ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး - Property News in Myanmar from iMyanmarHouse.com
1091 Views

ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး

[Unicode]

ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။

တနင်္သာရီတံတားမှာ မြိတ်-တနင်္သာရီ - ဘုတ်ပြင်း-ကော့သောင်း လမ်းမကြီးပေါ်တွင် တည်ရှိပြီး ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်မှ မြိတ်မြို့သို့ ကုန်စည်နှင့် ခရီးသွားလာရေးအတွက် အလွန်အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတံတား ကို တည်ဆောက်ရေးအဖွဲ့(၄)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၁၀ ဦးကျော်နှင့် ကာယဉာဏလုပ်သားအင်အား ၃၀၀ ကျော် တို့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၁၄၄၄ ပေရှိပြီး နှစ်လမ်းသွားတံတား ဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေနှင့်လူသွားလမ်းအကျယ် တစ်ဖက်လျှင် လေးပေစီပါဝင်၍ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေနှင့် အမြင့် ၃၃ ပေရှိပြီး တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း အဆိုပါသတင်းမှသိရသည်။

တနင်္သာရီတံတားသစ်၏ဘေးတွင် နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည့် ဘေလီတံတားဟောင်းရှိပြီး ကန့်သတ်ကုန်တင်အလေးချိန် ၁၈ တန်အထိသာဖြတ်သန်းမောင်းနှင်ကြရကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service