Local Property News | Posted by Si Thu Aung
[Unicode]
ဂျပန်ကားကုမ္ပဏီ Mitsubishi က မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်ရန် စဉ်းစားနေကြောင်း ယင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တာကာအိုကေတိုက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော ကားဈေးကွက်တွင် ရှေ့ဆက်လျှောက်လှမ်းရန် နယ်မြေသစ် ချဲ့ထွင်ရန်နှင့် အရှေ့တောင်အာရှတွင် ဂျပန်၏ကားဈေးကွက်ကို တိုးမြှင့်ရန် ကတိကဝတ်ထားရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။
Mitsubishi Motors တွင် ရှယ်ယာ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဒေသတွင်း ဈေးကွက်ကျွမ်းကျင်သည့် ကုန်သွယ်ရေးလုပ်ငန်းစု ဖြစ်သော Mitsubishi ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ကေတိုက ပြောကြားသည်ဟု ဩဂုတ် ၄ ရက်က Nikkei Asian Review သတင်းဌာနတွင် ဖော်ပြထားသည်။ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့်ကာလကို မဆုံးဖြတ်ရသေးကြောင်း ၎င်းကဆိုသည်။
Mitsubishi Motors ကုမ္ပဏီအနေနှင့် လွန်ခဲ့သောလက ထုတ်ပြန်ခဲ့သော အရှေ့တောင်အာရှအဖွဲ့ဝင် ဆယ်နိုင်ငံ၏ ကာလအလတ်အစီအစဉ်အစား ပိုမိုကျယ်ပြန့်စွာ အာရုံစိုက်သွားပြီး ဈေးကွက်အနေအထားပြောင်းရန်စီစဉ်ခဲ့သည်။
ထို့ကြောင့် ကုမ္ပဏီအနေနှင့် ၎င်းတို့၏ ရောင်းအားပမာဏ လေးပုံတစ်ပုံခန့် ရရှိမည့် ဒေသတွင်းအရင်းအမြစ်များကို ရှာဖွေလိမ့်မည်ဖြစ်သည်။
လက်ရှိတွင် Mitsubishi သည် မြန်မာနိုင်ငံ၌ တစ်ဆင့်ခံ ရောင်းချသူနှင့်သာ ချိတ်ဆက်၍ Mitsubishi ASX 2020 ၊ Pajero Sport နှင့် Xpander မော်တော်ယာဉ်များ ဖြန့်ဖြူးရောင်းချနေသည်။
၎င်း၏ ပြည်တွင်းပြိုင်ဘက်များဖြစ်သော Suzuki မော်တော်ယာဉ်ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံ၌ အလုံးစုံတပ်ဆင် ထုတ်လုပ်နိုင်သော စနစ်ဖြင့် မော်တော်ကားများ ရောင်းချနေပြီး Toyota ကလည်း ၂၀၂၁ ခုနှစ်တွင် သီလဝါစက်မှုဇုန်၌ မော်တော်ယာဉ် စတင်ထုတ်လုပ်ပြီး မြန်မာမော်တော်ယာဉ် စျေးကွက်သို့ ဝင်ရောက်မည်ဟု ကြေညာထားသည်။
‘‘တကယ်ဝင်လာမယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမဲ့ သူ့ ပြိုင်ဘက်ဖြစ်တဲ့ Toyota တို့၊ Suzuki တို့ ဝင်ထားလို့သာ သူလည်းဝင်ဖို့ရှိတယ်ပြောတာမျိုးလို့ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားမူဝါဒနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ က မတည်ငြိမ်သေးတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကိုလည်း သူတို့လည်း သိမှာပဲလေ’’ ဟု မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စွာထူးမြင့်က ပြောသည်။
Mitsubishi ကုမ္ပဏီသည် လက်ရှိတွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့တွင် ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုစီရှိထားပြီးဖြစ်သည်။ ထို့အပြင် ဗီယက်နမ်တွင် ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံ ထပ်မံတည်ဆောက်ရန်စဉ်းစားနေကာ မြန်မာနိုင်ငံတွင်လည်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဂ်ပန္ Mitsubishiက ျမန္မာႏိုင္ငံတြင္ ကားထုတ္လုပ္ရန္ စိတ္ဝင္စားေန
ဂ်ပန္ကားကုမၸဏီ Mitsubishi က ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ရန္ စဥ္းစားေနေၾကာင္း ယင္းကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ တာကာအိုေကတိုက ေျပာသည္။
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့ရေသာ ကားေဈးကြက္တြင္ ေရွ႕ဆက္ေလွ်ာက္လွမ္းရန္ နယ္ေျမသစ္ ခ်ဲ႕ထြင္ရန္ႏွင့္ အေရွ႕ေတာင္အာရွတြင္ ဂ်ပန္၏ကားေဈးကြက္ကို တိုးျမႇင့္ရန္ ကတိကဝတ္ထားရွိျခင္းတို႔ေၾကာင့္ျဖစ္သည္ဟု ၎ကဆိုသည္။
Mitsubishi Motors တြင္ ရွယ္ယာ၂၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ၿပီး ေဒသတြင္း ေဈးကြက္ကြၽမ္းက်င္သည့္ ကုန္သြယ္ေရးလုပ္ငန္းစု ျဖစ္ေသာ Mitsubishi ေကာ္ပိုေရးရွင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ရည္မွန္းထားေၾကာင္း ေကတိုက ေျပာၾကားသည္ဟု ဩဂုတ္ ၄ ရက္က Nikkei Asian Review သတင္းဌာနတြင္ ေဖာ္ျပထားသည္။ လုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ တည္ေဆာက္မည့္ကာလကို မဆုံးျဖတ္ရေသးေၾကာင္း ၎ကဆိုသည္။
Mitsubishi Motors ကုမၸဏီအေနႏွင့္ လြန္ခဲ့ေသာလက ထုတ္ျပန္ခဲ့ေသာ အေရွ႕ေတာင္အာရွအဖြဲ႕ဝင္ ဆယ္ႏိုင္ငံ၏ ကာလအလတ္အစီအစဥ္အစား ပိုမိုက်ယ္ျပန႔္စြာ အာ႐ုံစိုက္သြားၿပီး ေဈးကြက္အေနအထားေျပာင္းရန္စီစဥ္ခဲ့သည္။
ထို႔ေၾကာင့္ ကုမၸဏီအေနႏွင့္ ၎တို႔၏ ေရာင္းအားပမာဏ ေလးပုံတစ္ပုံခန႔္ ရရွိမည့္ ေဒသတြင္းအရင္းအျမစ္မ်ားကို ရွာေဖြလိမ့္မည္ျဖစ္သည္။
လက္ရွိတြင္ Mitsubishi သည္ ျမန္မာႏိုင္ငံ၌ တစ္ဆင့္ခံ ေရာင္းခ်သူႏွင့္သာ ခ်ိတ္ဆက္၍ Mitsubishi ASX 2020 ၊ Pajero Sport ႏွင့္ Xpander ေမာ္ေတာ္ယာဥ္မ်ား ျဖန႔္ျဖဴးေရာင္းခ်ေနသည္။
၎၏ ျပည္တြင္းၿပိဳင္ဘက္မ်ားျဖစ္ေသာ Suzuki ေမာ္ေတာ္ယာဥ္ကုမၸဏီသည္ ၂၀၁၈ ခုႏွစ္ ကတည္းက ျမန္မာႏိုင္ငံ၌ အလုံးစုံတပ္ဆင္ ထုတ္လုပ္ႏိုင္ေသာ စနစ္ျဖင့္ ေမာ္ေတာ္ကားမ်ား ေရာင္းခ်ေနၿပီး Toyota ကလည္း ၂၀၂၁ ခုႏွစ္တြင္ သီလဝါစက္မႈဇုန္၌ ေမာ္ေတာ္ယာဥ္ စတင္ထုတ္လုပ္ၿပီး ျမန္မာေမာ္ေတာ္ယာဥ္ ေစ်းကြက္သို႔ ဝင္ေရာက္မည္ဟု ေၾကညာထားသည္။
‘‘တကယ္ဝင္လာမယ္ဆိုရင္ေတာ့ ႀကိဳဆိုရမယ္။ ဒါေပမဲ့ သူ႔ ၿပိဳင္ဘက္ျဖစ္တဲ့ Toyota တို႔၊ Suzuki တို႔ ဝင္ထားလို႔သာ သူလည္းဝင္ဖို႔ရွိတယ္ေျပာတာမ်ိဳးလို႔ သုံးသပ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကားမူဝါဒနဲ႔ပတ္သက္တဲ့ ဥပေဒေတြ၊ နည္းဥပေဒေတြ က မတည္ၿငိမ္ေသးတဲ့ ျမန္မာႏိုင္ငံရဲ႕အေျခအေနကိုလည္း သူတို႔လည္း သိမွာပဲေလ’’ ဟု ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ ျဖန႔္ျဖဴးေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉး ဦးေက်ာ္စြာထူးျမင့္က ေျပာသည္။
Mitsubishi ကုမၸဏီသည္ လက္ရွိတြင္ ဗီယက္နမ္၊ ထိုင္း၊ အင္ဒိုနီးရွားႏွင့္ ဖိလစ္ပိုင္ႏိုင္ငံ တို႔တြင္ ကားထုတ္လုပ္ေရးလုပ္ငန္းတစ္ခုစီရွိထားၿပီးျဖစ္သည္။ ထို႔အျပင္ ဗီယက္နမ္တြင္ ကားထုတ္လုပ္ေရးစက္႐ုံတစ္႐ုံ ထပ္မံတည္ေဆာက္ရန္စဥ္းစားေနကာ ျမန္မာႏိုင္ငံတြင္လည္း တည္ေဆာက္ရန္ စီစဥ္ေနျခင္းျဖစ္သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com