ဂမုန်းပွင့် ကုမ္ပဏီလီမိတက်မှ နေပြည်တော်တွင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကလေးကစားကွင်းနှင့် Shopping Mall တစ်ခု ဖွင့်လှစ် ဆောင်ရွက်ခွင့် တောင်းခံထား - Property News in Myanmar from iMyanmarHouse.com
1507 Views

ဂမုန်းပွင့် ကုမ္ပဏီလီမိတက်မှ နေပြည်တော်တွင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကလေးကစားကွင်းနှင့် Shopping Mall တစ်ခု ဖွင့်လှစ် ဆောင်ရွက်ခွင့် တောင်းခံထား

[Unicode]

ဂမုန်းပွင့် ကုမ္ပဏီလီမိတက်မှ နေပြည်တော်တွင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကလေးကစားကွင်းနှင့် Shopping Mall တစ်ခု ဖွင့်လှစ် ဆောင်ရွက်ခွင့် တောင်းခံထားကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးထံသို့ ဇူလိုင် ၂၅ ရက်က ဂမုန်းပွင့် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံပြီး ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကလေးကစားကွင်းနှင့် Shopping Mall တစ်ခုဖွင့်လှစ်ဆောင်ရွက်ခွင့် တောင်းခံခဲ့ရာတွင် ဒုတိယမြို့တော်ဝန်က နေပြည်တော်အား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပညာရပ်ဝန်းမြို့တော်ဖြစ်လာစေရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဂမုန်းပွင့်ကုမ္ပဏီလီမိတက်ကဲ့သို့သော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုလျက်ရှိကြောင်း၊ ဂမုန်းပွင့် ကုမ္ပဏီလီမိတက်အနေဖြင့်လုပ်ငန်း ဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီအနေဖြင့်လည်း တင်ပြလာသည့် တည်ဆောက်ရေးလုပ်ငန်းများအား အမြန်ဆုံး စိစစ်ခွင့်ပြုပေးသွားမည်ဟု ပြောကြားကြောင်းသိရသည်။

ဂမုန်းပွင့် ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းဦးက တည်ဆောက်ရေးလုပ်ငန်းအတွက်လိုအပ်သည့် မြေ(၅)ဧကခန့်ရရှိလျှင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကလေးကစားကွင်းနှင့် Shopping Mall တို့ပါဝင်သည့် နှစ်ထပ်အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများအား (၂)နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြသည်။

ဆောက်လုပ်ခွင့်ကို အမြန်ဆုံးရရှိစေရန်နှင့် ရေရရှိရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့ကြောင်းသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂမုန္းပြင့္ ကုမၸဏီလီမိတက္မွ ေနျပည္ေတာ္တြင္ ႐ုပ္ရွင္႐ုံ၊ စားေသာက္ဆိုင္၊ ကေလးကစားကြင္းႏွင့္ Shopping Mall တစ္ခု ဖြင့္လွစ္ ေဆာင္ရြက္ခြင့္ ေတာင္းခံထား

ဂမုန္းပြင့္ ကုမၸဏီလီမိတက္မွ ေနျပည္ေတာ္တြင္ ႐ုပ္ရွင္႐ုံ၊ စားေသာက္ဆိုင္၊ ကေလးကစားကြင္းႏွင့္ Shopping Mall တစ္ခု ဖြင့္လွစ္ ေဆာင္ရြက္ခြင့္ ေတာင္းခံထားေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွသိရသည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးထံသို႔ ဇူလိုင္ ၂၅ ရက္က ဂမုန္းပြင့္ ကုမၸဏီလီမိတက္မွ တာဝန္ရွိသူမ်ားက လာေရာက္ေတြ႔ဆုံၿပီး ႐ုပ္ရွင္႐ုံ၊ စားေသာက္ဆိုင္၊ ကေလးကစားကြင္းႏွင့္ Shopping Mall တစ္ခုဖြင့္လွစ္ေဆာင္ရြက္ခြင့္ ေတာင္းခံခဲ့ရာတြင္ ဒုတိယၿမိဳ့ေတာ္ဝန္က ေနျပည္ေတာ္အား ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ပညာရပ္ဝန္းၿမိဳ႕ေတာ္ျဖစ္လာေစရန္အတြက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ လမ္းညႊန္ခ်က္မ်ားႏွင့္အညီ စီမံကိန္းမ်ားခ်မွတ္၍ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိရာ ဂမုန္းပြင့္ကုမၸဏီလီမိတက္ကဲ့သို႔ေသာ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ႀကိဳဆိုလ်က္ရွိေၾကာင္း၊ ဂမုန္းပြင့္ ကုမၸဏီလီမိတက္အေနျဖင့္လုပ္ငန္း ေဆာင္ရြက္ရာတြင္ ျမန္ျမန္ဆန္ဆန္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေစလိုေၾကာင္း၊ ေနျပည္ေတာ္စည္ပင္ သာယာေရးေကာ္မတီအေနျဖင့္လည္း တင္ျပလာသည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား အျမန္ဆုံး စိစစ္ခြင့္ျပဳေပးသြားမည္ဟု ေျပာၾကားေၾကာင္းသိရသည္။

ဂမုန္းပြင့္ ကုမၸဏီမွ အုပ္ခ်ဳပ္မႈဒါရိုက္တာ ဦးေနလင္းဦးက တည္ေဆာက္ေရးလုပ္ငန္းအတြက္လိုအပ္သည့္ ေျမ(၅)ဧကခန္႔ရရွိလွ်င္ ႐ုပ္ရွင္႐ုံ၊ စားေသာက္ဆိုင္၊ ကေလးကစားကြင္းႏွင့္ Shopping Mall တို႔ပါဝင္သည့္ ႏွစ္ထပ္အေဆာက္အအုံႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအား (၂)ႏွစ္အတြင္း အၿပီးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းတင္ျပသည္။

ေဆာက္လုပ္ခြင့္ကို အျမန္ဆုံးရရွိေစရန္ႏွင့္ ေရရရွိေရးအတြက္လည္း ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း အျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service