မြိတ်မြို့နယ်အတွင်း မြေဧက ၅၅၀၀ တွင် ကျောက်ဖြာမြို့သစ်ပြန်လည်စတင်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
853 Views

မြိတ်မြို့နယ်အတွင်း မြေဧက ၅၅၀၀ တွင် ကျောက်ဖြာမြို့သစ်ပြန်လည်စတင်ရန် စီစဉ်

[Unicode]

မြိတ်မြို့နယ် ၊ ကျောက်ဖြာကျေးရွာအုပ်စုရှိ မြေဧက ၅၅၀၀ကျော်တွင် ကျောက်ဖြာမြို့သစ်ဖော်ဆောင်ရန် အစိုးရက ပြန်လည်စီစဉ်နေပြီး ဧက ၁၂၀ခန့်ကို မြေယာလျှော်ကြေးပေးခဲ့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုစီမံကိန်းပြန်လည်စတင်နိုင်ငံရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇူလိုင်၂၉ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်ဟု တိုင်းအစိုးရ သတင်းထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းကို ကျောက်ဖျာကျေးရွာအုပ်စု၌ ၂၀၁၀ တွင် စတင်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရ ဇူလိုင် ၂၆ ရက်တွင် မြေယာလျှော်ကြေးပေးခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာများအနက် အသုံးပြုရန်မရှိသည့် ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာများကိုပြန်စွန့်လွှတ်မည်ဖြစ်ဟုဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ထုံး၊ လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ပြန်လည်စွန့်လွှတ်နိုင်ရေး လယ်ယာမြေနှင့်အခြားများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဟု တိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်က စီမံကိန်း၏ မြေဧရိယာ ၅၅၀၀ အနက် အုပ်ချုပ်မှူဇုန် မြေဧရိယာ ၁၂၀ ခန့်တွင် ပါဝင်သည့် တောင်သူများကို တစ်ဧက ကျပ် သိန်း၉၀ ပေးခဲ့သည်။ ထိုလျှော်ကြေးသည် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးငွေ ပေးအပ်ခြင်းဖြစ်သည်။

စီမံကိန်းဧရိယာ ၅၆၀၀ ဧက၌ ဧက ၁၂၀ ကျော်ကိုသာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်အချို့က လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ ကျန်သည့်ဧက ၅၄၀၀ ကျော်မှာ မည်သည့်စီမံကိန်းမှ လုပ်ဆောင်ခြင်းမရှိပေ။

ထိုစီမံကိန်းအတွက် ကျောက်ဖျာကျေးရွာအုပ်စုတွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေဧက စုစုပေါင်း ၅၅၀၀ ကို ၂၀၀၄ ခုနှစ်က သိမ်းဆည်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျောက်ဖျာကျေးရွာအုပ်စုအတွင်း ကွင်း ၉ ကွင်းရှိပြီး လယ်ယာ၊ ဓနိတော နှင့်ဥယျာဉ်ခြံမြေ အသိမ်းဆည်းခံရသည့် တောင်သူစုစုပေါင်း ၈၁၃ ဦးရှိကြောင်း မြိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သိမ်းဆည်းထားသည့် မြေပြန်လည် ရရှိရေးအတွက် ဒေသခံ ၃၀၀ ခန့်က ၂၀၁၆ ခုနှစ်တွင် ဆန္ဒပြတောင်းဆိုခဲ့ဖူးသည်။၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် က ပြုလုပ်သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ တွင် တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းယူထားသည့်မြေများအား ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ခဲ့ရာ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြန်လည် ဖြေဆိုခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ၿမိတ္ၿမိဳ႕နယ္အတြင္း ေျမဧက ၅၅၀၀ တြင္ ေက်ာက္ျဖာၿမိဳ႕သစ္ျပန္လည္စတင္ရန္ စီစဥ္

 

ၿမိတ္ၿမိဳ႕နယ္ ၊ေက်ာက္ျဖာေက်း႐ြာအုပ္စု႐ွိ ေျမဧက ၅၅၀၀ေက်ာ္တြင္ ေက်ာက္ျဖာျမိဳ႕သစ္ေဖာ္ေဆာင္ရန္ အစိုးရက ျပန္လည္စီစဥ္ေနၿပီး ဧက ၁၂၀ ခန္႔ကို ေျမယာေလွ်ာ္ေၾကးေပးခဲ့ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ထိုစီမံကိန္းျပန္လည္စတင္ႏိုင္ငံေရးအတြက္ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ဇူလိုင္၂၉ ရက္တြင္ သြားေရာက္ၾကည့္႐ႈခဲ့သည္ဟု တိုင္းအစိုးရ သတင္းထုတ္ျပန္သည္။

အဆိုပါ စီမံကိန္းကို ေက်ာက္ဖ်ာေက်း႐ြာအုပ္စု၌ ၂၀၁၀ တြင္ စတင္ေဆာင္႐ြက္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ၿပီး လက္႐ွိအစိုးရ ဇူလိုင္ ၂၆ ရက္တြင္ ေျမယာေလွ်ာ္ေၾကးေပးခဲ့ျခင္းျဖစ္သည္။

တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ က တိုင္းေဒသႀကီးအစိုးရအဖြဲ႕သည္ ေက်ာက္ဖ်ာၿမိဳ႕သစ္စီမံကိန္းဧရိယာမ်ားအနက္ အသုံးျပဳရန္မ႐ွိသည့္ ျပန္လည္စြန္႔လႊတ္မည့္ ေျမဧရိယာမ်ားကိုျပန္စြန္႔လႊတ္မည္ျဖစ္ဟုဆိုသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ လုပ္ထုံး၊ လုပ္နည္း ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ျပန္လည္စြန္႔လႊတ္ႏိုင္ေရး လယ္ယာေျမႏွင့္အျခားမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟိုေကာ္မတီ၏ မူဝါဒလုပ္ငန္းစဥ္မ်ားႏွင့္အညီ မူလေတာင္သူမ်ားထံသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္သြားမည္ဟု တိုင္းအစိုးရက သတင္းထုတ္ျပန္ထားသည္။

ဝန္ႀကီးခ်ဳပ္က စီမံကိန္း၏ ေျမဧရိယာ ၅၅၀၀ အနက္ အုပ္ခ်ဳပ္မႉဇုန္ ေျမဧရိယာ ၁၂၀ ခန္႔တြင္ ပါဝင္သည့္ ေတာင္သူမ်ားကို တစ္ဧက က်ပ္ သိန္း၉၀ ေပးခဲ့သည္။ ထိုေလွ်ာ္ေၾကးသည္ ေျမေလ်ာ္ေၾကးႏွင့္ သီးႏွံနစ္နာေၾကးေငြ ေပးအပ္ျခင္းျဖစ္သည္။

စီမံကိန္းဧရိယာ ၅၆၀၀ ဧက၌ ဧက ၁၂၀ ေက်ာ္ကိုသာ ကုမၸဏီမ်ားႏွင့္ လုပ္ငန္း႐ွင္အခ်ိဳ႕က လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားသည္။ က်န္သည့္ဧက ၅၄၀၀ ေက်ာ္မွာ မည္သည့္စီမံကိန္းမွ လုပ္ေဆာင္ျခင္းမ႐ွိေပ။

ထိုစီမံကိန္းအတြက္ ေက်ာက္ဖ်ာေက်း႐ြာအုပ္စုတြင္ လယ္ယာေျမႏွင့္ ဥယ်ာဥ္ျခံေျမဧက စုစုေပါင္း ၅၅၀၀ ကို ၂၀၀၄ ခုႏွစ္က သိမ္းဆည္းခဲ့ေၾကာင္း ေဒသခံအခ်ိဳ႕ထံမွ သိရသည္။

ေက်ာက္ဖ်ာေက်း႐ြာအုပ္စုအတြင္း ကြင္း ၉ ကြင္း႐ွိၿပီး လယ္ယာ၊ ဓနိေတာ ႏွင့္ဥယ်ာဥ္ျခံေျမ အသိမ္းဆည္းခံရသည့္ ေတာင္သူစုစုေပါင္း ၈၁၃ ဦး႐ွိေၾကာင္း ၿမိတ္ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

သိမ္းဆည္းထားသည့္ ေျမျပန္လည္ ရ႐ွိေရးအတြက္ ေဒသခံ ၃၀၀ ခန္႔က ၂၀၁၆ ခုႏွစ္တြင္ ဆႏၵျပေတာင္းဆိုခဲ့ဖူးသည္။၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္ က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ တနသၤာရီတိုင္းေဒသႀကီးလႊတ္ေတာ္ သတၱမပုံမွန္အစည္းအေဝး တတိယေန႔ တြင္ တနသၤာရီၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေက်ာက္ဖ်ာၿမိဳ႕သစ္စီမံကိန္းအတြက္ သိမ္းယူထားသည့္ေျမမ်ားအား ျပန္လည္ စြန္႔လႊတ္ရန္ အစီအစဥ္ ႐ွိ/မ႐ွိ ေမးျမန္း ခဲ့ရာ ျပန္လည္စြန္႔လႊတ္ရန္ အစီအစဥ္မ႐ွိေၾကာင္း ဝန္ႀကီးဦးၿဖိဳးဝင္းထြန္းက ျပန္လည္ ေျဖဆိုခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service