုင္ငံ၏စီးပြားေရးတိုးတက္မႈကို ျဖစ္ေပၚေစမည္ဟု ဦးေသာင္းထြန္းက ေျပာသည္။

စီမံကိန္းဘဏ္ဆိုသည္မွာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရမ်ားႏွင့္ ဝန္ႀကီးဌာနမ်ားက ေရးဆြဲထားသည့္ စီမံကိန္းမ်ားကို စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနသို႔ အခ်က္အလက္ ေပးပို႔၍ အဆိုပါဘဏ္မ်ားတြင္ သိမ္းဆည္းထားျခင္းျဖစ္သည္။

စီမံကိန္းဘဏ္တြင္ ပါဝင္သည့္ စီမံကိန္းသည္ စီမံကိန္းအမည္၊ မဟာဗ်ဴဟာေျမာက္ အေရးပါမႈ၊ လုပ္ငန္းစီမံခ်က္၊ လ်ာထားစီမံကိန္းႏွင့္ ပတ္သက္သည့္ စာခ်ဳပ္အမ်ိဳးအစား၊ ဘ႑ာေငြရယူရန္ အရင္းအျမစ္ႏွင့္ စီမံကိန္း အက်ိဳးအျပစ္မ်ားပါဝင္ေသာ ေလ့လာဆန္းစစ္ခ်က္မ်ား၊ စီမံကိန္း အေကာင္အထည္ေဖာ္ရန္ စုစုေပါင္းကုန္က်စရိတ္ႏွင့္ အစိုးရထည့္ဝင္ရမည့္ ေငြေၾကးပမာဏမ်ား ေဖာ္ျပထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service