နေပြည်တော် Commerical Zone တွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်းမရှိသေးသော ကုမ္ပဏီများအား ဒုတိယမြို့တော်ဝန်မှ ခေါ်ယူတွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
531 Views

နေပြည်တော် Commerical Zone တွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်းမရှိသေးသော ကုမ္ပဏီများအား ဒုတိယမြို့တော်ဝန်မှ ခေါ်ယူတွေ့ဆုံ

[Unicode]

နေပြည်တော် Commerical Zone တွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်းမရှိသေးသော ကုမ္ပဏီများအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ဇူလိုင်လ (၂၅) ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ဒုတိယမြို့တော်ဝန်ဦးရဲမင်းမှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒုတိယမြို့တော်ဝန်က ကုမ္ပဏီများအနေဖြင့် Commerical Zone တွင် လုပ်ငန်းများဆောင်ရွက်ရန် မြေကွက်များစတင် နေရာချထားစဉ်က စည်းကမ်းချက်များ သတ်မှတ်ပေးထားကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်များအား အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စည်းကမ်းချက်များအရ ၅ နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု မရှိသော မြေနေရာများအား ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းယူမည်အား သိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခက်အခဲများအား တင်ပြစေလိုကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပြုတင်ပြထားသော လုပ်ငန်းများ ပြောင်းလဲဆောင်ရွက်လိုပါက ကော်မတီသို့ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ကုမ္ပဏီများမှလည်း အဆိုပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားတင်ပြရာ ဒုတိယ မြို့တော်ဝန်ကလုပ်ငန်းများ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဆောင်ရွက်ပါက နေပြည်တော်သည် ယခုထက်ပိုမိုစည်ကား လာမည် ဖြစ်ကြောင်း၊ ထိုအတွက် ကဏ္ဍအသီးသီးတွင် စီမံကိန်းများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မဆောင်ရွက်နိုင်ပါက စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီများမှဆက်လက် ဆောင် ရွက်မည့်ပုံစံများကို အချိန်ဇယားနှင့် ရေးဆွဲတင်ပြပေးရန်တို့ကိုမှာကြားခဲ့သည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္ Commerical Zone တြင္ ေျမကြက္ဝယ္ယူထားၿပီး လုပ္ငန္းေဆာင္ရြက္ၿပီးစီးျခင္းမရွိေသးေသာ ကုမၸဏီမ်ားအား ဒုတိယၿမိဳ႕ေတာ္ဝန္မွ ေခၚယူေတြ႔ဆုံ

ေနျပည္ေတာ္ Commerical Zone တြင္ ေျမကြက္ဝယ္ယူထားၿပီး လုပ္ငန္းေဆာင္ရြက္ၿပီးစီးျခင္းမရွိေသးေသာ ကုမၸဏီမ်ားအား သတ္မွတ္ စည္းကမ္းခ်က္မ်ားႏွင့္အညီ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးကိစၥႏွင့္ စပ္လ်ဥ္း၍ တာဝန္ရွိသူမ်ားအား ဇူလိုင္လ (၂၅) ရက္က ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ အစည္းအေဝးခန္းမ၌ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးရဲမင္းမွ ေခၚယူေတြ႔ဆုံခဲ့ေၾကာင္း သိရသည္။

ဒုတိယၿမိဳ႕ေတာ္ဝန္က ကုမၸဏီမ်ားအေနျဖင့္ Commerical Zone တြင္ လုပ္ငန္းမ်ားေဆာင္ရြက္ရန္ ေျမကြက္မ်ားစတင္ ေနရာခ်ထားစဥ္က စည္းကမ္းခ်က္မ်ား သတ္မွတ္ေပးထားေၾကာင္း၊ ကုမၸဏီမ်ားအေနျဖင့္ လုပ္ငန္မ်ားအား အခ်ိန္မီ ၿပီးစီးေအာင္ ေဆာင္ရြက္ရန္လိုအပ္ေၾကာင္း၊ စည္းကမ္းခ်က္မ်ားအရ ၅ ႏွစ္အတြင္း လုပ္ငန္းေဆာင္ရြက္မႈ မရွိေသာ ေျမေနရာမ်ားအား ေကာ္မတီပိုင္အျဖစ္ ျပန္လည္သိမ္းယူမည္အား သိရွိလိုက္နာရမည္ျဖစ္ေၾကာင္း၊ ကုမၸဏီမ်ားအေနျဖင့္ လက္ရွိျဖစ္ေပၚေနေသာအခက္အခဲမ်ားအား တင္ျပေစလိုေၾကာင္း၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ လိုအပ္သည္မ်ား ညႇိႏွိုင္းေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ အဆိုျပဳတင္ျပထားေသာ လုပ္ငန္းမ်ား ေျပာင္းလဲေဆာင္ရြက္လိုပါက ေကာ္မတီသို႔ျပန္လည္တင္ျပၿပီး ခြင့္ျပဳခ်က္ရယူၿပီးမွသာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကုမၸဏီမ်ားမွလည္း အဆိုျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ျခင္း မရွိေသးသည့္ အေျခအေနမ်ား၊ ဆက္လက္ေဆာင္ရြက္မည့္ လုပ္ငန္းအေျခအေနမ်ား၊ ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနမ်ားအားတင္ျပရာ ဒုတိယ ၿမိဳ့ေတာ္ဝန္ကလုပ္ငန္းမ်ား ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေဖာ္ေဆာင္ရြက္ပါက ေနျပည္ေတာ္သည္ ယခုထက္ပိုမိုစည္ကား လာမည္ ျဖစ္ေၾကာင္း၊ ထိုအတြက္ က႑အသီးသီးတြင္ စီမံကိန္းမ်ားခ်မွတ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္မေဆာင္ရြက္နိုင္ပါက စည္းမ်ဥ္းစည္းကမ္းအတိုင္း ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ကုမၸဏီမ်ားမွဆက္လက္ ေဆာင္ ရြက္မည့္ပုံစံမ်ားကို အခ်ိန္ဇယားႏွင့္ ေရးဆြဲတင္ျပေပးရန္တို႔ကိုမွာၾကားခဲ့သည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service