ရန်ကုန်မြို့ပြဖွံဖြိုးရေးစီမံကိန်းအပါအဝင် စီမံကိန်းနှစ်ခုအတွက် ADB ထံမှာ ချေးငွေ ဒေါ်လာ သန်း ၃၅၀ ကျော်ယူမည် - Property News in Myanmar from iMyanmarHouse.com
948 Views

ရန်ကုန်မြို့ပြဖွံဖြိုးရေးစီမံကိန်းအပါအဝင် စီမံကိန်းနှစ်ခုအတွက် ADB ထံမှာ ချေးငွေ ဒေါ်လာ သန်း ၃၅၀ ကျော်ယူမည်

[Unicode]

ရန်ကုန်မြို့ပြ ဖွံဖြိုးရေး စီမံကိန်းနှင့်ကျေးလက်မီးလင်းရေး စီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိ ကန်ဒေါ်လာ ၃၅၀ သန်း ကျော် ချေးယူရန် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက် က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုစီမံကိန်းနှစ်ခု ရန်ကုန်မြို့ပြရေပေးဝေရေးနှင့် ကျေးလက်ဒေသလျှပ်စစ်မီးရရှိမူ မြှင့်တင်ရေးစီမံကိန်းများ အတွက်ဖြစ်ပြီး ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်းအတွက်ဒေါ်လာ သန်း ၁၈၀နှင့် ကျေးလက် လျှပ်စစ်မီးစီမံကိန်းအတွက် ဒေါ်လာ ၁၇၀သန်းကျော်တို့ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငမိုးရိပ်ဆည်မှ ရေကို မြေသားရေခေါ်တူးမြောင်းဖြင့် ရယူနေသည့် အစား ရေပိုက် လိုင်းဖြင့် အစားထိုးရယူဆောင် ရွက်ရန် ရန်ကုန်မြို့တော် ရေဖူလုံ ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၁၈ဝ ချေးယူရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းရှိ မြို့နယ်များသို့ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင် ကန်များအပါအဝင် အဝီစိတွင်းများစသည့် ရေအရင်းမြစ်များမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေး ဝေလျက်ရှိပြီး ယင်းထဲမှ ၉၀ ရာခိုင်နှုန်းကို မြေပေါ်ရေမှ ရရှိပြီး ကျန်သည့် ၁၀ ရာခိုင်နှုန်းကို မြေ အောက်ရေမှ ထုတ်ယူသုံးစွဲလျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

‘‘၂၀၂၅ ခုနှစ်တွင် မြေ အောက်ရေ ထုတ်ယူသုံးစွဲမှု ရပ်တန့်ဖို့ လျာထားဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်သို့ ရေအပြည့်အဝပေးဝေရန် အခက်အခဲများဖြစ်ပေါ်ခြင်း၊ နေ့စဉ်သောက်သုံးရေပေးဝေခြင်း ပြတ်တောက်မှု မရှိစေရန် ဦးစားပေးရခြင်းကြောင့် ရေပေးမြောင်းမကြီး ပြုပြင်ထိန်း သိမ်းမှုပြုလုပ်ရန် အခက်အခဲရှိ ခြင်းတို့ကြောင့် ရေပိုက်လိုင်းဖြင့် ရေသွယ်ယူခြင်းစနစ်သို့ မဖြစ်မ နေ ပြောင်းလဲဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ၎င်းက ပြောသည်။

ယင်းစီမံကိန်းကို လှည်းကူး မြို့နယ်တွင် ဆောင်ရွက်မည်ဖြစ် ပြီး စီမံကိန်းကာမှာ ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ငါးနှစ်ဖြစ်ပြီး ငမိုးရိပ်ဆည်တွင် တစ်ရက်လျှင် ရေဂါလန် ၁၈၀ သန်း ရယူနိုင် မည့် ရေယူအဆောက်အအုံသစ် တစ်ခု တည်ဆောက်ခြင်း၊ ရေယူ ဥမင်လိုဏ်တစ်ခု တည်ဆောက် ခြင်း၊ ရေတွန်းစက်ရုံနှင့် ဓာတ် အားခွဲရုံတစ်ခု တည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မတ်လ ၃၀ ရက်အထိ ကြွေးမြီလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိရှိသည်။

ကျေးလက်ဒေသ လျှပ်စစ် ဓာတ်အားရရှိမှုမြှင့်တင်ရေး စီမံကိန်းတွင် ဆောင်ရွက်မည့်လုပ် ငန်းစဉ်များသည် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ မကွေးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့တွင် ၆၆ ကေဗီဓာတ်အားလိုင်း၊ ၃၃ ကေဗီ ဓာတ်အားလိုင်း၊ ၆၆ ကေဗီ ခွဲရုံ ၃၆ ရုံ၊ ၃၃ကေဗီခွဲရုံ ရှစ်ရုံ တည် ဆောက်ရန်တို့ပါဝင်ပြီး ယင်းမြို့ များရှိ အိမ်ထောင်စုပေါင်း လေး သိန်းကျော်အတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနိုင်မည်ဖြစ် ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင် ငံလုံးဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အထောက်အကူပြုသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးဆိုင်ရာစီမံကိန်းများ အချိန်မီ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ခုနစ်နှစ် ဖြစ်ပြီး Feasibility Study ဆောင် ရွက်ခဲ့သည့် ကာလမှ ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီမှ ဇွန်လအထိ ဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ချေးငွေနှစ်ခုစလုံးမှာ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေး ငွေဆိုင်ရာ စည်းကမ်းချက်များအရ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ ပြန် ဆပ်ကာလ ၂၄ နှစ်၊ စုစုပေါင်း ၃၂ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ် နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း ၁ ဒသမ သုည ဖြစ်ပြီး ပြန်ဆပ်ကာ လအတွင်း ၁ ဒသမ ၅ ဖြစ်၍ သက်သာသော ချေးငွေအမျိုးအ စားတွင်ပါဝင်ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕ျပဖြံၿဖိဳးေရးစီမံကိန္းအပါအဝင္ စီမံကိန္းႏွစ္ခုအတြက္ ADB ထံမွာ ေခ်းေငြ ေဒၚလာ သန္း ၃၅၀ ေက်ာ္ယူမည္

ရန္ကုန္ၿမိဳ႕ျပ ဖြံၿဖိဳးေရး စီမံကိန္းႏွင့္ေက်းလက္မီးလင္းေရး စီမံကိန္းမ်ားအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ထံမွ အေမရိ ကန္ေဒၚလာ ၃၅၀ သန္း ေက်ာ္ ေခ်းယူရန္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မူဝန္ႀကီးဌာနက ဇူလိုင္ ၁၆ ရက္ က ျပဳလုပ္သည့္ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

ထိုစီမံကိန္းႏွစ္ခု ရန္ကုန္ၿမိဳ႕ျပေရေပးေဝေရးႏွင့္ ေက်းလက္ေဒသလွ်ပ္စစ္မီးရရွိမူ ျမႇင့္တင္ေရးစီမံကိန္းမ်ား အတြက္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ေရဖူလုံေရးစီမံကိန္းအတြက္ေဒၚလာ သန္း ၁၈၀ႏွင့္ ေက်းလက္ လွ်ပ္စစ္မီးစီမံကိန္းအတြက္ ေဒၚလာ ၁၇၀သန္းေက်ာ္တို႔ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ ငမိုးရိပ္ဆည္မွ ေရကို ေျမသားေရေခၚတူးေျမာင္းျဖင့္ ရယူေနသည့္ အစား ေရပိုက္ လိုင္းျဖင့္ အစားထိုးရယူေဆာင္ ႐ြက္ရန္ ရန္ကုန္ၿမိဳ႕ေတာ္ ေရဖူလုံ ေရးစီမံကိန္းအတြက္ အေမရိကန္ ေဒၚလာ သန္း ၁၈ဝ ေခ်းယူရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီသည္ ရန္ကုန္တိုင္း နယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္မ်ားသို႔ ေလွာ္ကား၊ ဖူးႀကီး၊ ဂ်ိဳးျဖဴ၊ ငမိုးရိပ္ ေရေလွာင္ ကန္မ်ားအပါအဝင္ အဝီစိတြင္းမ်ားစသည့္ ေရအရင္းျမစ္မ်ားမွ ေန႔စဥ္ ေရဂါလန္ ၂၀၅ သန္း ေပး ေဝလ်က္ရွိၿပီး ယင္းထဲမွ ၉၀ ရာခိုင္ႏႈန္းကို ေျမေပၚေရမွ ရရွိၿပီး က်န္သည့္ ၁၀ ရာခိုင္ႏႈန္းကို ေျမ ေအာက္ေရမွ ထုတ္ယူသုံးစြဲလ်က္ ရွိေၾကာင္း ၎ကရွင္းျပသည္။

‘‘၂၀၂၅ ခုႏွစ္တြင္ ေျမ ေအာက္ေရ ထုတ္ယူသုံးစြဲမႈ ရပ္တန႔္ဖို႔ လ်ာထားေဆာင္႐ြက္မွာ ျဖစ္ပါတယ္’’ ဟု ဦးေမာင္ေမာင္ဝင္းက ဆိုသည္။

ရန္ကုန္ၿမိဳ႕ေတာ္သို႔ ေရအျပည့္အဝေပးေဝရန္ အခက္အခဲမ်ားျဖစ္ေပၚျခင္း၊ ေန႔စဥ္ေသာက္သုံးေရေပးေဝျခင္း ျပတ္ေတာက္မႈ မရွိေစရန္ ဦးစားေပးရျခင္းေၾကာင့္ ေရေပးေျမာင္းမႀကီး ျပဳျပင္ထိန္း သိမ္းမႈျပဳလုပ္ရန္ အခက္အခဲရွိ ျခင္းတို႔ေၾကာင့္ ေရပိုက္လိုင္းျဖင့္ ေရသြယ္ယူျခင္းစနစ္သို႔ မျဖစ္မ ေန ေျပာင္းလဲေဆာင္႐ြက္ရန္ အေရးတႀကီး လိုအပ္ေနေၾကာင္း ၎က ေျပာသည္။

ယင္းစီမံကိန္းကို လွည္းကူး ၿမိဳ႕နယ္တြင္ ေဆာင္႐ြက္မည္ျဖစ္ ၿပီး စီမံကိန္းကာမွာ ၂၀၂၀ ျပည့္ ႏွစ္ ဒီဇင္ဘာလမွ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလအထိ ငါးႏွစ္ျဖစ္ၿပီး ငမိုးရိပ္ဆည္တြင္ တစ္ရက္လွ်င္ ေရဂါလန္ ၁၈၀ သန္း ရယူႏိုင္ မည့္ ေရယူအေဆာက္အအုံသစ္ တစ္ခု တည္ေဆာက္ျခင္း၊ ေရယူ ဥမင္လိုဏ္တစ္ခု တည္ေဆာက္ ျခင္း၊ ေရတြန္းစက္႐ုံႏွင့္ ဓာတ္ အားခြဲ႐ုံတစ္ခု တည္ေဆာက္ျခင္း စသည့္ လုပ္ငန္းစဥ္မ်ား ပါဝင္ေၾကာင္း ဒုဝန္ႀကီးက ရွင္းျပသည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ မတ္လ ၃၀ ရက္အထိ ေႂကြးၿမီလက္က်န္မွာ အေမရိကန္ေဒၚလာ ၁၁၈ သန္းအထိရွိသည္။

ေက်းလက္ေဒသ လွ်ပ္စစ္ ဓာတ္အားရရွိမႈျမႇင့္တင္ေရး စီမံကိန္းတြင္ ေဆာင္႐ြက္မည့္လုပ္ ငန္းစဥ္မ်ားသည္ ဧရာဝတီတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး (အေရွ႕)၊ မေကြးတိုင္းေဒသႀကီး ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ၆၆ ေကဗီဓာတ္အားလိုင္း၊ ၃၃ ေကဗီ ဓာတ္အားလိုင္း၊ ၆၆ ေကဗီ ခြဲ႐ုံ ၃၆ ႐ုံ၊ ၃၃ေကဗီခြဲ႐ုံ ရွစ္႐ုံ တည္ ေဆာက္ရန္တို႔ပါဝင္ၿပီး ယင္းၿမိဳ႕ မ်ားရွိ အိမ္ေထာင္စုေပါင္း ေလး သိန္းေက်ာ္အတြက္ လွ်ပ္စစ္ ဓာတ္အား ျဖန႔္ျဖဴးႏိုင္မည္ျဖစ္ ေၾကာင္း ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ ငံလုံးဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ေရးအတြက္ အေထာက္အကူျပဳသည့္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴး ေရးဆိုင္ရာစီမံကိန္းမ်ား အခ်ိန္မီ အေကာင္အထည္ေဖာ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာသည္။ စီမံကိန္းကာလမွာ ၂၀၂၁ ခုႏွစ္မွ ၂၀၂၇ ခုႏွစ္အထိ ခုနစ္ႏွစ္ ျဖစ္ၿပီး Feasibility Study ေဆာင္ ႐ြက္ခဲ့သည့္ ကာလမွ ၂၀၂၀ ျပည့္ ႏွစ္ ဇန္နဝါရီမွ ဇြန္လအထိ ေဆာင္႐ြက္ခဲ့ေၾကာင္း ဒုဝန္ႀကီးက ဆိုသည္။

ေခ်းေငြႏွစ္ခုစလုံးမွာ အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ၏ ေခ်း ေငြဆိုင္ရာ စည္းကမ္းခ်က္မ်ားအရ ဆိုင္းငံ့ကာလ ရွစ္ႏွစ္၊ ျပန္ ဆပ္ကာလ ၂၄ ႏွစ္၊ စုစုေပါင္း ၃၂ ႏွစ္ျဖစ္ၿပီး အတိုးႏႈန္းမွာ တစ္ ႏွစ္လွ်င္ ဆိုင္းငံ့ကာလအတြင္း ၁ ဒသမ သုည ျဖစ္ၿပီး ျပန္ဆပ္ကာ လအတြင္း ၁ ဒသမ ၅ ျဖစ္၍ သက္သာေသာ ေခ်းေငြအမ်ိဳးအ စားတြင္ပါဝင္ေၾကာင္း ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service