အခက်အခဲများ ကြုံနေရသည့် ဆောက်လုပ်ရေးကဏ္ဍကို ကုစားရန် အငှားအိမ်ရာစီမံကိန်းများဖော်ဆောင်ရန် အစိုးရ စီစဉ် - Property News in Myanmar from iMyanmarHouse.com
752 Views

အခက်အခဲများ ကြုံနေရသည့် ဆောက်လုပ်ရေးကဏ္ဍကို ကုစားရန် အငှားအိမ်ရာစီမံကိန်းများဖော်ဆောင်ရန် အစိုးရ စီစဉ်

[Unicode]

COVID-19 ကပ်ရောဂါကြောင့် အခက်အခဲများ ကြုံနေရသည့် ဆောက်လုပ်ရေးကဏ္ဍကို အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ပြီး အထောက်အပံ့ပေးနိုင်ရန် အစိုးရက စီစဉ်နေသည်။

အငှားအိမ်ယာစီမံကိန်းများကို ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တွင် တည်ဆောက်ပေးရန်နှင့် တစ်နှစ်လျှင် ကျပ် ၂၅၀ ဘီလီယံ အသုံးပြုပါက အငှားတိုက်ခန်း ၁၀၀၀၀ တည်ဆောက်နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကနိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ထံတင်ပြခဲ့ သည်။

ဒုတိယဝန်ကြီးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံတင်ပြရာတွင် အချက် သုံးချက်ပါဝင်ပြီး ၎င်းတို့ထဲတွင် အိမ်ယာဝယ်လိုအား တက်လာစေရန် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချသည့် အရစ်ကျချေးငွေစံနှုန်းများ ဖော်ဆောင်ပေးရန်၊ နိုင်ငံတော် အစီအစဉ် ဖြင့် ပြည်သူအငှားအိမ်ယာစီမံကိန်းများ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့တွင်ဖော်ဆောင်ရန်နှင့် တစ်နှစ်လျှင် ဘတ်ဂျတ် ကျပ် ၂၅၀ ဘီလီယံ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅၀ နှင့် အခန်း ၂ ခန်းပါ အငှားတိုက်ခန်း ၁၀၀၀၀ ကိုဖော်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

တစ်နှစ်လျှင် နိုင်ငံတော် ဘတ်ဂျက် ကျပ်ဘီလီယံ ၂၅ဝ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅ဝ၊ အိပ်ခန်း နှစ်ခန်းပါ အငှား တိုက်ခန်း ၁ဝ,ဝဝဝ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။

အငှားအိမ်ရာဖော်ဆောင် ရေးစီမံကိန်းအကောင်အထည် ဖော်နိုင်မည်ဆိုပါက ‘‘ကန်ထရိုက်တာတွေ၊ အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေတာပေါ့’’ ဟု ဦးမျိုးမြင့်က ပြောသည်။

အငှားအိမ်ရာစနစ်ကို ရန်ကုန်တွင် အခန်းပေါင်း ၆,၃၀၀၊ နေပြည်တော်တွင် ၇၀၀ နှင့် မန္တလေးတွင် အခန်းပေါင်း ၃,၀၀၀ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

အဆိုပါ စီမံကိန်းအတွက် လက်ရှိအချိန်တွင် လုပ်အားကန်ထရိုက်တာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က စတင်စုဆာင်းနေသည်။ စီမံကိန်းစတင်မည်ဆိုပါက ပန်းရန်၊ လက်သမား၊ သံချည်သံကွေး စသော ဆောက်လုပ်ရေး အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာမည်ဟု ဦးမျိုးမြင့်က ဆိုသည်။

အငှားအိမ်ရာစီမံကိန်းက ကျဆင်းနေသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို ပြန်လည်ဆွဲတင်နိုင်မည်ဟု မျှော်လင့်သကဲ့သို့ နေထိုင်မှု အခက်အခဲရှိနေသော ပြည်သူများအတွက်လည်း နေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ် ကြောင်း ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းရှင်အချို့က ပြောသည်။

COVID-19 ကပ်ရောဂါ ကြောင့် ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရပြီး လုပ်ငန်းရပ်ဆိုင်ရမှုအချို့လည်းရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

အစိုးရ၏ အခွန်သက်သာခွင့် အခွင့်အရေးကြောင့် ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများ အရှိန်ပြန်ကောင်းမည်ဟု မျှော်လင့်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် လုပ်ငန်းများတွင် အကျပ်အတည်းများ ကြုံနေရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခက္အခဲမ်ား ႀကဳံေနရသည့္ ေဆာက္လုပ္ေရးက႑ကို ကုစားရန္ အငွားအိမ္ရာစီမံကိန္းမ်ားေဖာ္ေဆာင္ရန္ အစိုးရ စီစဥ္

COVID-19 ကပ္ေရာဂါေၾကာင့္ အခက္အခဲမ်ား ႀကဳံေနရသည့္ ေဆာက္လုပ္ေရးက႑ကို အငွားအိမ္ရာစီမံကိန္း အေကာင္အထည္ေဖာ္ၿပီး အေထာက္အပံ့ေပးႏိုင္ရန္ အစိုးရက စီစဥ္ေနသည္။

အငွားအိမ္ယာစီမံကိန္းမ်ားကို ရန္ကုန္၊မႏၲေလးႏွင့္ေနျပည္ေတာ္တြင္ တည္ေဆာက္ေပးရန္ႏွင့္ တစ္ႏွစ္လွ်င္ က်ပ္ ၂၅၀ ဘီလီယံ အသုံးျပဳပါက အငွားတိုက္ခန္း ၁၀၀၀၀ တည္ေဆာက္ႏိုင္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ထံတင္ျပခဲ့ သည္။

ဒုတိယဝန္ႀကီးက အတိုင္ပင္ခံပုဂၢိဳလ္ထံတင္ျပရာတြင္ အခ်က္ သုံးခ်က္ပါဝင္ၿပီး ၎တို႔ထဲတြင္ အိမ္ယာဝယ္လိုအား တက္လာေစရန္ ဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ေရာင္းခ်သည့္ အရစ္က်ေခ်းေငြစံႏႈန္းမ်ား ေဖာ္ေဆာင္ေပးရန္၊ ႏိုင္ငံေတာ္ အစီအစဥ္ ျဖင့္ ျပည္သူအငွားအိမ္ယာစီမံကိန္းမ်ား ရန္ကုန္၊ေနျပည္ေတာ္ႏွင့္ မႏၲေလးတို႔တြင္ေဖာ္ေဆာင္ရန္ႏွင့္ တစ္ႏွစ္လွ်င္ ဘတ္ဂ်တ္ က်ပ္ ၂၅၀ ဘီလီယံ ခြင့္ျပဳေပးႏိုင္ပါက စတုရန္းေပ ၆၅၀ ႏွင့္ အခန္း ၂ ခန္းပါ အငွားတိုက္ခန္း ၁၀၀၀၀ ကိုေဖာ္ေဆာင္ေပးႏိုင္မည္ဟု ဆိုသည္။

တစ္ႏွစ္လွ်င္ ႏိုင္ငံေတာ္ ဘတ္ဂ်က္ က်ပ္ဘီလီယံ ၂၅ဝ ခြင့္ျပဳေပးႏိုင္ပါက စတုရန္းေပ ၆၅ဝ၊ အိပ္ခန္း ႏွစ္ခန္းပါ အငွား တိုက္ခန္း ၁ဝ,ဝဝဝ တည္ေဆာက္ေပးႏိုင္မည္ျဖစ္ပါေၾကာင္း ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးမ်ိဳးျမင့္က ေျပာသည္။

အငွားအိမ္ရာေဖာ္ေဆာင္ ေရးစီမံကိန္းအေကာင္အထည္ ေဖာ္ႏိုင္မည္ဆိုပါက ‘‘ကန္ထ႐ိုက္တာေတြ၊ အလုပ္သမားေတြရဲ႕ အလုပ္အကိုင္အခြင့္အလမ္းေတြ အဆင္ေျပတာေပါ့’’ ဟု ဦးမ်ိဳးျမင့္က ေျပာသည္။

အငွားအိမ္ရာစနစ္ကို ရန္ကုန္တြင္ အခန္းေပါင္း ၆,၃၀၀၊ ေနျပည္ေတာ္တြင္ ၇၀၀ ႏွင့္ မႏၲေလးတြင္ အခန္းေပါင္း ၃,၀၀၀ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ဦးမ်ိဳးျမင့္က ဆိုသည္။

အဆိုပါ စီမံကိန္းအတြက္ လက္ရွိအခ်ိန္တြင္ လုပ္အားကန္ထ႐ိုက္တာမ်ားကို ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္က စတင္စုဆာင္းေနသည္။ စီမံကိန္းစတင္မည္ဆိုပါက ပန္းရန္၊ လက္သမား၊ သံခ်ည္သံေကြး စေသာ ေဆာက္လုပ္ေရး အလုပ္သမားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေပၚထြက္လာမည္ဟု ဦးမ်ိဳးျမင့္က ဆိုသည္။

အငွားအိမ္ရာစီမံကိန္းက က်ဆင္းေနေသာ ေဆာက္လုပ္ေရးလုပ္ငန္းက႑ကို ျပန္လည္ဆြဲတင္ႏိုင္မည္ဟု ေမွ်ာ္လင့္သကဲ့သို႔ ေနထိုင္မႈ အခက္အခဲရွိေနေသာ ျပည္သူမ်ားအတြက္လည္း ေနထိုင္ေရး အဆင္ေျပေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ ေၾကာင္း ျပည္တြင္းေဆာက္လုပ္ ေရးလုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

COVID-19 ကပ္ေရာဂါ ေၾကာင့္ ျပည္တြင္းတည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ ထိခိုက္နစ္နာမႈမ်ားျဖစ္ခဲ့ရၿပီး လုပ္ငန္းရပ္ဆိုင္ရမႈအခ်ိဳ႕လည္းရွိခဲ့ေၾကာင္း ၎တို႔က ေျပာသည္။

အစိုးရ၏ အခြန္သက္သာခြင့္ အခြင့္အေရးေၾကာင့္ ျပည္တြင္းတည္ေဆာက္ေရးလုပ္ငန္းမ်ား အရွိန္ျပန္ေကာင္းမည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း ကမ႓ာ့ကပ္ေရာဂါေၾကာင့္ လုပ္ငန္းမ်ားတြင္ အက်ပ္အတည္းမ်ား ႀကဳံေနရသည္ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္အခ်ိဳ႕က ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service