တိုင်းလေးတိုင်းတွင် ဒေါ်လာ (၁၄) သန်းဖိုး ရင်းနှီးမြှုပ်နှံမှု ဇူလိုင်လကုန်ပိုင်းတွင် ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
1331 Views

တိုင်းလေးတိုင်းတွင် ဒေါ်လာ (၁၄) သန်းဖိုး ရင်းနှီးမြှုပ်နှံမှု ဇူလိုင်လကုန်ပိုင်းတွင် ဝင်ရောက်

[Unicode]

တိုင်းဒေသကြီးလေးခုတွင် ရင်းနှီးမြှုပ်နှံမှု ၁၀ ခု ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၄ သန်းခန့်နှင့် ကျပ်လေးဘီယံကျော်ဖိုးရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေအရ ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီး၊ပြည်နယ် ရင်းနှီးမြှပ်နှံမှုကော်မတီကခွင့်ပြုပေးရခြင်းဖြစ်သည်။ ယခုခွင့်ပြုသည် ထိုလုပ်ငန်းများကို ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့်အဝတ်အထည်များချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး စုစုပေါင်း တန် ဖိုး ဒေါ်လာ ငါးသန်းခန့်နှင့် ကျပ် ၃ ဒသမ ၂ ဘီလီယံဖိုးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုကို အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ လုပ်ငန်းနှစ်ခုကို ခွင့်ပြုပေးသည်။ ထိုလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်နှင့် ကျပ် ၁ ဒသမ ၅ ဘီလီယံဖိုးဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ဇူလိုင် ၂၉ ရက်တွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုကို ထုတ်ပြန်ခဲ့ပြီး ထိုလုပ်ငန်းများသည် ဒေါ်လာ ၈ သန်းနှင့် ကျပ် သန်း ၆၈၀ ကျော်ဖိုးရှိသည်။ လက်ရှိလည်ပတ်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုက ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခဲ့ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံဖိုး ဝင်ရောက်ထားသည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသည် ကျပ်ဘီလီယံ ၁,၁၆၀ ကျော်အထိ ဝင်ရောက်ထားပြီး လုပ်ငန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ၅၁ ခုရှိပြီး လျှပ်စစ်ကဏ္ဍတွင်အများဆုံးဖြစ်ကာ ဒုတိယ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ တတိယမှ ကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုင္းေလးတိုင္းတြင္ ေဒၚလာ (၁၄) သန္းဖိုး ရင္းႏွီးျမႇဳပ္ႏွံမႈ ဇူလိုင္လကုန္ပိုင္းတြင္ ဝင္ေရာက္

 

တိုင္းေဒသႀကီးေလးခုတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၁၀ ခု ခြင့္ျပဳေပးခဲ့ၿပီး စုစုေပါင္း ေဒၚလာ ၁၄ သန္းခန္႔ႏွင့္ က်ပ္ေလးဘီယံေက်ာ္ဖိုး႐ွိေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနက ဇူလိုင္ ၃၀ ရက္တြင္ ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံဥပေဒအရ ေဒၚလာ ၅ သန္းေအာက္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို တိုင္းေဒသႀကီး၊ျပည္နယ္ ရင္းႏွီးျမႇပ္ႏွံမႈေကာ္မတီကခြင့္ျပဳေပးရျခင္းျဖစ္သည္။ ယခုခြင့္ျပဳသည္ ထိုလုပ္ငန္းမ်ားကို ဧရာဝတီတိုင္း၊ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္းႏွင့္ ပဲခူးတိုင္းတို႔တြင္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ဧရာဝတီတိုင္းတြင္ ခြင့္ျပဳခဲ့သည့္ လုပ္ငန္းမ်ားမွာ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္း၊ Mini Housing Project လုပ္ငန္းႏွင့္ CMP စနစ္ျဖင့္အဝတ္အထည္မ်ားခ်ဳပ္လုပ္ျခင္းလုပ္ငန္းတို႔ျဖစ္ၿပီး စုစုေပါင္း တန္ဖိုး ေဒၚလာ ငါးသန္းခန္႔ႏွင့္ က်ပ္ ၃ ဒသမ ၂ ဘီလီယံဖိုးျဖစ္သည္။

စစ္ကိုင္းတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ႏွစ္ခုကို အတည္ျပဳမိန္႔ထုတ္ေပးခဲ့ၿပီး အေသးစိတ္ကို ထုတ္ျပန္ျခင္းမ႐ွိေပ။ တနသၤာရီတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္းက႑မွ လုပ္ငန္းႏွစ္ခုကို ခြင့္ျပဳေပးသည္။ ထိုလုပ္ငန္းမ်ားသည္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ႐ွစ္သိန္းေက်ာ္ႏွင့္ က်ပ္ ၁ ဒသမ ၅ ဘီလီယံဖိုးျဖစ္သည္။

ပဲခူးတိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ဇူလိုင္ ၂၉ ရက္တြင္ ရာႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသုံးခုကို ထုတ္ျပန္ခဲ့ၿပီး ထိုလုပ္ငန္းမ်ားသည္ ေဒၚလာ ၈ သန္းႏွင့္ က်ပ္ သန္း ၆၈၀ ေက်ာ္ဖိုး႐ွိသည္။ လက္႐ွိ လည္ပတ္ေနေသာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ငါးခုက ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ တိုးျမႇင့္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၉-၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ဇူလိုင္ ၁၉ ရက္အထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၆ ဘီလီယံဖိုး ဝင္ေရာက္ထားသည္။ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈသည္ က်ပ္ဘီလီယံ ၁,၁၆၀ ေက်ာ္အထိ ဝင္ေရာက္ထားၿပီး လုပ္ငန္း ၁၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။

၂၀၂၀ ျပည့္ႏွစ္ ဇြန္လကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္သည္။ လက္႐ွိတြင္ ျမန္မာႏိုင္ငံ၌ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ ၅၁ ခု႐ွိျပီး လွ်ပ္စစ္က႑တြင္အမ်ားဆံုးျဖစ္ကာ ဒုတိယ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑၊ တတိယမွ ကုန္ထုတ္လုပ္မႈက႑ ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service