ဒဂုံဆိပ်ကမ်းမြေ ၁၇ ဧက တွင် ဂျပန်ကုမ္ပဏီ AEON က ဈေးဝယ်စင်တာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1309 Views

ဒဂုံဆိပ်ကမ်းမြေ ၁၇ ဧက တွင် ဂျပန်ကုမ္ပဏီ AEON က ဈေးဝယ်စင်တာ ဆောက်လုပ်မည်

[Unicode]

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေ၁၇ ဧက တွင် ဂျပန် AEON ၏ ပထမဦးဆုံးဈေးဝယ်စင်တာ AEON Mall ကို ၂၀၂၃ ၌ စတင်ဖွင့်လှစ်သွားမည်ဟု ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေငြာသည်။

AEON ကုမ္ပဏီကြီးက ဒေါ်လာသန်း ၁၈၀ ကုန်ကျမည့် ရှော့ပင်းမောကြီးကို ပြည်တွင်းရှိ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီနှင့် အတူ ပူးတွဲတည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ဖွင့်လှစ်ရန်အတွက် ဂျပန် AEON ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှာ ရွှေတောင်ကုမ္ပဏီက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပါဝင်ခြင်းဖြစ်သည်။

ပထမဦးဆုံးဈေးဝယ်စင်တာသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ရွှေလီလမ်းထောင့်ရှိ မြေဧက ၁၇ ကျော်တွင် ၅ ထပ်အဆောက်အဦးဖြင့် ဖွင့်လှစ်မည်ဟုဆိုသည်။ AEON Mall သည် မြန်မာဈေးကွက်တွင် လူနေမှုအတွေအကြုံအသစ်များ ဆောင်ကြဉ်းလာမည်ဟုဆိုသည်။ ဂျပန်အမှတ်တံဆိပ်များကို ရောင်းချသွားမည်ဟုဆိုသည်။ ယခုကဲ့သို့ AEON MALL နှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် မြန်မာပြည်ရှိ ဈေးဝယ်သူများအနေဖြင့် ဂျပန်နှင့် မြန်မာတို့၏ အကောင်းဆုံး retail concept များကို တွေ့ကြုံခံစားနိုင်မည်ဟု ဆိုသည်။

“AEON Mallရဲ့ ဂျပန်၊ တရုတ်နဲံ အာဆီယံဒေသအတွင်းမှာ ရရှိထားတဲ့ ဈေးဝယ်စင်တာလုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ မြန်မာနိုင်ငံစားသုံးသူတွေကို အဆင့်မြင့်ဈေးဝယ်ဇုန်တွေ၊ အပန်းဖြေဖျော်ဖြေရေးနေရောတွေနဲ့ ဒေသအတွင်း လူမှုအသိုင်းအဝိုင်းရဲ့ ပလက်ဖောင်းတစ်ခုကနေတဆင့် လူနေမှုပုံစံအတွေ့အကြုံအသစ်တွေကို ပေးအပ်နိုင်မယ်လို ယုံကြည်ပါတယ်”ဟု AEON Mall မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ Mitsugu Tamaiက ပြောသည်။

ရွှေတောင် အိမ်ခြံမြေလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းက ယခုပူးပေါင်းမှုသည် မြန်မာနိုင်ငံကို ဈေးဝယ်အတွေ့အကြုံအသစ်များပေးရန်ဟု ဆိုသည်။

AEON MALL သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဈေးဝယ်စင်တာကြီးကို လည်ပတ်လုပ်ကိုင်လျက်ရှိသည့်အပြင် ဂျပန်အပါအဝင် နိုင်ငံတကာတွင် AEON MALL အမည်ဖြင့် ဈေးဝယ်စင်တာပေါင်း ၁၇၂ ခုကို ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိသည်။ Junction သည် ၁၉၉၉ ခုနှစ်ကတည်းက ခေတ်မီဈေးဝယ်စင်တာကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင် မိတ်ဆက်ခဲ့ကာ ဆက်လက်၍ နိုင်ငံတွင်း ဈေးဝယ်စင်တာဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက်ရှိသည်။

မြန်မာ အစိုးရ၏ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြုပ်နှံရေး ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများဖြင့် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်နိုင်အောင် လမ်းခင်းပေးနိုင်ခဲ့ခြင်းလည်းကြောင့်လည်း ဖြစ်သည်။ မြန်မာသည် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း ၀.၅% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်မူ ၇. ၂% အထိ ပြန်လည် ဦးမော့လာမည်ဟုကမ္ဘာဘဏ်က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဒဂုံဆိပ္ကမ္းေျမ ၁၇ ဧက တြင္ ဂ်ပန္ကုမၸဏီ AEON က ေဈးဝယ္စင္တာ ေဆာက္လုပ္မည္

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္႐ွိ ေျမ၁၇ ဧက တြင္ ဂ်ပန္ AEON ၏ ပထမဦးဆုံးေဈးဝယ္စင္တာ AEON Mall ကို ၂၀၂၃ ၌ စတင္ဖြင့္လွစ္သြားမည္ဟု ဩဂုတ္ ၄ ရက္တြင္ ထုတ္ျပန္ေၾကျငာသည္။

AEON ကုမၸဏီႀကီးက ေဒၚလာသန္း ၁၈၀ ကုန္က်မည့္ ေ႐ွာ့ပင္းေမာႀကီးကို ျပည္တြင္း႐ွိ ေ႐ႊေတာင္ေဆာက္လုပ္ေရး ကုမၸဏီႏွင့္ အတူ ပူးတြဲတည္ေဆာက္သြားမည္ ျဖစ္သည္ဟု ဆိုသည္။

ထိုသို ႔ဖြင့္လွစ္ရန္အတြက္ ဂ်ပန္ AEON ကုမၸဏီက ႐ွယ္ယာ ၇၀ ရာခိုင္ႏႈန္းႏွင့္ ျပည္တြင္းမွာ ေ႐ႊေတာင္ကုမၸဏီက ႐ွယ္ယာ ၃၀ ရာခိုင္ႏႈန္းပါဝင္ျခင္းျဖစ္သည္။

ပထမဦးဆုံးေဈးဝယ္စင္တာသည္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ဧရာဝဏ္လမ္းႏွင့္ ေ႐ႊလီလမ္းေထာင့္႐ွိ ေျမဧက ၁၇ ေက်ာ္တြင္ ၅ ထပ္အေဆာက္အဦးျဖင့္ ဖြင့္လွစ္မည္ဟုဆိုသည္။ AEON Mall သည္ ျမန္မာေဈးကြက္တြင္ လူေနမႈအေတြအၾကဳံအသစ္မ်ား ေဆာင္ၾကဥ္းလာမည္ဟုဆိုသည္။ ဂ်ပန္အမွတ္တံဆိပ္မ်ားကို ေရာင္းခ်သြားမည္ဟုဆိုသည္။ ယခုကဲ့သို႔ AEON MALL ႏွင့္ ပူးေပါင္းလုပ္ကိုင္ျခင္းျဖင့္ ျမန္မာျပည္႐ွိ ေဈးဝယ္သူမ်ားအေနျဖင့္ ဂ်ပန္ႏွင့္ ျမန္မာတို႔၏ အေကာင္းဆုံး retail concept မ်ားကို ေတြ႕ၾကဳံခံစားႏိုင္မည္ဟု ဆိုသည္။

“AEON Mallရဲ႕ ဂ်ပန္၊ တ႐ုတ္နဲံ အာဆီယံေဒသအတြင္းမွာ ရ႐ွိထားတဲ့ ေဈးဝယ္စင္တာလုပ္ငန္းအေတြ႕အၾကဳံ၊ ဗဟုသုတေတြနဲ႔ ျမန္မာႏိုင္ငံစားသုံးသူေတြကို အဆင့္ျမင့္ေဈးဝယ္ဇုန္ေတြ၊ အပန္းေျဖေဖ်ာ္ေျဖေရးေနေရာေတြနဲ႔ ေဒသအတြင္း လူမႈအသိုင္းအဝိုင္းရဲ႕ ပလက္ေဖာင္းတစ္ခုကေနတဆင့္ လူေနမႈပုံစံအေတြ႕အၾကဳံအသစ္ေတြကို ေပးအပ္ႏိုင္မယ္လို ယုံၾကည္ပါတယ္”ဟု AEON Mall မန္းေနးဂ်င္းဒါ႐ိုက္တာ မစၥတာ Mitsugu Tamaiက ေျပာသည္။

ေ႐ႊေတာင္ အိမ္ျခံေျမလုပ္ငန္း၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ ေဒၚစႏၵာထြန္းက ယခုပူးေပါင္းမႈသည္ ျမန္မာႏိုင္ငံကို ေဈးဝယ္အေတြ႕အၾကဳံအသစ္မ်ားေပးရန္ဟု ဆိုသည္။

AEON MALL သည္ ဂ်ပန္ႏိုင္ငံတြင္ အႀကီးဆုံး ေဈးဝယ္စင္တာႀကီးကို လည္ပတ္လုပ္ကိုင္လ်က္႐ွိသည့္အျပင္ ဂ်ပန္အပါအဝင္ ႏိုင္ငံတကာတြင္ AEON MALL အမည္ျဖင့္ ေဈးဝယ္စင္တာေပါင္း ၁၇၂ ခုကို ပိုင္ဆိုင္လုပ္ကိုင္လ်က္႐ွိသည္။ Junction သည္ ၁၉၉၉ ခုႏွစ္ကတည္းက ေခတ္မီေဈးဝယ္စင္တာကို ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး စတင္ မိတ္ဆက္ခဲ့ကာ ဆက္လက္၍ ႏိုင္ငံတြင္း ေဈးဝယ္စင္တာဖြံ႕ၿဖိဳးေရးႏွင့္ စီမံခန္႔ခြဲေရးလုပ္ငန္းမ်ားကို ဦးေဆာင္ လုပ္ကိုင္လ်က္႐ွိသည္။

ျမန္မာ အစိုးရ၏ ၂၀၁၈ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့ေသာ ႏိုင္ငံျခား ကုမၸဏီမ်ား ရင္းႏွီးျမဳပ္ႏွံေရး ပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးမ်ားျဖင့္ ႏိုင္ငံျခားကုမၸဏီမ်ား ဝင္ေရာက္ႏိုင္ေအာင္ လမ္းခင္းေပးႏိုင္ခဲ့ျခင္းလည္းေၾကာင့္လည္း ျဖစ္သည္။ ျမန္မာသည္ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရး တိုးတက္မႈႏႈန္းသည္ ၂၀၁၉ ဘ႑ာေရး ႏွစ္အတြင္း ၀.၅% အထိ က်ဆင္းသြားမည္ျဖစ္ၿပီး ၂၀၂၀ ဘ႑ာေရးႏွစ္တြင္မူ ၇. ၂% အထိ ျပန္လည္ ဦးေမာ့လာမည္ဟုကမ႓ာဘဏ္က ခန္႔မွန္းခ်က္ ထုတ္ျပန္ခဲ့ၿပီးလည္း ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service